အသက်ကြီးလာတာနဲ့အမျှ ပိုပြီးရင့်ကျက်လာလိမ့်မယ်လို့ လူအများစုပြောတာ ကြားဖူးကြမှာပါ။ အသက်အရွယ်တစ်ခုတည်းနဲ့ပြောမယ်ဆိုရင်တော့ ဒီအချက်ဟာ ရာနှုန်းပြည့်မှန်တယ်လို့ ပြောလို့မရနိုင်ပါဘူး။ တကယ်တော့ ရင့်ကျက်မှုဆိုတာ အသက်အရွယ်အပြင် ဖြတ်သန်းခဲ့ရတဲ့ဘဝအတွေ့အကြုံတွေ ၊ လောကဓံရဲ့ ရိုက်ခတ်မှုတွေအပေါ်လည်း အများကြီးမူတည်နေပါတယ်။ သင်ဟာ တကယ်ပဲရင့်ကျက်သူတစ်ယောက် ဟုတ်မဟုတ်ဆိုတာကို ဒီအချက်လေးတွေကနေ သိနိုင်ပါတယ်။

(၁) တာဝန်ယူမှု/တာဝန်ခံမှုရှိခြင်း

The guy dressed in casual office style clothes is sitting in an office chair at desk in the modern office

Source : Envato Elements

လူတိုင်းလူတိုင်း ဘဝမှာဆုံးဖြတ်ချက်တွေများစွာကို လုပ်ဆောင်ကြရပါတယ်။ ရင့်ကျက်သူဟုတ်မဟုတ် ကွဲပြားသွားစေတာကတော့ ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေ ၊ လုပ်ဆောင်ချက်အပေါ် တာဝန်ယူမှု တာဝန်ခံမှုရှိခြင်း မရှိခြင်းပါပဲ။ ရင့်ကျက်သူတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေက မှားယွင်းခဲ့သည်ရှိသော် တာဝန်ယူမှု/တာဝန်ခံမှုအပြည့် ရှိကြပါတယ်။

(၂) ကိုယ့်ကိုယ်ကိုတန်ဖိုးထားခြင်း

Man Enjoying Wind Through Window Of The Car

Source : iStock

ကိုယ့်ကိုယ်ကိုချစ်တက် တန်ဖိုးထားတက်ခြင်းဟာလည်း ရင့်ကျက်တဲ့လက္ခဏာရပ်တစ်ခုဖြစ်ပါတယ်။ တကယ်ရင့်ကျက်လာသူတွေနားလည်ထားတာက လူတိုင်းပြီးပြည့်စုံမှု မရှိဘူးဆိုတာပါပဲ။ ကိုယ့်မရနိုင်တဲ့အရာတွေ စိတ်ရဲ့လိုအင်ဆန္ဒတွေနောက်လိုက်ပြီး ကိုယ့်ကိုယ်ကိုမကျေမနပ်ဖြစ်မနေပဲ ကိုယ်တကယ်ပိုင်ဆိုင်တဲ့အရာတွေ ကိုယ်ရဲ့ဖြစ်တည်မှုကို တန်ဖိုးထား ချစ်မြတ်နိုးကြတာဖြစ်ပါတယ်။

(၃) မျှဝေလိုစိတ်ရှိခြင်း

Men looking at smart phone and laughing together

Source : SBS

လူတစ်ယောက်ဟာ ရင့်ကျက်လာတာနဲ့အမျှ တစ်ကိုယ်ကောင်းဆန်တဲ့စိတ်တွေလျော့နည်းလာတယ်လို့ ပြောရင်မမှားနိုင်ပါဘူး။ ကိုယ်တစ်ဦးတစ်ယောက်တည်းအဆင်ပြေဖို့ထက် ကိုယ့်ပတ်ဝန်းကျင်က လူတွေအတွက်ပါ ထည့်တွက်စဉ်းစားပေးလာတာမျိုးပါ။ တကယ်တော့ ရင့်ကျက်မှုဆိုတာ ကိုယ်ချင်းစာစိတ်နဲ့ ချစ်ခြင်း‌မေတ္တာကိုအခြေခံတဲ့ မျှဝေခံစားပေးနိုင်ခြင်းလို့လည်း ပြောလို့ရပါတယ်။

(၄) လေးစားမှုရှိခြင်း

smilling man and woman shaking hands

Source : Pinterest

လူအချင်းချင်း လေးစားမှုရှိစွာဆက်ဆံတက်ခြင်းကလည်း ရင့်ကျက်လာတဲ့သူတွေမှာတွေ့ရတက်တဲ့ အပြုအမူကောင်းတစ်ရပ်ဖြစ်ပါတယ်။ ရင့်ကျက်သူတစ်ယောက်အတွက် ဆင်းရဲခြင်း ချမ်းသာခြင်း ၊ ရာထူးကြီးခြင်း ရာထူးနိမ့်ခြင်း ၊ အမျိုးသား အမျိုးသမီးစတာတွေက အဓိကမကျပါဘူး။ လူလူချင်းလေးစားရမယ်ဆိုတဲ့ လူသားဆန်တဲ့စိတ်သဘောထားကိုသာ ဦးစားပေးအလေးထားကြတာဖြစ်ပါတယ်။