သာယာပျော်ရွှင်ပြီး အများက အားကျရတဲ့ စုံတွဲဖြစ်ဖို့အတွက် ဘယ်လိုဝိသေသ လက္ခဏာတွေ ပိုင်ဆိုင်ရမယ်လို့ ထင်ပါသလဲ။

တစ်ယောက်ကို တစ်ယေက် ယုံကြည်နားလည်မှုရှိခြင်း၊ ရိုးသားခြင်းတို့သည် သာယာပျော်ရွှင်ပြီး အားကျဖွယ်ကောင်းတဲ့ အချစ်ခရီးလမ်းရဲ့ဝိသေသလက္ခဏာများပဲဖြစ်ပါတယ်။

သင့်ဆီမှာ အခုဖော်ပြမယ့် လက္ခဏာများ ရှိတယ်ဆိုရင်တော့ သင်တို့ရဲ့အချစ်ခရီးလမ်းသည် အရာရာပြီးပြည့်စုံသော အချစ်ခရီးလမ်းတစ်ခုပဲဖြစ်ပါတယ်။

တစ်ယောက်နှင့် တစ်ယောက် လေးစားမှုရှိခြင်း

tips for men who want to have a healthy relationship

ဘယ်လောက်ပဲ ချစ်သူရည်းစားတွေဖြစ်နေပါစေ သူ့စည်း ကိုယ့်စည်းဆိုတာ ရှိပါတယ်။ ကိုယ့်ချစ်သူရဲ့ကိုယ်ပိုင်ဘဝကို ဝင်ရောက်စွက်ဖက်မှုမရှိဘဲ တစ်ယောက်ကို တစ်ယောက်လေးစားခြင်းသည် ကောင်းသောလက္ခဏာတစ်ခုဖြစ်ပါတယ်။

ယုံကြည်မှုရှိခြင်း

tips for men who want to have a healthy relationship

အချို့ကလည်း သဝန်တိုပြမှ အချစ်လို့ လက်ခံထားကြပါတယ်။ သဝန်မတိုခြင်းသည် တကယ်တော့ မချစ်တာမဟုတ်ဘဲ ကိုယ့်ချစ်သူကို ယုံကြည်မှု အပြည့်အဝရှိခြင်းကို ဖော်ပြနေတာပါ။ ကိုယ့်ချစ်သူအပေါ် ယုံကြည်မှုပေးထားခြင်းအားဖြင့် မလိုလားအပ်သောပြဿနာများကို ရှောင်ရှားနိုင်ပါတယ်။

ဒေါသကို ထိန်းချုပ်နိုင်ခြင်း

tips for men who want to have a healthy relationship

လူတိုင်းက စိတ်ဆိုးဒေါသထွက်တတ်ကြပါတယ်။ ဒါပေမဲ့ ထိုဒေါသကို ထုတ်ဖော်ပြသပုံပေါ်မူတည်ပြီး သင့်တို့ရဲ့သမီးရည်းစားဆက်ဆံရေးသည်လည်း ပြောင်းလဲသွားနိုင်ပါတယ်။ စိတ်ဆိုးဒေါသထွက်လာပါက အော်ဟစ် အော်ငေါက်ခြင်းမျိုး မပြုလုပ်ပါနဲ့။ အသက်ပြင်းပြင်းရှူပါ။ တစ်ကနေ တစ်ဆယ်အထိ ရေပြီး ဒေါသကို ဖြေလျော့ပါ။

ပြဿနာများကို အတူတူရင်ဆိုင်ဖြေရှင်းခြင်း

tips for men who want to have a healthy relationship

ပြဿနာများ ကြုံတွေ့ရပါက အတူတူရင်ဆိုင်ဖြေရှင်းခြင်းသည် သင်တို့ရဲ့ဆက်ဆံရေးကို ပိုမိုကောင်းမွန်လာစေပြီး လက်တွဲများ ခိုင်မြဲနေအောင် ကူညီပေးပါတယ်။

တစ်ယောက်ကို တစ်ယောက် စံနမူနာယူခြင်း

tips for men who want to have a healthy relationship

တစ်ယောက်ကို တစ်ယောက်လေးစားတဲ့အခါ တစ်ယောက်ရဲ့ကောင်းတဲ့အချက်များကို စံနမူနာယူကာ လက်တွဲဖော်အဖြစ်သာမက အရင်းနှီးဆုံး သူငယ်ချင်းအပေါင်းအသင်းကဲ့သို့ပါ တစ်ယောက်ကိုတစ်ယောက် ရင်ဖွင့်နိုင်ပါတယ်။

ထိုလက္ခဏာများကို မြင်တွေ့ရမယ်ဆိုရင်တော့ သင်တို့ရဲ့လက်တွဲသည် ထာဝစဉ်ခိုင်မြဲနေမှာပါ။

ဒါပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် မရိုးမသားရှိခြင်း၊ အခြားတစ်ယောက်အပေါ် မှီခိုလွန်းခြင်း၊ တစ်ယောက်ကိုတစ်ယောက် ထိန်းချုပ်လွန်းခြင်း၊ ရန်ဖြစ်စကားများပါက လက်ပါခြင်းတို့သည် သင်တို့ရဲ့သမီးရည်းစားဆက်ဆံရေးကို တမဟုတ်ချင်း ပြိုလဲသွားစေနိုင်ပါတယ်။

Source: Youth.gov

Featured Image Source: Pexels.com