မစားသုံးသင့်တဲ့ အစားစာတစ်ခု စားမိရင်ခန္ဓာကိုယ်အတွက် ဘေးဥပါဒ်ဖြစ်သလို မချစ်သင့်တဲ့လူတစ်ယောက်ကို ချစ်မိရင်လည်း နှလုံးသားအတွက် အဆိပ်သင့်စေပါတယ်။ဒီနေ့မှာတော့ ကွီးတို့ နှလုံးသားလေးတွေ အဆိပ်မသင့်စေဖို့ ရေရှည်လက်တွဲဖို့ မသင့်တော်တဲ့ အမျိုးသမီးတွေရဲ့ စရိုက်လက္ခဏာလေးတွေကို ပြောပြပေးချင်ပါတယ်။

အခုခေတ်မှာ မိန်းကလေးတွေ သောက်တတ်စားတတ်တဲ့အပေါ် အပြစ်ဆိုလို့မရတော့ပေမယ့် အကြောင်းအမျိုးမျိုးပြပြီး ညတိုင်း Club တွေ တက်နေမယ်၊ Night Out တွေ ထွက်နေမယ် ဆိုရင်တော့ ရေရှည်မှာ အဆင်ပြေမှာမဟုတ်ပါဘူး။ Party တွေတက် Night Out ထွက်တဲ့မိန်းကလေးတိုင်းက အပျော်ပါးမက်တဲ့သူလို့ သတ်မှတ်လို့မရပေမယ့် တစ်ခါတစ်လေ စိတ်အပန်းဖြေမှုတစ်ခုထက် ကျော်လွန်ပြီး အမြဲတမ်းလိုလို အပျော်အပါးမက်နေရင်တော့ အပျော်ကနေအပျက်တွေ ဖြစ်လာနိုင်ပါတယ်။

Young couple arguing. relationship disagreement

Source : Freepik

သဝန်တိုတယ်ဆိုတာ မိန်းကလေးတွေသဘာဝမို့ နားလည်ပေးလို့ရပေမယ့် အရာရာတိုင်းကို သံသယကြီးပြီး စွပ်စွဲမှုတွေများနေမယ်ဆိုရင်တော့ အချိန်တိုင်းစိတ်ဆင်းရဲသောကဖြစ်လာရုံမှအပ ကျန်တာမရှိနိုင်ပါဘူး။ လူနှစ်ယောက်လက်တွဲတယ်ဆိုတာ အချစ်တစ်ခုနဲ့ မပြီးပါဘူး နားလည်မှု ၊ ယုံကြည်မှု စတာတွေကိုပါ တည်ဆောက်နိုင်မှသာ ရေရှည်မှာ စိတ်ချမ်းမြေ့ပျော်ရွှင်ရတဲ့အချစ်ရေးတစ်ခု ဖြစ်လာမှာဖြစ်ပါတယ်။

အချစ်ရေးတစ်ခုတည်ဆောက်ကြတဲ့အခါ အသက်ကြီးတာငယ်တာ ထည့်တွက်စရာမလိုဘဲ လူလူချင်းလေးစားမှုရှိသင့်ပါတယ်။ အပြန်အလှန်လေးစားမှုမရှိတဲ့ အချစ်ရေးတစ်ခုက ရေရှည်တည်မြဲဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ ကိုယ့်ဘက်က လေးစားမှုထားသော်လည်း ကိုယ့်အပေါ်လေးစားမှုမရှိ ဆက်ဆံတတ်တဲ့ မိန်းကလေးဆိုရင်တော့ အမြန်ဆုံးလမ်းခွဲပြတ်စဲလိုက်တာ ကောင်းပါတယ်။

ကိုယ့်အနေနဲ့ဘယ်လောက်ပဲ စေတနာထားပြီး လုပ်ပေးနေပါလျက်နဲ့ ထိုက်သင့်တဲ့ အသိအမှတ်ပြုခြင်းမျိုး မရရှိတဲ့အခါ ကိုယ့်ရဲ့စေတနာတွေကလည်း တန်ဖိုးမဲ့သလို ခံစားလာတတ်ပါတယ်။ ဘာလေးပဲလုပ်ပေးလုပ်ပေး အကောင်းမမြင်ဘဲ ကျေနပ်နိုင်စွမ်းမရှိတဲ့ မိန်းကလေးတွေအတွက်တော့ ကိုယ်လုပ်ပေးတဲ့အရာတွေက သဲထဲရေသွန်သလို ဘာမှထူးခြားလာမှာမဟုတ်ပါဘူး။ ဒါကြောင့်အသိအမှတ်မပြုတတ်တဲ့ မိန်းကလေးမျိုး သင့်အနေနဲ့ပိုင်ဆိုင်ထားရပြီးဆိုရင်တော့ ပြန်လည်သုံးသပ်ဖို့လိုပါပြီ။

Man tries reconcile with woman

Source : Freepik

မလိုအပ်တဲ့အချိန်မှာ ချောင်ထိုးထာပြီး လိုအပ်မှ ထုတ်သုံးရအောင် အမျိုးသားတွေဘဝက ထီးတစ်ချောင်းမဟုတ်ပါဘူး။ သူမအဆင်ပြေနေချိန်မှာ ကိုယ်ဘာတွေပဲဖြစ်နေဖြစ်နေ ဂရုမစိုက်ဘဲ နေလာခဲ့ပေမယ့် သူမအဆင်မပြေတဲ့အချိန်၊ အခက်ခဲတွေကြုံလာတဲ့အချိန်မှ ကိုယ့်အနားရောက်လာရင်တော့ သေချာပါတယ် သင့်ကို လိုသုံးတစ်ယောက်လို သတ်မှတ်ထားလို့ပါပဲ။ တကယ်ချစ်တဲ့ သူတွေကတော့ သူတို့ရဲ့ ရင်ဘတ်ထဲမှာ ကိုယ့်အတွက်နေရာတစ်ခုတော့ အမြဲရှိနေတတ်ကြပါတယ်။