တော်တော်များများ ChatGPT ကို ကြားဖူးကြမှာပါ။ ChatGPT ဆိုတာကတော့ အလွန်အဆင့်မြင့်သော (AI) ဥာဏ်ရည်တုပုံစံတစ်ခုဖြစ်ပြီး ၎င်းမှာ ဘာသာစကားနားလည်နိုင်စွမ်း၊ အလိုအလျောက်ရှာဖွေမှုနှင့် တုံ့ပြန်မှုအင်္ဂါရပ်များ စသည်တို့ ပေါင်းစပ်ပါဝင်တဲ့ Chatbot တစ်ခု ဖြစ်ပါတယ်။ ထို ChatGPT မှာ အကြောင်းအရာ အမျိုးမျိုးကို ရှာဖွေပြီး စူးစမ်းလေ့လာနိုင်တဲ့အပြင် အနည်းဆုံး တိကျပြတ်သားတဲ့ အဖြေတစ်ခုကို ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် လူသားနဲ့ တူသော စကားစမြည်ပြောဆိုမှုကို ဖန်တီးဖို့ အသုံးပြုနိုင်တဲ့အပြင် မေးခွန်းများကို တုံ့ပြန်နိုင်ပြီး ဆောင်းပါးများ၊ ဆိုရှယ်မီဒီယာပို့စ်များ၊ စာစီစာကုံးများ၊ ကုဒ်နှင့် အီးမေးလ်များအပါအဝင် အမျိုးမျိုးသော အကြောင်းအရာများကိုလည်း ရေးဖွဲ့နိုင်ပါတယ်။ လွယ်လွယ်ပြောရရင်တော့ ChatGPT က မိမိ မေးလိုသမျှ ဘယ်လိုအကြောင်းအရာမျိုးကိုမဆို အလိုအလျောက် ဖြေကြားပေးနိုင်တဲ့ Chatbot တစ်ခုပါ။ ဒါဆိုရင်တော့ ChatGPT က တော်တော်လေးမိုက်တဲ့ Chatbot တစ်ခုလို့ ပြောလို့ရပါတယ်။ ဒီလို နည်းပညာတွေ တိုးတက်နေတဲ့ခေတ်မှာ ChatGPT လိုမျိုး မိုက်တဲ့ အခြားသော ရွေးချယ်စရာတွေ ရှိပါသေးတယ်။ ဆက်လက်ပြီးတော့ ကြည့်လိုက်ရအောင်ဗျာ။
Google Bard

Photo : TopZone
Google Bard ကလည်း ChatGPT ကဲ့သို့ အခြားသော AI Chatbot တစ်ခုဖြစ်ပါတယ်။ ၎င်းကို Google ရဲ့ LAMDA မှ ဖန်တီးထားသည့် စမ်းသပ် AI စကားဝိုင်းဝန်ဆောင်မှုတစ်ခု ဖြစ်ပါတယ်။ ဒီ Chatbot က တုံ့ပြန်မှုများကို ခန့်မှန်းရန် ကူညီပေးပြီး စကားဝိုင်းတစ်ခုကို ဆက်လက်ထိန်းသိမ်းထား နိုင်စေပါတယ်။ ChatGPT ကို အသုံးပြုရတာ စိတ်ဝင်စားတယ်ဆိုရင် ဒီကောင်လေးကိုလည်း စမ်းသုံးကြည့်နိုင်ပါတယ်။
Microsoft Bing Chat

Photo : Search Engine Journal
Microsoft Bing Chat ဆိုတာကတော့ ကုဒ်အမည် Sydney ဟုအမည်ပေးထားတဲ့ Chat အသစ်ဖြစ်ပါတယ်။ ဒါက AI စျေးကွက်ကို ထိုးဖောက်ဝင်ရောက်ဖို့ Microsoft မှ မိတ်ဆက်ခဲ့တဲ့ Bing ရဲ့ အဆင့်မြှင့်ဗားရှင်း ဖြစ်ပါတယ်။ Microsoft က ဒီဗားရှင်းအသစ်ဟာ အရင်ကထက် ပိုတိကျပြီး ပိုမြန်တယ်လို့လည်း ဆိုပါတယ်။ ChatGPT ထက် ပိုပြီးစိတ်ဝင်စားဖို့ ကောင်းမလားဆိုတာ သိရအောင် စမ်းသုံးကြည့်နိုင်ပါတယ်။
Jasper.ai

Photo : Digital Trends
ဒီ Jasper.ai ကတော့ Cloud ပေါ်မှာ လည်ပတ်ပြီး အားကောင်းသော သဘာဝ ဘာသာစကားနားလည်မှု (NLU) နှင့် ဒိုင်ယာလော့ဂ် စီမံခန့်ခွဲမှုစွမ်းရည်များကို ပေးဆောင်နိုင်သည့် စကားပြောဆိုနိုင်သော AI ပလပ်ဖောင်းတစ်ခုဖြစ်ပါတယ်။ ChatGPT ကဲ့သို့ပင်၊ ၎င်းက စာရေးသားမှု၊ ဆောင်းပါးများဖန်တီးရန် ပံ့ပိုးမှု၊ ထိရောက်သော ကြော်ငြာကော်ပီနှင့် ပုံများဖန်တီးရာတွင် ထိရောက်မှု စတာတွေကို ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် ဖောက်သည် ဝန်ဆောင်မှု၊ အရောင်းနှင့် စျေးကွက်ရှာဖွေရေးဆိုင်ရာ အလုပ်များအတွက် အထူးအသုံးဝင်ပါတယ်။
Claude

Photo : Labeller
Anthropic ကနေပြီး စကားပြောဆိုမှုနှင့် စာတိုပေးပို့ခြင်း လုပ်ငန်းများကို ကျယ်ပြန့်စွာ လုပ်ဆောင်နိုင်သည့် မျိုးဆက်သစ် AI လက်ထောက်ဖြစ်တဲ့ Claude ကို မကြာသေးမီက မိတ်ဆက်ခဲ့ပါတယ်။ Claude က Anthropic ရဲ့ AI စနစ်များကို လေ့ကျင့်ပေးသည့် သုတေသနအပေါ် အခြေခံထားပါတယ်။ Claude က ရှာဖွေမှု၊ ဖန်တီးမှု၊ အမေးအဖြေ၊ ကုဒ်နဲ့ အခြားသောအရာများကို ရှာဖွေနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။
နည်းပညာကို စိတ်ဝင်စားတဲ့ ကွီးတို့အနေနဲ့ ဒီ ChatGPT လိုမျိုး အလားသဏ္ဍန်တူတဲ့ ဒီ Chatbot တွေကို စမ်းကြည့်နိုင်ဖို့ ဝေမျှပေးလိုက်ပါတယ်။
Source : Search Engine Journal
Featured Photo : Investing News
