ခရီးသွားတဲ့အခါ မလိုအပ်တဲ့ ပစ္စည်းတွေကို သယ်သွားမိတယ်ဆိုရင် အလေးခံပြီး သယ်ရတဲ့အတွက်ကြောင့် ပင်ပန်းတာပဲအဖတ်တင်မှာပါ။ အင်္ကျီအဝတ်အစားဆိုလည်း မိမိသွားမယ့်နေရာဒေသရဲ့ ရာသီဥတုကို လိုက်ပြီး ထုပ်ပိုးသင့်ပါတယ်။ မိမိသွားရောက်လည်ပတ်မယ့်နေရာက ချမ်းအေးတဲ့ နေရာလား၊ ပူအိုက်တဲ့ရာသီဥတုမျိုးရှိသလားဆိုတာကို သေချာလေ့လာထားပြီး ထုပ်ပိုးရမှာဖြစ်ပါတယ်။

၅ ရက်၊ တစ်ပတ်ခရီးမျိုး သွားရောက်လည်ပတ်ရတဲ့အခါ လိုအပ်တာတွေပဲ ထည့်သွားပြီး သယ်ရတာ ပေါ့ပေါ့ပါးပါးဖြစ်ဖို့ရန်အတွက် မိမိခရီးဆောင်အိတ်ကို ဘယ်လိုမျိုး ထုပ်ပိုးပြင်ဆင်သင့်သလဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။

ဂျက်ကတ်အင်္ကျီ

jacket for travel

ရာသီဥတုပေါ်မူတည်ပြီးတော့ သင် ယူသွားရမယ့် ဂျက်ကတ်အင်္ကျီ အထည်အရေအတွက်သည်လည်း ပြောင်းလဲနိုင်ပါတယ်။ အနည်းဆုံး (၂) ထည်လောက်တော့ ထည့်သွားပါ။ အလေးဆုံး တစ်ထည်ကို မိမိကိုယ်ပေါ်မှာ ဝတ်ဆင်ထားပါ။

အင်္ကျီ

shirts for travel

ပေါ့ပေါ့ပါးပါး ဝတ်ဆင်နိုင်မယ့် တီရှပ် သုံးထည်နှင့် စမတ်ကျကျ ဝတ်ဆင်နိုင်မယ့် ရှပ်အင်္ကျီ သုံးထည် ထည့်သွားပါ။

ဘောင်းဘီ

trousers for travel

ဂျင်းဘောင်းဘီ တစ်ထည်ကို ကိုယ်ပေါ်မှာ ဝတ်ဆင်သွားပါ။ စတိုင်လ်ပန် ၂ ထည်ခန့်နှင့် ချည်သားဘောင်းဘီ ၁ ထည် ထည့်သွားပါ။ အောက်ခံဘောင်းဘီ ၃ စုံနှင့် စွပ်ကျယ်အင်္ကျီ ၃ ထည် ထည့်သွားပါ။

ဖိနပ်

sneakers for travel

အားကစားဖိနပ်တစ်ရံ (သို့) အကြမ်းခံသော ဖိနပ်တစ်ရံနှင့် ရှူးဖိနပ်တစ်ရံ (သို့) ညှပ်ဖိနပ်တစ်ရံ ထည့်သွားပါ။

ခြေအိတ်

socks for travel

Photo Source: Boldsocks.com

ခြေအိတ်ကတော့ သင် ထည့်သွားတဲ့ ဖိနပ်အမျိုးအစားပေါ် မူတည်ပါလိမ့်မယ်။ တကယ်လို့ သင်က အားကစားဖိနပ်နှင့် ရှူးဖိနပ် ထည့်သွားတယ်ဆိုရင်တော့ ခြေအိတ် ၄ စုံ ထည့်သွားပါ။ အားကစားဖိနပ်ပဲ ထည့်သွားတယ်ဆိုရင်တော့ ခြေအိတ် ၂ စုံဆို လုံလောက်ပါပြီ။

တစ်ကိုယ်ရည်အသုံးအဆောင်ပစ္စည်းများ

grooming products for travel

Photo Source: Hashtaglegend.com

သွားတိုက်ဆေး၊ သွားတိုက်တံကတော့ မမေ့မလျော့ဘဲ ပါအောင် ထည့်သွားပါ။ ခေါင်းလျှော်ရည်၊ Conditioner များ ထည့်သွားဖို့လည်း လိုအပ်ပါတယ်။

လျှပ်စစ်ပစ္စည်းများ

electronic products for travel

Photo Source: Creditwalk.ca

အလုပ်နဲ့ သက်ဆိုင်တဲ့ခရီးဆိုရင်တော့ Laptop နဲ့ အားသွင်းကြိုးကို မဖြစ်မနေထည့်သွားပါ။ မီးမရတဲ့ နေရာ (သို့) မီးပျက်တဲ့အချိန်မှာ အားသွင်းနိုင်ဖို့ရန်အတွက် Power Bank လေးပါ ဆောင်သွားလိုက်ပါ။ မိမိသောက်သုံးနေကျ ဆေးဝါးများကိုလည်း သပ်သပ်ထုပ်ပိုးပြီး သယ်သွားသင့်ပါတယ်။

Source: Realmenrealstyle.com