Chelada ဘီယာ ဆိုတာကတော့ မက်ဆီကန်ရိုးရာဘီယာတစ်မျိုးပဲ ဖြစ်ပါတယ်။ သူ့ကို ဖော်စပ်ပြုလုပ်ရတဲ့ နည်းလမ်းလေးကလည်း လွယ်လွယ်လေးပါပဲ။ ပါဝင်ပစ္စည်း (၃) မျိုးခန့် ရှိရုံနဲ့တင် ဖျော်စပ်နိုင်ပါတယ်။

ကွီးတို့ ကြိုက်နှစ်သက်တဲ့ ဘီယာတစ်မျိုးကို ရွေးချယ်လိုက်ပါ။ ပြီးတာနဲ့ Coarse ဆားနှင့် သံပုရာသီးတို့ ရှိရုံနဲ့တင် Chelada ဘီယာကို မိနစ်ပိုင်းအတွင်း ဖျော်စပ်နိုင်ပါတယ်။

လိုအပ်မယ့် ပါဝင်ပစ္စည်းအတိအကျကတော့ …

ပါဝင်ပစ္စည်းများ

making beer

  • သံပုရာ အလုံးကြီး ၁ လုံး
  • Coarse ဆား အနည်းငယ်
  • မိမိကြိုက်နှစ်သက်ရာ ဘီယာတစ်မျိုးမျိုး ၁၂ အောင်စခန့်
  • သံပုရာသီးစိပ် အနည်းငယ် (အလှဆင်ဖို့ရန်အတွက်)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပါဝင်ပစ္စည်းများအားလုံးကို အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားလိုက်ပါ။

making beer

၂။ Coarse ဆားကို ပန်းကန်လုံးအသေးတစ်လုံးထဲထည့်ထားလိုက်ပါ။

Chelada ဘီယာ

၃။ ထို့နောက် ဘီယာ သောက်မယ့် ခွက်ရဲ့ နှုတ်ခမ်းဝကို ဆားဖြင့် သုတ်ပေးရမှာ ဖြစ်ပါတယ်။

Coarse ဆား မရှိပါက သစ်သီးများ စားတဲ့အခါ တို့စားတဲ့ ဟင်းခပ်အမွှေးအကြိုင် အမှုန့်လေးကို အသုံးပြုနိုင်ပါတယ်။

Chelada ဘီယာ

၄။ ထို့နောက် ထိုခွက်ထဲသို့ ရေခဲတုံးများထည့်ပါ။ ထို့နောက် သံပုရာသီးတစ်ခြမ်းကို ထက်ခြမ်း ခြမ်းပြီး ညှစ်ထည့်လိုက်ပါ။

၅။ ထို့နောက် ဘီယာထည့်ပါ။ အပေါ်ကနေ သံပုရာသီးစိပ် အသေးတစ်စိပ်ကို အလှဆင်ကာ ထည့်ထားနိုင်ပါတယ်။

Chelada ဘီယာ

ဒါဆိုရင်တော့ အရသာတစ်မျိုး ဆန်းသစ်တဲ့ Chelada ဘီယာ တစ်ခွက် ရရှိသွားပြီပဲဖြစ်ပါတယ်။ ကွီးတို့ရဲ့ဘော်ဒါတွေအတွက်လည်း ဖျော်စပ်ပေးချင်တယ်ဆိုရင် ပါဝင်ပစ္စည်းများကို လူဦးရေအလိုက် တိုးသွားပြီး ဖျော်စပ်နိုင်ပါတယ်။

ပါတီပွဲ ကျင်းပတဲ့အခါမှာလည်း ကိုယ်တိုင်ကိုယ်ကျ ဖျော်သောက်ချင်တဲ့သူတွေအတွက် ထိုဘီယာ ဖျော်စပ်နည်း Recipe ကို စာရွက်ဖြင့် ပရင့်ထုတ်ထားကာ ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်နိုင်အောင် စီစဉ်ထားပေးမယ်ဆိုရင်တော့ ပါတီပွဲ တက်သူများအတွက်လည်း မမေ့နိုင်စရာ အတွေ့အကြုံတစ်ခုကို ရရှိစေမှာပဲဖြစ်ပါတယ်။

Source: Thespruceeats

Featured Image: Thespruceeats