ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ် တူချယ်က ကြာသပတေးနေ့မှာ တော့တင်ဟမ်ဟော့စပါးကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း ပွဲကစားချိန်အလယ်မှာ တီမိုဝါနာကို ပေးခဲ့တဲ့ နည်းဗျူဟာ ညွှန်ကြားချက်ကို ထုတ်ဖော်ပြောကြားခဲ့ပြီး ဂျာမန်တိုက်စစ်မှူးကိုတောင် စနောက်ခဲ့ပါတယ်။

Photo: The Sun

လိုက်ပ်ဇစ်အသင်းကနေ ချဲလ်ဆီးအသင်းကို ပြီးခဲ့တဲ့နွေရာသီမှာ ပြောင်းရွှေ့လာခဲ့တဲ့ ဝါနာဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၃ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးနေခဲ့ပြီး ဂျော်ဂျင်ညို ကန်သွင်းယူခဲ့တဲ့ တစ်လုံးတည်းသောအနိုင်ဂိုးအတွက် ပင်နယ်တီရရှိအောင်တော့ စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ပင်နယ်တီ မကန်သွင်းမီ ခဏအနားယူနေချိန်အတွင်း တူချယ်က ဝါနာကို ကွင်းဘေးစည်း ခေါ်ပြီး ပွဲစဉ်အတွင်း ပိုမိုပါဝင်ပတ်သက်နိုင်အောင် ညွှန်ကြားချက်အချို့ကို ပေးခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အလယ်မှာ ဝါနာကို ဘာတွေ ပြောနေခဲ့တာလဲလို့ မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ တူချယ်က ပြုံးပြီး Astro SuperSport ကို အခုလိုပဲ ပြောကြားခဲ့ပါတယ်။

Source : Sportstoft

“ဒုတိယဂိုးသွင်းယူဖို့ပြောခဲ့ပေမယ့် သူ နားမထောင်ခဲ့ပါဘူး(ရယ်မောလျက်)။ တကယ်မဟုတ်ပါဘူး။ ကျွန်တော်တို့ သူ့ရဲ့နေရာယူပုံနဲ့ပတ်သက်ပြီး နည်းဗျူဟာ အကြံပေးမှုအချို့ ပြုလုပ်ခဲ့တာပါ။ သူက အရမ်းကြီးတောင် ရွေ့လျားလွန်းခဲ့ပြီး သူ့ကို ကျွန်တော်တို့က သူ့နေရာမှာပဲ နည်းနည်းပိုကြာကြာနေစေချင်ခဲ့တာပါ။ ပြီးတော့ ကျွန်တော်တို့ သူ နောက်ဆုံးစည်းမှာ ပိုပြီး နေရာကျယ်ကျယ်ရနေတာကို တွေ့ရပါတယ်။ အဲဒါက သူ့ကို ညွှန်ကြားချက်အချို့ပေးဖို့ နည်းစနစ်ဆိုင်ရာ အလျင်အမြန် စကားပြောဆိုမှုပါ”လို့ ပြောကြားခဲ့ပါတယ်။