ခ်ဲလ္ဆီးအသင္းရဲ႕ ပရိသတ္ေတြဟာ ဘာစီလိုနာအသင္းရဲ႕ ကြင္းလယ္ေတာင္ပံကစားသမားျဖစ္သူ ေကာ္တင္ဟုိကို မေခၚယူဖို႔ ေတာင္းပန္ေနၾကတယ္လုိ႔ သိရွိရပါတယ္။ ေကာ္တင္ဟိုဟာ ဒီရာသီမွာ ဘာစီလိုနာအသင္းအတြက္ ေျခစြမ္းျပ ကစားႏုိင္ျခင္းမရွိဘဲ ရုန္းကန္ေနရၿပီး ရာသီကုန္မွာ အသင္းက ထြက္ခြာဖြယ္ရွိေနရာ ခ်ဲလ္ဆီးအသင္းအေနနဲ႔ အသင္းက ထြက္ခြာမယ့္ ဟာဇက္ရဲ႕ေနရာကုိ အစားထုိးဖို႔ ေကာ္တင္ဟိုကုိ ေခၚယူဖြယ္ရွိေၾကာင္း သတင္းမ်ား ထြက္ေပၚလ်က္ရွိပါတယ္။

Photo Credit : www.barcablaugranes.com

ၿပီးခ့ဲတ့ဲ (၂၀၁၈) ခုႏွစ္ ဇန္နဝါရီလမွာ လီဗာပူးအသင္းကေန ဘာစီလိုနာအသင္းကို ေျပာင္းေရႊ႕ေၾကး ေပါင္ (၁၄၅) သန္း နဲ႔ ေျပာင္းေရႊ႕ေရာက္ရွိလာခ့ဲၿပီး အသင္းေဟာင္းနဲ႔ ျပန္လည္ ရင္ဆုိင္ခ့ဲရတ့ဲ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ပဲြစဥ္ ႏွစ္ေက်ာ့လံုးမွာ ေျခစြမ္း ျပသႏုိင္ခ့ဲျခင္းမရွိတ့ဲေနာက္ အသင္းက ထြက္ခြာရန္ ပုိမို ေသခ်ာလာေၾကာင္း သိရွိရပါတယ္။ ေကာ္တင္ဟုိဟာ ၿပီးခ့ဲတ့ဲ ေဆာင္းရာသီ အေျပာင္းအေရႊ႕မွာတည္းက အသင္းကေန ထြက္ခြာဖို႔ သတင္းမ်ား ထြက္ေပၚခ့ဲၿပီး အဆုိပါ ဘရာဇီး ကြင္းလယ္ကစားသမားကို ေခၚယူဖုိ႔ ယူႏုိက္တက္အသင္း၊ ခ်ဲလ္ဆီးအသင္းတို႔က စိတ္ဝင္စားခ့ဲၾကပါတယ္။

Photo Credit : Reuters

ဒါေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ ခ်ဲလ္ဆီး အသင္း ပရိသတ္ေတြက အသက္ (၂၆) ႏွစ္အရြယ္ ေကာ္တင္ဟိုကို အသင္းထံ မေခၚယူဖို႔ ေတာင္းဆုိေနၾကတယ္လို႔ သိရွိရပါတယ္။ တြစ္တာေပၚမွ ခ်ဲလ္ဆီး ပရိသတ္တစ္ဦးက “ခ်ဲလ္ဆီးအေနနဲ႔ ဟာဇက္ရဲ႕ ေနရာကို အစားထုိးဖို႔ ေကာ္တင္ဟိုကို ေခၚယူဖုိ႔ လုံုးဝမစဥ္းစားသင့္ပါဘူး။” ဟု ေရးသားခ့ဲသလို အျခားေသာ ခ်ဲလ္ဆီး ပရိသတ္မ်ားကလည္း “ေကာ္တင္ဟိုက တကယ္ကုိ ဆုိးရြားတ့ဲ ကစားသမားျဖစ္ၿပီး ဝီလီယံလိုပါပဲ။ ခ်ဲလ္ဆီးအေနနဲ႔ သူ႔အတြက္ ပိုက္ဆံမျဖဳန္းတီးတာ ပိုေကာင္းပါတယ္။” ဟု ေရးသားခ့ဲၾကေၾကာင္း သိရွိရပါတယ္။

Photo Credit : Reuters

Amrit Saikia ဆုိသည့္ ခ်ဲလ္ဆီးပရိသတ္တစ္ဦးကလည္း “ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေကာ္တင္ဟိုနဲ႔ ကင္းကင္းရွင္းရွင္းေနဖုိ႔ ေမွ်ာ္လင့္ပါတယ္။” ဟု ေရးသားခ့ဲပါတယ္။ ေကာ္တင္ဟိုအေနနဲ႔ လီဗာပူးအသင္းကို ျပန္လာဖို႔ မရွိေၾကာင္း နည္းျပ ယာဂင္ကေလာ့ပ္ကိုုယ္တုိင္က အတည္ျပဳေျပာၾကားမႈမ်ား ျပဳလုပ္ခ့ဲၿပီးေနာက္ အဆုိပါ ဘရာဇီးကစားသမားအေနနဲ႔ ယူႏုိက္တက္၊ ခ်ဲလ္ဆီးအသင္းတို႔နဲ႔ သတင္းမ်ား က်ယ္္ေလာင္စြာ ထြက္ေပၚလာခ့ဲသလုိ ျပင္သစ္ထိပ္သီးကလပ္ PSG အသင္းကလည္း ေကာ္တင္ဟုိကုိ ေခၚယူဖုိ႔ စိတ္ဝင္စားလ်က္ရွိေၾကာင္း သိရွိရပါတယ္။

(Unicode)

ချဲလ်ဆီးအသင်းရဲ့ ပရိသတ်တွေဟာ ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်တောင်ပံကစားသမားဖြစ်သူ ကော်တင်ဟိုကို မခေါ်ယူဖို့ တောင်းပန်နေကြတယ်လို့ သိရှိရပါတယ်။ ကော်တင်ဟိုဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် ခြေစွမ်းပြ ကစားနိုင်ခြင်းမရှိဘဲ ရုန်းကန်နေရပြီး ရာသီကုန်မှာ အသင်းက ထွက်ခွာဖွယ်ရှိနေရာ ချဲလ်ဆီးအသင်းအနေနဲ့ အသင်းက ထွက်ခွာမယ့် ဟာဇက်ရဲ့နေရာကို အစားထိုးဖို့ ကော်တင်ဟိုကို ခေါ်ယူဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိပါတယ်။

Photo Credit : www.barcablaugranes.com

ပြီးခဲ့တဲ့ (၂၀၁၈) ခုနှစ် ဇန်နဝါရီလမှာ လီဗာပူးအသင်းကနေ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ကြေး ပေါင် (၁၄၅) သန်း နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီး အသင်းဟောင်းနဲ့ ပြန်လည် ရင်ဆိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ် နှစ်ကျော့လုံးမှာ ခြေစွမ်း ပြသနိုင်ခဲ့ခြင်းမရှိတဲ့နောက် အသင်းက ထွက်ခွာရန် ပိုမို သေချာလာကြောင်း သိရှိရပါတယ်။ ကော်တင်ဟိုဟာ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာတည်းက အသင်းကနေ ထွက်ခွာဖို့ သတင်းများ ထွက်ပေါ်ခဲ့ပြီး အဆိုပါ ဘရာဇီး ကွင်းလယ်ကစားသမားကို ခေါ်ယူဖို့ ယူနိုက်တက်အသင်း၊ ချဲလ်ဆီးအသင်းတို့က စိတ်ဝင်စားခဲ့ကြပါတယ်။

Photo Credit : Reuters

ဒါပေမယ့် လက်ရှိအချိန်မှာတော့ ချဲလ်ဆီး အသင်း ပရိသတ်တွေက အသက် (၂၆) နှစ်အရွယ် ကော်တင်ဟိုကို အသင်းထံ မခေါ်ယူဖို့ တောင်းဆိုနေကြတယ်လို့ သိရှိရပါတယ်။ တွစ်တာပေါ်မှ ချဲလ်ဆီး ပရိသတ်တစ်ဦးက “ချဲလ်ဆီးအနေနဲ့ ဟာဇက်ရဲ့ နေရာကို အစားထိုးဖို့ ကော်တင်ဟိုကို ခေါ်ယူဖို့ လုုံးဝမစဉ်းစားသင့်ပါဘူး။” ဟု ရေးသားခဲ့သလို အခြားသော ချဲလ်ဆီး ပရိသတ်များကလည်း “ကော်တင်ဟိုက တကယ်ကို ဆိုးရွားတဲ့ ကစားသမားဖြစ်ပြီး ဝီလီယံလိုပါပဲ။ ချဲလ်ဆီးအနေနဲ့ သူ့အတွက် ပိုက်ဆံမဖြုန်းတီးတာ ပိုကောင်းပါတယ်။” ဟု ရေးသားခဲ့ကြကြောင်း သိရှိရပါတယ်။

Photo Credit : Reuters

Amrit Saikia ဆိုသည့် ချဲလ်ဆီးပရိသတ်တစ်ဦးကလည်း “ချဲလ်ဆီးအသင်းအနေနဲ့ ကော်တင်ဟိုနဲ့ ကင်းကင်းရှင်းရှင်းနေဖို့ မျှော်လင့်ပါတယ်။” ဟု ရေးသားခဲ့ပါတယ်။ ကော်တင်ဟိုအနေနဲ့ လီဗာပူးအသင်းကို ပြန်လာဖို့ မရှိကြောင်း နည်းပြ ယာဂင်ကလော့ပ်ကိုုယ်တိုင်က အတည်ပြုပြောကြားမှုများ ပြုလုပ်ခဲ့ပြီးနောက် အဆိုပါ ဘရာဇီးကစားသမားအနေနဲ့ ယူနိုက်တက်၊ ချဲလ်ဆီးအသင်းတို့နဲ့ သတင်းများ ကျယ််လောင်စွာ ထွက်ပေါ်လာခဲ့သလို ပြင်သစ်ထိပ်သီးကလပ် PSG အသင်းကလည်း ကော်တင်ဟိုကို ခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိကြောင်း သရှိရပါတယ်။