ချဲလ်ဆီးအသင်းဟာ အေဂျက် ကစားသမား ဇီယာ့ရှ် ကိုဒီနွေရာသီမှာ ခေါ်ယူဖို့ သဘောတူညီမူရရှိခဲ့ပါပြီ။ ရာသီကုန်တာနဲ့ ဇီယာ့ရှ် ဟာ ချဲလ်ဆီးနဲ့ လာရောက်ပူးပေါင်းတော့မှာပါ။

ချဲလ်ဆီးကစားသမားအသစ် ဖြစ်လာတော့မဲ့ Hakim Ziyech (ဇီယာ့ရှ်) ဟာ ဘယ်လိုကစားသမားမျိုးလဲ။

Source: Outlook India

မိုရိုကို နိူင်ငံသား ဇီယာ့ရှ် ဟာဘယ်သယ်ဖြစ်ပြီး ကွင်းလယ်တိုက်စစ်ကစားသမားတစ်ဦးပါ။ အဓိကကစားတဲ့နေရာကတော့ ညာတောင်ပံ ဖြစ်ပြီး တဖက်ဂိုးဧရိယာထဲ ဘောလုံးပေးပို့မူ အထူးကျွမ်းကျင်တဲ့ ကစားသမားလည်းဖြစ်ပါတယ်။

အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ အဆိုပါကစားသမားဟာ ဘောလုံးအထိန်းအသိမ်းကျွမ်းကျင်ပြီ တဖက်အသင်းရဲ့ ကျစ်လစ်တဲ့ခံစစ် ကိုတည်တည်ငြိမ်ငြိမ်နဲ့ ထိုးဖောက်ကစားတတ်တဲ့ သူပါ။ ပစ်ဒဏ်ဘော ကန်ရာမှာ တိကျသေချာမူရှိပြီး နိူင်ငံနဲ့ အသင်း အတွက် ဂိုးပေါင် ၁၀၀ ကျော်သွင်းယူပေးထားတဲ့ ကစားသမားတစ်ဦးပါ။

Source: Caught Offside

ဇီယာ့ရှ် ကို နယ်သာလန်နိူင်ငံ ဒရုန်တန်မြို့ မှာ မွေးဖွားခဲ့ပြီး ပြည်တွင်းကလပ် Heerenveen အသင်းမှာ ကစားသမားဘဝ စတင်ခဲ့ပါတယ်။ သူ့ရဲ့ ခြေစွမ်းကို အေဂျက်အသင်းက သတိထားမိခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ ခေါ်ယူခဲ့ပါတယ်။ အေဂျက်အသင်း မှာခြေစွမ်းတွေ တဖြည်းဖြည်းတိုးတတ်လာခဲ့ပြီး အသင်းကို ယူရိုပါလိဂ် ဗိုလ်လုပွဲ ရောက်တဲ့အထိ စွမ်းဆောင်ပေးနိူင်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ် ရုရှားနိူင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလား အုပ်စုပွဲစဉ်မှာ အင်အားကြီးတဲ့ အသင်းကြီးတွေဖြစ်တဲ့ စပိန်၊ ပေါ်တူဂီ တို့နဲ့ ရင်ဆိုင်ကစားခဲ့ရပြီး အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

ဒါပေမဲ့ မိုရိုကို အသင်းရဲ့ တိုက်စစ်ဆင်ကစားပုံကိုတော့ ဘောလုံးဝေဖန်သူအများစုကတော့ ချီးကျူးခဲ့ကြပါတယ်။ မိုရိုကို အသင်းရဲ့ အဓိကကစားသမားအဖြစ်ရှိနေခဲ့တာကတော့ ဇီယာ့ရှ် ပဲဖြစ်ပါတယ်။

Source: Team talk

ဇီယာ့ရှ် ဟာဒီရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံ ၉ ဂိုးအထိသွင်းယူပေးထားပါထားပြီး ၁၂ ကြိမ်ဂိုးဖန်တီးမူပြုလုပ်ထားပါတယ်။ ဇီယာ့ရှ် အနေနဲ့ လမ်းပက် ရဲ့ ချဲလ်ဆီးအသင်းမှာ ဘယ်လောက်ထိ ခြေစွမ်းတွေ ပြနိူင်မလဲဆိုတာကတော့ နောက်လာမဲ့ ဘောလုံးရာသီမှာ မြင်တွေ့ရတော့မှာပါ။