ဂျူဗီတပ်ကွင်းလယ်ကစားသမား ဘာနာဒက်စ်ချီ ကို ခေါ်ယူရန် ပရီးမီးယားလိဂ် အသင်းကြီးတွေဖြစ်တဲ့ အာဆင်နယ်၊ ချဲလ်ဆီး နဲ့ မန်ယူတို့က စိတ်ဝင်စားနေကြောင်း သိရပါတယ်။

အဆိုပါ ကွင်းလယ်လူဟာ အရင်နည်ပြတွေတုန်းက ဂျူဗီတပ်အသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရရှိခဲ့သော်လည်း နည်းပြသစ် ဆာရီလက်ထက်တွင် ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသူဖြစ်ပါတယ်။ ဒီနှစ် စီးရီအေ ဘောလုံးရာသီတွင် (၁၀) ပွဲသာ ကစားပေးထားရပြီး ပြိုင်ပွဲတွေပြန်စတဲ့အချိန်မှာ အခြေအနေတစ်မျိုးပြောင်းလဲသွားဖို့ ကစားသမားဖက်က မျှော်လင့်နေပါတယ်။ အကယ်၍ အခြေအနေထူးခြားမလာပါက ကစားသမားအနေနဲ့ အသင်းပြောင်းဖို့ ဖြစ်လာနိူင်ပါတယ်။

Source: Football.London

ဘာနာဒက်စ်ချီ ကိုခေါ်ယူမယ့်အသင်းတွေထဲမှာတော့ ချဲလ်ဆီးအသင်းက အခြားအသင်းတွေထက် နှာတစ်ဖျားသာနေကြောင်း သတင်းတွေက ဖော်ပြထားကြပါတယ်။ ချဲလ်ဆီးနည်းပြ လမ်းပက်ကိုယ်တိုင်က အဆိုပါကစားသမားရဲ့ခြေစွမ်းကို သဘောကျနေပြီး ဂျူဗီတပ်အသင်းကို ကမ်းလှမ်းမူတွေ ပြုလုပ်ဖို့ စီစဉ်နေတယ်လို့ သတင်းတွေက ဖော်ပြထားကြပါတယ်။

Source: Daily Express

အာဆင်နယ်နည်းပြ အာတီတာဟာလည်း လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ အသင်းအတွက် အရည်အချင်းရှိပြီး အကျိုးပြုနိူင်တဲ့ ကစားသမားအချို့ခေါ်ယူဖို့ စီစဉ်နေပြီး အဆိုပါကစားသမားတွေထဲမှာ ဘာနာဒက်စ်ချီ ပါဝင်နေပါတယ်။

Source: TalkSport

ဘာနာဒက်စ်ချီ ဟာ (၂၀၁၇) ခုနှစ်တွင် ဖီအိုရင်တီးနားမှဂျူဗီတပ်သို့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။ ဂျူဗီတပ်အသင်းအတွက် ပြိုင်ပွဲစုံ (၆၈) ပွဲကစားပေးထားပြီး (၆) ဂိုးသွင်းယူပေးထားပါတယ်။