ဘာစီလိုနာဘီအသင်းရဲ့  ဆယ်ကျော်သက်ကစားသမား Xavier Mbuyamba ကိုခေါ်ယူနိူင်ဖို့ အခြားဥရောပ အသင်းတွေထက် ချဲလ်ဆီးကပိုပြီး ရေပန်းစားနေတယ်လို့ ကစားသမားရဲ့ အေးဂျင့် ဖြစ်သူကပြောဆိုသွားပါတယ်။

Source: The Sun

အသက် (၁၈) နှစ်သာရှိသေးတဲ့ အဆိုပါ နောက်ခံကစားသမားဟာ ၂၀၁၉ ခုနှစ် ဩဂုတ်လကမှ ဒက်ချ် ကလပ် MVV Maastricht ကနေ ပြောင်းရွှေ့လာခဲ့တာပါ။ သူ့ရဲ့အေးဂျင့်ဖြစ်သူ Carlos Barros ကတော့ Mbuyamba ကို ဥရောပအသင်းကြီး အများအပြား ခေါ်ယူဖို့ကြိုးစားနေကြကြောင်း ပြောလာပါတယ်။

Source: Fanatik

“ဥရောပ အသင်းကြီးတွေ အားလုံးနီးပါ Xavier အကြောင်းမေးလာပါတယ်။ ရီးရဲလ် ကလည်း ဆက်သွယ်မူတွေ လုပ်လာတာရှိပါတယ်။ ဂျူဗီတပ်၊ အင်တာမီလန်အသင်းတွေအပြင် ဂျာမန်နဲ့အင်္ဂလန် ထိပ်သီးကလပ်တွေလည်း လာရောက်ကမ်းလှမ်းမူတွေ ရှိပါတယ်။ ဒါပေမယ့် ချဲလ်ဆီးကတော့ ခေါ်ယူနိူင်ဖို့ ထပ်ဆုံးကရေးပန်းစားနေပါတယ်။ သူတို့က ကစားသမားရဲ့အနာဂတ်နဲ့ ပက်သက်ပြီးသေချာအစီအစဉ်တွေ ချပြတယ်ဗျ။ အရမ်းစိတ်ဝင်စားဖို့လည်း ကောင်းသလို ကစားသမားအတွက်လည်း ကောင်းတယ်လေ။” ဟူ၍ Carlos က Voetbal International နဲ့တွေ့ဆုံစဉ်မှာ ပြောကြားသွားခဲ့ပါတယ်။

Source: Football Addict

Xavier ဟာဘာကာနှင့် လေးနှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ချုပ်ဆိုထားပေမယ့် အသင်းကနေ ထွက်ခွင်ဖို့ အကြောင်းအရင်းတွေ များစွာရှိနေပါတယ်။ ဘာစီလိုနာမှာ Ansu Fati တို့လို နာမည်ကျော်လူငယ်ကစားသမားတွေတောင် နေရာမရဖြစ်နေတာကြောင့် Carlos ကသူ့ရဲ့ကစားသမားအနေနဲ့ အသင်းမှာ ခြေစွမ်းပြခွင့်ရမှာ မဟုတ်တဲ့အတွက်ကြောင့် လို့လည်းပြောကြားသွားပါတယ်။ ဘာစီလိုနာအသင်းဟာ မကြာခင် ကာလအတွင်းမှာ ဘုတ်အဖွဲ့ဝင်တွေ အပြောင်းအလဲဖြစ်ဖို့ သတင်းတွေထွက်နေပါတယ်။