လေဗာကူဆင်အသင်းမှာ ခြေစွမ်းပြကစားနေတဲ့ ကိုင်ဟာဗက်ဇ်ကို ခေါ်ယူနိူင်ဖို့အတွက် ဥရောပအသင်းကြီးတွေ တော်တော်များများ ကြိုးစားနေကြပါတယ်။ ဒီထဲမှာ ပရီးမီးယားလိဂ်က ချဲလ်ဆီးအသင်းလည်း အပါအဝင်ဖြစ်ပါတယ်။

Source: Daily Mail

ချဲလ်ဆီးဟာ ဟာဗက်ဇ်ကို ခေါ်ယူနိူင်ရန်အတွက် အသင်းမှ ကစားသမား (၆) ဦးအထိကို ရောင်းထုတ်ဖို့ စီစဉ်နေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ ဟာဗက်ဇ်ရဲ့ ပြောင်းရွှေ့ကြေးကတော့ ပေါင်သန်း (၉၀) သတ်မှတ်ထားတယ်လို့သိရပါတယ်။

ချဲလ်ဆီးအသင်းဟာ လာမယ့်ဘောလုံးရာသီအတွက် အေဂျက်မှ ဇီယက်နဲ့လိုက်ဇစ်အသင်းမှ တီမိုဝါနာ တို့ကို ခေါ်ယူထားပြီးဖြစ်သော်လည်း တိုက်စစ်အားသန်တဲ့ အဆိုပါ ကွင်းလယ်ကစားသမားကို အရခေါ်ယူသွားဖို့ စိတ်အားထက်သန်နေတာလည်းဖြစ်ပါတယ်။ ဒါကြောင့် ဟာဗက်ဇ်ရဲ့ ပြောင်းရွှေ့ကြေးကို ကာမိအောင် အသင်းကစားသမားတွေဖြစ်တဲ့ အလွန်ဆို၊ ဘာကာယိုကို၊ ကင်နေဒီ၊ ဒရင့်ဝါးတာ၊ အီမာဆင်နှင့် ဘတ်ရှူအာရီ တို့ကို ရောင်းချသွားဖွယ်ရှိနေကြောင်း သတင်းတွေအရ သိရပါတယ်။

Source: Sports Mole

အီမာဆင်ဟာ ရိုးမားအသင်းမှ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ချဲလ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ (၅၃) ပွဲအထိပါဝင်ကစားပေးထားပြီး (၁) ဂိုးသွင်းယူထားပါတယ်။ အီမာဆင်ကိုတော့ စီးရီးအေထိပ်သီးကလပ် အင်တာမီလန်က ခေါ်ယူဖို့အတွက် ဆွေးနွေးမူတွေပြုလုပ်နေပါတယ်။

ကိုင်ဟာဗက်ဇ်ဟာ ယခုရာသီတွင် လေဗာကူဆင်အသင်းအတွက် ပြိုင်ပွဲစုံ (၄၃) ပွဲပါဝင်ကစားပေးထားပြီး (၁၇) ဂိုးသွင်းယူပေးထားပါတယ်။ ဒါ့အပြင် ဟာဗက်ဇ်ဟာ ဘေယန်မြူးနစ်အသင်းကို (၄-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ ဂျာမန်ပိုကယ်ဖလား ဗိုလ်လုပွဲတွင်လည်း အသင်းအတွက် (၁) ဂိုးသွင်းယူပေးနိူင်ခဲ့ပါတယ်။

Source: Daily Express

အသက် (၂၁) နှစ်သာရှိသေးတဲ့ ဟာဗက်ဇ်ဟာ လေဗာကူဆင်အသင်းအတွက် ပြိုင်ပွဲစုံ (၁၄၆) ပွဲအထိပါဝင်ကစားပေးထားပြီး (၄၅) ဂိုးအထိ သွင်းယူပေးထားပါတယ်။