ချယ်ဆီးအသင်းဝါရင့်တိုက်စစ်မှူး ဂီရော့ဒ်ဟာ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ကိစ္စနဲ့ပတ်သက်ပြီး ပဏာမဆွေးနွေးမှုတွေ ပြုလုပ်နေပြီလို့ နီးစပ်တဲ့သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့ပြီးနောက် ယခုရာသီထက်ကျော်လွန်ပြီး စတန်းဖို့ဒ်ဘရစ်ဂျ်မှာ ဆက်ရှိနေဖွယ်ရှိတယ်လို့ သိရပါတယ်။

အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂီရော့ဒ်ရဲ့ ကိုယ်စားလှယ်တွေက စာချုပ်သစ်အတွက် ကနဦးဆွေးနွေးညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ပြောကြားခဲ့ပြီး ယူကေရဲ့ Lockdown အမိန့်ရုတ်သိမ်းပြီးတဲ့နောက်တိုင်အောင် သဘောတူညီမှု ရရှိဖွယ်မရှိဘူးလို့ သိရပါတယ်။

Photo: bleacherreport

ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး အိုလီဗီယာဂီရော့်ဒ်ဟာ လာမယ့်ဇွန်လကုန်မှာ ချယ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် စီနီယာကစားသမားလေးဦးထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပြီး ချယ်ဆီးအသင်းက အသက် ၃၀ ကျော်ကစားသမားတွေအတွက် မူဝါဒချမှတ်ထားမှုကြောင့် တစ်နှစ်စာချုပ်သစ်ကို စတင်ကမ်းလှမ်းသွားမယ့်ပုံ ရပါတယ်။

ချယ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့အတွက်ညှိနှိုင်းဆွေးနွေးမှုဟာ ပုံမှန်အားဖြင့် နည်းပြဖရန့်လမ်းပတ်ရဲ့ ပြောကြားချက်ကနေ မာရီနာဂရာနော့စကီးရားက ဦးဆောင်လေ့ရှိတာဖြစ်ပြီး နည်းပြဟောင်း ကွန်တီရဲ့အင်တာမီလန်အသင်းဟာ ဝါရင့်တိုက်စစ်မှူး ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့အသင်းတွေထဲမှာ တစ်သင်းအဖြစ် ပါဝင်နေတာဖြစ်ပါတယ်။

Source : The Sun

အင်တာမီလန်အသင်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ပြင်သစ်ဝါရင့်တိုက်စစ်မှူးကို ခေါ်ယူချင်ခဲ့ပေမယ့်လည်း ချယ်ဆီးအသင်းက နောက်ထပ် တိုက်စစ်ကစားသမားတစ်ဦး မခေါ်ယူနိုင်သေးတာကြောင့် အသင်းကနေ ထွက်ခွာခွင့်မပြုခဲ့တာဖြစ်ပါတယ်။