လေဗာကူဆင်အသင်းမှ ဂျာမန်ကွင်းလယ်တိုက်စစ်ကစားသမား ကိုင်ဟာဗက်ဇ်ကို ခေါ်ယူရန် ချဲလ်ဆီးနှင့် ရီးရဲ အသင်းတို့ အပြိုင်အဆိုင်ကမ်းလှမ်းခဲ့ကြကြောင်း သတင်းတွေက ဖော်ပြနေကြပါတယ်။

ရီးရဲအသင်းသည် ဟာဗက်ဇ်အား ပြောင်းရွှေ့ကြေး ပေါင်(၇၂)သန်း၊ လစာအဖြစ် တစ်နှစ်ပေါင်(၈.၁)သန်းနှင့် (၅)နှစ်စာချုပ်ချုပ်ဆိုမည်ဟု ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

Source: Daily Mail

ရီးရဲအသင်းက ဟာဗက်ဇ်အား ပြောင်းရွှေ့ကြေး ပေါင် (၇၂) သန်း၊ တစ်နှစ်လုပ်ခလစာအဖြစ် ပေါင် (၈.၁) သန်းနှင့် (၅) နှစ်စာချုပ်ချုပ်ဆိုမည်ဟု ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။ ချယ်လ်ဆီးအသင်း က ရီးရဲအသင်းထက်သာတဲ့ ကမ်းလှမ်းမူအနေနဲ့ ပြောင်းရွှေ့ကြေးပေါင်သန်း (၈၀) ၊ လစာအဖြစ် တစ်နှစ်ပေါင် (၈.၆) သန်းနှင့် (၅) နှစ်စာချုပ်ချုပ်ဆိုမည်ဟု ဟာဗက်ဇ်ကို ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။

Source: Sportarena

ချဲလ်ဆီးအသင်းဟာ အဆိုပါကစားသမားကို အရခေါ်ယူချင်နေတာကြောင့် ရီးရဲထက် ပေါင် (၈) သန်းပိုပေးပြီး ကမ်းလှမ်းခဲ့ခြင်းလည်းဖြစ်ပါတယ်။ ကစားသမားကို ဆွဲဆောင်ဖို့အတွက် ချဲလ်ဆီးအသင်းက ရီးရဲအသင်းထက် လုပ်ခလစာပိုမိုပေးပြီး ကမ်းလှမ်းပေမယ့် ဟာဗက်ဇ်ဟာ ရီးရဲအသင်းကို ပြောင်းရွှေ့ဖို့ လိုလားနေတယ်လို့သိရပါတယ်။

Source: Transfermarkt

ချဲလ်ဆီးအသင်းဟာ လာမယ့်ဘောလုံးရာ သီအတွက် ကစားသမားခေါ်ယူအားဖြည့်မူအနေနဲ့ ဟာကင် ဇီရက်စ် နဲ့ တီမို ဝါနာ တို့ကို ခေါ်ယူထားပြီဖြစ်ပြီး ယခု ဟာဗက်ဇ်ကိုလည်း အရခေါ်ယူဖို့ ကြိုးပမ်းလာနေတာလည်းဖြစ်ပါတယ်။