ချဲလ်ဆီးအသင်းဟာ ဒေါ့မွန်ကြယ်ပွင့် အာလင်း ဟာလန်းအတွက် မဖြစ်နိုင်တဲ့ ကမ်းလှမ်းမှုမျိုး ပြုလုပ်သွားဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်တယ်လို့ သိရပါတယ်။

ချဲလ်ဆီးဟာ ဟာလန်းနဲ့ သတင်းအခိုင်အမာ ဆက်လက်ထွက်ပေါ်နေတာဖြစ်ပြီး ယခုနွေရာသီမှာ ဂိုးသွင်းကောင်းတဲ့ နော်ဝေလက်ရွေးစင်တိုက်စစ်မှူးနဲ့ပတ်သက်ပြီး ဒေါ့မွန်အသင်းရဲ့ ဖြေရှင်းနိုင်စွမ်းကို စမ်းသပ်ဖို့ အမှန်တကယ် အလေးအနက်ကြိုးပမ်းသွားမယ့်ပုံ ပေါ်ပါတယ်။ ဟာလန်းဟာ ပြီးခဲ့တဲ့ရာသီမှာ အလွန်ကောင်းမွန်တဲ့ရာသီကို ပိုင်ဆိုင်ခဲ့သူဖြစ်ပြီး အသက် ၂၀ အရွယ်သာ ရှိသေးပေမယ့်လည်း ပြိုင်ပွဲစုံ ၄၁ ပွဲမှာ ၄၁ ဂိုး သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

haaland-strike

Photo: caughtoffside

ချဲလ်ဆီးအသင်းဟာ ဂျီရူးကို အေစီမီလန်အသင်းဆီ ထွက်ခွာခွင့်ပေးခဲ့သလို တီမို ဗာနာနဲ့ အေဘရာဟမ်တို့ကို အဆင့်မြှင့်တင်ပေးဖို့ လာမယ့်ရာသီအတွက် ဟာလန်းလိုမျိုး ထိပ်တန်းဂိုးသွင်းရှင်ကို ခေါ်ယူဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ နော်ဝေတိုက်စစ်မှူးကို ယခုနွေရာသီမှာ ကြီးမားတဲ့ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၅၀ ဝန်းကျင်နဲ့ ကမ်းလှမ်းသွားဖို့ အဆင်သင့်ဖြစ်နေပြီလို့ နော်ဝေဂန္တဝင်တိုက်စစ်မှူး ယန်းအိုဂီဖူတော့က ESPN ကို ပြောကြားခဲ့ပါတယ်။

ဖူတော့က အသက် ၂၀ အရွယ်ကစားသမားရဲ့ စာချုပ်လျော်ကြေးအသက်ဝင်တဲ့အချိန်ကျရင် ဈေးပေါပေါနဲ့ ထွက်ခွာခွင့်ပြုရမှာဖြစ်တာကြောင့် ဟာလန်းအတွက် ပြောင်းရွှေ့ကြေး ပမာဏ ၂ ဆရနိုင်မယ့်အချိန်ဟာ တစ်နှစ်တောင် မလိုတော့ဘူးဆိုတာ သတိပေးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဒေါ့မွန်အသင်းအနေနဲ့ ဟာလန်းကို လက်ရှိအချိန်မှာ ရောင်းထုတ်သွားနိုင်တယ်ဆိုတာ အဓိပ္ပာယ်ရှိပေမယ့် ဆန်ချိုကို မန်ချက်စတာယူနိုက်တက်အသင်းဆီ ရောင်းချဖို့ သဘောတူညီခဲ့ပြီးနောက် အသင်းရဲ့အကောင်းဆုံးကစားသမား ၂ ဦးကို ဆုံးရှုံးရမှာက ဘွန်ဒက်စ်လီဂါထိပ်သီးအသင်းကြီးအတွက် အိပ်မက်ဆိုးဖြစ်လာမှာဖြစ်ပါတယ်။