ချဲလ်ဆီးအသင်းဟာ ကမ္ဘာ့ဈေးအကြီးဆုံး ဂိုးသမားဖြစ်သူ ကီပါရဲ့ နေရာကို မန်ယူအသင်းရဲ့ လူငယ်ဂိုးသမား ဟန်ဒါဆန်ဖြင့် အစားထိုးရန် ချိန်ရွယ်နေကြောင်း သတင်းတွေကဖော်ပြနေကြပါတယ်။

Source: Euro Football Rumours
ချဲလ်ဆီးနည်းပြ လမ်းပက်ဟာ စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထားတဲ့ ကီပါအနေနဲ့ စတန်းဖို့ဒ်ဘရစ်မှာ မျှော်လင့်ထားသလောက် လက်စွမ်းမပြနိူင်တာကြောင့် လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ ရောင်းထုတ်ဖွယ်ရှိနေပါတယ်။ ချဲလ်ဆီးအသင်းဟာ ဒီရာသီပရီးမီးယားလိဂ် ပြီးဆုံးဖို့ တပွဲအလိုတွင် ပေးဂိုး (၅၄) ဂိုးအထိရှိပြီး ထိပ်ဆုံး (၅) သင်းမှာ အများဆုံးလည်းဖြစ်ပါတယ်။

Source: Givemesport
လမ်းပက်ဟာ ကီပါနေရာကို ရှက်ဖီးအသင်းတွင် အငှားဖြင့် သွားရောက်ကစားနေတဲ့ ဟန်ဒါဆန်ဖြင့် အစားထိုးဖို့ စီစဉ်နေပါတယ်။ Manchester Evening News ရဲ့ဖော်ပြချက်အရ ချဲလ်ဆီးအသင်းဟာ ဟန်ဒါဆန်ရဲ့ ကိုယ်စာလှယ်များနှင့် ဆက်သွယ်မူတွေပြုလုပ်နေပြီး တစ်ပက်လုပ်ခ ပေါင် (၁၇၀၀၀၀) အထိပေးချေဖို့ ရှိနေကြောင်း သိရပါတယ်။
ဆိုးလ်ရှားအနေဖြင့် ဟန်ဒါဆန်ဟာ မန်ယူအသင်းရဲ့ နံပက် (၁) ဦးစားပေး ဂိုးသမားဖြစ်လာဖွယ်ရှိကြောင်း ပြောဆိုထားတာတွေရှိပါတယ်။ ဒါပေမယ့် လက်ရှိ အသင်းရဲ့ပထမဦးစားပေး ဂိုးသမား ဒီဂီယာကို လေးနှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုလိုက်သောကြောင့် ဟန်ဒါဆန်အနေဖြင့်မန်ယူအသင်းတွင် ဒီဂီယာနှင့် ပထမဦးစားပေးဂိုးသမားနေရာအတွက် ယှဉ်ပြိုင်လိုခြင်း မရှိဘူးလို့သိရပါတယ်။

Source: Sporting Life
ဟန်ဒါဆန်ဟာ လာမည့်သီတင်းပတ်တွင် ရှက်ဖီးအသင်းနှင့် အငှားစာချုပ်သက်တမ်းပြည့်တော့မှာဖြစ်ပြီး မန်ယူအသင်းသို့ ပြန်လာရတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် ဩဂုတ်လတွင် ယှဉ်ပြိုင်ကစားရမယ့် ယူရိုပါလိဂ်ကစားသမားစားရင်းတွင် ဟန်ဒါဆန်ကို ထည့်သွင်းထားခြင်းမရှိဘူးလို့ သိရပါတယ်။
ဟန်ဒါဆန်နဲ့မန်ယူအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ (၂၀၂၂) ခုနှစ်ရောက်မှ ကုန်ဆုံးမှာဖြစ်သော်လည်း ပထမအသင်းတွင် ကစားခွင့်မရရှိခဲ့ပါက ဟန်ဒါဆန်အနေနဲ့ အသင်းပြောင်းဖွယ်ရှိနေပါတယ်။ ချဲလ်ဆီးအသင်းအနေနဲ့ အသက် (၂၃) နှစ်အရွယ်သာရှိသေးတဲ့ ဟန်ဒါဆန်ကို ခေါ်ယူနိူင်မလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။
