ချယ်ဆီးကြယ်ပွင့် မေဆင်မောင့်ဟာ စတန်းဖို့ဒ်ဘရစ်ဂျ်ကို ရောက်ရှိလာမယ့် ဟာကင်ဇီယက်ချ်အကြောင်းကို ဒတ်ချ်လိဂ်မှာ အငှားနဲ့သွားရောက်ကစားခဲ့တဲ့အချိန်ကတည်းက အကုန်သိရှိခဲ့ပြီး အေဂျက်ကြယ်ပွင့်နဲ့ အတူတူလေ့ကျင့်ဖို့ မစောင့်ဆိုင်းနိုင်တော့ဘူးလို့ ပြောကြားခဲ့ကြောင်း Metro က ဖော်ပြခဲ့ပါတယ်။

ဟာကင်ဇီယက်ချ်ဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ ချယ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့အတွက် သဘောတူညီခဲ့တာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ကမ္ဘာလုံးဆိုင်ရာဘောလုံးလောက ရပ်ဆိုင်းထားတဲ့အတွက် ဘယ်အချိန်မှာ စတန်းဖို့ဒ်ဘရစ်ဂျ်ကို ပြောင်းရွှေ့လာရမလဲဆိုတာ မရေမရာဖြစ်နေတာဖြစ်ပါတယ်။

Photo: The Sun

အပြောင်းအရွှေ့ဟာ ဇူလိုင်လ ၁ ရက်နေ့မှာ ဖြစ်ပေါ်ရမှာဖြစ်ပေမယ့်လည်း ဒတ်ချ်လိဂ်နဲ့ ပရီးမီးယားလိဂ်တို့ဟာ ၎င်းတို့ရဲ့ ၂၀၁၉-၂၀၂၀ ရာသီကို ပြီးဆုံးအောင်ကစားဖို့ ကြိုးပမ်းနေရဆဲဖြစ်ပြီး ဟာကင်ဇီယက်ချ်ဟာ ၂၀၂၀-၂၀၂၁ ရာသီစတင်ချိန်ထိတိုင်အောင် ချယ်ဆီးအသင်းအတွက် ပါဝင်ကစားပေးနိုင်ဖို့ မရေရာသေးတာဖြစ်ပါတယ်။

ဒါပေမယ့် မေဆင်မောင့်က ဗီတက်စ်အသင်းမှာ အငှားနဲ့ သွားရောက်ကစားခဲ့တုန်းက ရင်ဆိုင်ခဲ့ရတဲ့ ဟာကင်ဇီယက်ချ်နဲ့အတူ ကစားဖို့ စိတ်အားထက်သန်နေပြီဖြစ်ပြီး ချယ်ဆီးအသင်းဟာ ထိပ်တန်းကစားသမားတစ်ဦးကို ခေါ်ယူနိုင်ခဲ့တာဖြစ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ရန်ပုံငွေအတွက် ကိုရိုနာတိုက်ဖျက်ရေးဖီဖာပြိုင်ပွဲမှာ ပါဝင်ကစားပေးနေစဉ်အတွင်း ဇီယက်ချ်နဲ့အတူတူကစားဖို့ စောင့်မျှော်နေလားလို့ မေးမြန်းခဲ့တဲ့အခါမှာ “ဟုတ်ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကျွန်တော် ဟော်လန်မှာ အငှားနဲ့ ရှိခဲ့တဲ့အချိန်တုန်းကပေါ့။ ကျွန်တော် သူ့အကြောင်းကို နည်းနည်းသိခဲ့ပြီး သူက ဘယ်လောက်အထိ ကောင်းတဲ့ကစားသမားလဲဆိုတာ သိသာပါတယ်”

Source : Daily Express

“အဲဒီတော့ နောက်ထပ်အံ့အားသင့်ဖွယ်ကစားသမားတစ်ဦး အသင်းကို ပြောင်းရွှေ့လာမှာပါ။ အဲဒီတော့ သူနဲ့အတူတူ အလုပ်လုပ်ဖို့အတွက်၊ အတူတူလေ့ကျင့်ဖို့အတွက်နဲ့ သူနဲ့အတူတူ ကစားဖို့ စိတ်လှုပ်ရှားမိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။