ချဲလ်ဆီးအသင်းပရိသတ် ပလေးဘွိုင်းမော်ဒယ်ဟာ ချဲလ်ဆီးတိုက်စစ်မှူး လူကာကူရဲ့ ခြေစွမ်းနဲ့ပတ်သက်ပြီး သွယ်ဝိုက်ပြစ်တင်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

Photo: Daily Star
မာရီယာ လီမန်းလို့ အမည်ရတဲ့ ရုရှားပလေးဘွိုင်းမော်ဒယ်ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ စတမ်းဖို့ဒ် ဘရစ်ချ်ကို ပုံမှန်လာရောက် ကြည့်ရှုခဲ့ပြီး အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တဲ့ကစားသမားနဲ့ပတ်သက်ပြီး မြင်တွေ့ခဲ့ရတာတွေကို မနှစ်သက်ခဲ့တာ ဖြစ်ပါတယ်။ လူကာကူဟာ ပြီးခဲ့တဲ့နွေရာသီမှာ အင်တာမီလန်ကနေ ချဲလ်ဆီးကို ပေါင် ၉၇.၅ သန်းနဲ့ ပြန်လည်ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး စီးရီးအေမှာတုန်းက ခြေစွမ်းအတိုင်း ပြသနိုင်ဖို့အတွက် ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။

Photo: Daily Star
ဘယ်လ်ဂျီယမ်လက်ရွေးစင်တိုက်စစ်မှူး လူကာကူဟာ ယခုရာသီ ပရီးမီးယားလိဂ် ၁၆ ပွဲမှာ ၅ ဂိုးသာ သွင်းယူထားနိုင်ခဲ့တာဖြစ်ပြီး လီမန်းက စပါးစ်ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ တနင်္ဂနွေနေ့ပွဲစဉ်ကို တက်ရောက်ကြည့်ရှုခဲ့ပေမယ့် လူကာကူရဲ့နာမည်ကို ပွဲထွက်လူစာရင်းမှာ မြင်တွေ့ခဲ့ရတာကို မနှစ်မြို့ခဲ့တာဖြစ်ပါတယ်။ “ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်မ စတမ်းဖို့ဒ် ဘရစ်ချ်ကွင်းကို သွားခဲ့ပြီး လူကာကူ ဒီနေ့မကစားပါစေနဲ့လို့ မျှော်လင့်ခဲ့မိပါတယ်”လို့ အင်စတာဂရမ်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

Photo: Daily Star
ချဲလ်ဆီးအသင်းပရိသတ် အများအပြားကလည်း ဘယ်လ်ဂျီယမ်တိုက်စစ်မှူးက စပါးစ်နဲ့ ပွဲမှာ နောက်ထပ်တစ်ကြိမ် ဂိုးပေါက်ပျောက်ဆုံးနေခဲ့တာကြောင့် လီမန်းနည်းတူ ခံစားခဲ့ရတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ လီမန်းက ချဲလ်ဆီးနဲ့ တော့တင်ဟမ်ဟော့စပါးအသင်းတို့ ပွဲစဉ်အတွင်းက လူကာကူရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ၎င်းရဲ့ ထင်မြင်ချက်ကိုလည်း ပြန်လည်သုံးသပ်သွားခဲ့ပါတယ်။

Photo: Daily Star
“ဒါပေမယ့် သူ ပွဲကစားတာကို ကြည့်ပြီးတဲ့နောက်မှာ ကျွန်မသိသွားခဲ့တာက သူ လျှော့စျေးနဲ့ စျေးဝယ်ထွက်ဖို့ မီလန်ကို ပြန်သွားချင်နေတယ်ဆိုတာပါ။ သူ ကျွန်မတို့ကို ချစ်ခင်ဆဲပါ”
“ဒီနေ့က အရမ်းမိုက်တဲ့ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ကျေးဇူးတင်ပါတယ် ချဲလ်ဆီး။ မမေ့ပျောက်နိုင်တဲ့ ညနေခင်းလေး ဖြစ်စေခဲ့တဲ့အတွက်ပါ”လို့ ရေးသားခဲ့ပါတယ်။
Featured Photo: Daily Star
