ပရီးမီးယားလိဂ်ပွဲစဉ်(၂၉) တနင်္ဂနွေနေ့ညမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချယ်လ်ဆီးအသင်းနဲ့ အဲဗာတန်အသင်းတို့ပွဲစဉ်မှာတော့ အိမ်ရှင်ချယ်လ်ဆီးအသင်းက ပေးဂိုးမရှိဂိုးပြတ်အနိုင်ရလဒ်ဖြင့် အနိုင်ရရှိသွားခဲ့ပါတယ်။ အိမ်ရှင်ချယ်လ်ဆီးအနေနဲ့ ပတ်ဒရို ၊ ဝီလီယ်၊ ဂျရူး ၊ မေဆင်မောင့် ၊ ဘာကလေ ၊ ရူဒီဂါ ၊ ဇူးမား စတဲ့ကစားသမားကောင်းတွေနဲ့ အကောင်းဆုံးပုံစံပွဲထွက်လာခဲ့ပါတယ်။ အဲဗာတန်အသင်းကလည်း ကယ်ဗတ်လီဝင် ၊ ရစ်ချာလီဆင် ၊ ဂိုးမက် ၊ ဘားနက်ဒ် ၊ ဒစ်ဂ်နေး စသည်ဖြင့် ကစားသမားအစုံအလင်ကို ပွဲထွက်လူစားရင်းမှာအသုံးပြုခဲ့တာပဲ ဖြစ်ပါတယ်။

Source : We Ain’t Got No History

အိမ်ရှင်ချယ်လ်ဆီးအသင်းဟာ ပွဲချိန်စတင်ကတည်းက ပြိုင်ဖက်အသင်းအပေါ် ဖိအားပေးကစားနိုင်ခဲ့ပါတယ်။ဒီပွဲအတွက် အဖွင့်ဂိုးကိုလည်း ပွဲချိန် (၁၄) မိနစ်မှာ ပက်ဒရိုရဲ့ ပေးပို့မှုကနေတဆင့် မေဆင်မောင့်ရဲ့ အလှပဆုံး ကန်ချက်ဖြင့် ချယ်လ်ဆီးအသင်းအတွက် အဖွင့်ဂိုးကို အမှားအယွင်းမရှိရယူပေးနိုင်ခဲ့ပါတယ်။ ဦးဆောင်ဂိုးရရှိပြီး နောက်ထပ် (၇) မိနစ်အကြာမှာဘဲ ဘာကလေရဲ့ ဖန်တီးပေးမှုဖြင့် ပတ်ဒရိုက ဒုတိယမြောက်သွင်းဂိုးကို ထပ်မံသွင်းယူပေးနိုင်ခဲ့ပါတယ်။ ပွဲစဉ်ပထမပိုင်းကို ချယ်လ်ဆီးရဲ့ သွင်းဂိုးတွေနဲ့ ဦးဆောင်သွားခဲ့ပြီး ဧည့်သည်အဲဗာတန်အသင်းကတော့ အတော်လေး ရုန်းကန်ခဲ့ရပါတယ်။

Source : Evening Standard

ပွဲချိန်ဒုတိယပိုင်းပြန်လည်စတင်ပြီး (၅) မိနစ်အကြာမှာ ဝီလီယ်ရဲ့ ကန်ချက်ကနေ တတိယမြောက်ဦးဆောင်ဂိုးကို ရရှိခဲ့ပြီး နောက်ထပ် (၃) မိနစ်အကြာ ပွဲချိန် (၅၄) မိနစ်မှာ ဝီလီယ်ပေးပို့ခဲ့တဲ့ဘောလုံးကို ဂျရူးက အကောင်းဆုံးပိတ်သွင်းခဲ့တာကြောင့် (၄) ဂိုးမြောက်သွင်းဂိုးရရှိသွားခဲ့ပါတယ်။ အဲဗာတန်အသင်းကတော့ ကစားကွက်ပျောက်နေခဲ့ကာ ချယ်လ်ဆီးအသင်းကို သွင်းဂိုးတွေဆက်တိုက်ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ ချယ်လ်ဆီး နည်းပြ လမ်းပတ်ကတော့ လက်ကျန်မိနစ်တွေမှာ လူငယ်ကစားသမားတွေကို လူစားလဲပါဝင်စေခဲ့ပြီး အိမ်ကွင်းမှာဂိုးပြတ်အနိုင်ရလဒ်ကိုအကောင်းဆုံး ထိန်းသိမ်းသွားနိုင်ခဲ့တာဖြစ်ပါတယ်။

Source : Evening Standard