တနင်္လာနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ချယ်လ်ဆီးအသင်းနဲ့ ဝက်စ်ဟမ်းအသင်းတို့ရဲ့ ကစားပွဲမှာတော့ ချယ်လ်ဆီးအသင်း အနေနဲ့ အကောင်းဆုံးသွင်းဂိုးတွေကို သွင်းယူနိုင်ခဲ့ပြီး အမှတ်ဇယားရဲ့ တတိယနေရာမှာ ပြန်နေရာယူနိုင်ခဲ့ပါတယ်။ အဆိုပါ ပွဲရဲ့ အဓိကဇာတ်ကောင်ကတော့ ချယ်လ်ဆီးအသင်းတိုက်စစ်မှူး ဟာဇက်လို့ ဆိုရပါမယ်။ ဟာဇက်ဟာ ဝက်စ်ဟမ်းအသင်းရဲ့ နောက်တန်ကစားသမားတွေကို လှလှပပ ဖြတ်ကျော်သွားခဲ့ပြီး အကောင်းဆုံး သွင်းဂိုးတွေကို ချယ်လ်ဆီးအသင်းအတွက်  သွင်းယူပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Source : We Ain’t Got No History

ဟာဇက်ဟာ ပထမပိုင်း (၂၄) မိနစ်အချိန်မှာပဲ အသင်းအတွက် ဦးဆောင်ဂိုးကို ရယူပေးနိုင်ခဲ့တာဖြစ်ပြီး အဆိုပါသွင်းဂိုးဟာ ယခုနှစ်ဘောလုံးရာသီရဲ့ အကောင်းဆုံးသွင်းဂိုးများစာရင်းထဲမှ တစ်ဂိုးဖြစ်တယ်လို့ ဆိုရပါမယ်။ ပထမပိုင်းမှာ ချယ်လ်ဆီးအသင်းအနေနဲ့ ဝက်စ်ဟမ်းအသင်းကို ဖိအားပေးကစားခဲ့တာဖြစ်ပြီး မကြာခဏဂိုးပေါက်ခြိမ်းခြောက်မှုတွေပြုလုပ်နိုင်ခဲ့တာကြောင့် ဝက်စ်ဟမ်းအသင်းအနေနဲ့ တော်တော့်ကိုခက်ခက်ခဲခဲ ကစားခဲ့ရတာပဲဖြစ်ပါတယ်။

Source : BBC

သို့ပေမယ့် ဝက်စ်ဟမ်းအသင်းဟာ ဒုတိယပိုင်းမှာတော့ ဟာနန်ဒက်ဇ်နေရာကို တောင်ပံကစားသမား ဆနော့ဂရက်စ် လူစားလဲလှဲလိုက်ပြီးတဲ့နောက်မှာတော့ ဝက်စ်ဟမ်းရဲ့ တောင်ပံတိုက်စစ်တွေ ပြန်လည်အသက်ဝင်ခဲ့တယ်လို့ ပြောလို့ရပြီး ချယ်လ်ဆီးအသင်းကို အပြန်အလှန် တိုက်စစ်ဆင်ကစားနိုင်ခဲ့တာကိုတွေ့ရပါတယ်။ ဝက်စ်ဟမ်းအသင်း တိုက်စစ်မှူး အာနော်တိုဗစ်နဲ့ ကွင်းလယ်လူ လန်ဇီနီတို့ရဲ့ အပိုင်ရရှိလာတဲ့ အခွင့်အရေးကို ကောင်းစွာအသုံးချနိုင်ခဲ့ခြင်းမရှိတာကြောင့် ချေပဂိုးနဲ့ လွဲခဲ့ကာ ဒုတိယပိုင်းမိနစ် (၉၀) မှာ ဟာဇက်ရဲ့ ဒုတိယမြောက်သွင်းဂိုးနဲ့ အတူပွဲကိုအဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ လက်ရှိမှာတော့ (၃) ပွဲဆက်တိုက်အနိုင်ပွဲတွေရယူနိုင်ခဲ့ပြီး အမှတ်ပေး ဇယားရဲ့ တတိယနေရာကို ပြန်လည်ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

Source : Premier League