လက်ရှိစမတ်ဖုန်း‌ဈေးကွက်ထဲမှာ နာမည်အကြီးဆုံး Foldable ဖုန်းတွေက Samsung ထုတ် Galaxy Z Flip နဲ့ Galaxy Z Fold စီးရီးတွေပါ။ ဒါပေမယ့်လည်း ကမ္ဘာ့ပထမဆုံး Foldable ဖုန်းအဖြစ် ဈေးကွက်ဝင်ခဲ့တဲ့ဖုန်းကတော့ Samsung ထုတ်ကုန်မဟုတ်ခဲ့ပါဘူး။

ကမ္ဘာပေါ်မှာ ပထမဆုံးဈေးကွက်ဝင် ခေါက်သိမ်းနိုင်စမတ်ဖုန်းကို ထုတ်တဲ့ကုမ္ပဏီက Royole လို့ ခေါ်တဲ့ တရုတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ တရုတ်ဈေးကွက်မှာပဲ ရောင်းချနေပြီး ကမ္ဘာ့ဖုန်းဈေးကွက်ထဲ မဝင်လာတဲ့ တရုတ်ထုတ် Foldable Smartphone တွေအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) Royole FlexPai 2

Flex Pai 2

Photo: GSMArena

ကမ္ဘာ့ပထမဆုံး Foldable စမတ်ဖုန်း ထုတ်ခဲ့တဲ့ Royole ကုမ္ပဏီရဲ့ ဒုတိယမျိုးဆက် ခေါက်သိမ်းနိုင်စမတ်ဖုန်းပါ။ FlexPai 2 ဟာ တရုတ်မှာပဲ ဝယ်လို့ရမယ့် ထုတ်ကုန်တစ်ရပ်ဖြစ်ပြီး အရင်ထွက်ထားတဲ့ Original ဗားရှင်းကို အဆင့်မြှင့်တင်မှုတွေ လုပ်ထားပါတယ်။

FlexPai 2 ဟာ Screen ဖြန့်ထားချိန်မှာ မျက်နှာပြင် ၇.၈ လက်မဆိုဒ်ရှိပြီး ရုပ်ထွက်အနေနဲ့ 1920 x 1440p ပေးထားပါတယ်။ ခေါက်ထားချိန်မှာ Main Screen နဲ့ အရံ Display ဟာ ၅.၅ လက်မဆိုဒ်နဲ့ ၅.၄ လက်မဆိုဒ်စီ ရှိကြပါတယ်။ Snapdragon 865 chipset ၊ RAM 8/12GB နဲ့ 256GB/512GB ဆိုပြီး Storage အမျိုးမျိုး ထွက်ထားပါတယ်။ FlexPai 2 ကို ၉၉၈၈ ယွမ် (မြန်မာငွေ ၂၇ သိန်းကျော်) ဈေးနဲ့ ရောင်းချနေပါတယ်။

(၂) Huawei Mate X2

huawei-mate-x2-open

Photo: digitaltrends

နည်းပညာအသစ်အဆန်းတွေကို ဦးဆောင်ရာမှာ ထိပ်တန်းက ရှိခဲ့တဲ့ Huawei ဟာ Huawei Mate X နာမည်နဲ့ ခေါက်သိမ်းနိုင်စမတ်ဖုန်းကို စပြီး ကြေညာခဲ့ပါတယ်။ အနောက်ကို တွန်းခေါက်ရတဲ့ ဒီဇိုင်းဖြစ်ပြီး Samsung Galaxy Z Fold ကတော့ စာအုပ်တစ်အုပ်အဖွင့်./အပိတ်လုပ်သလို ခေါက်သိမ်းရလို့ ပိုပြီး ရင်းနှီးတဲ့ ဒီဇိုင်းလို့ ဆိုရမှာပါ။ ဒုတိယမျိုးဆက် Huawei Mate X2 မှာတော့ Galaxy Z Fold လိုပဲ အတွင်းခေါက်ဖြစ်လာပါတယ်။

Huawei Mate X2 ဟာ ဖြန့်ထားချိန် ၈ လက်မဆိုဒ် ရှိပြီး 2480 x 2200p OLED display နဲ့ ထွက်လာပါတယ်။ 90Hz Refresh Rate ပံ့ပိုးပေးထားတဲ့ ဒီဖုန်းဟာ ပိတ်လိုက်ချိန်မှာ ၆.၄၅ လက်မဆိုဒ်ဖြစ်လာမှာပါ။ နောက်ပိုင်းထွက် Huawei ဖုန်းတွေမှာ မတွေ့ရတော့တဲ့ Kirin 9000 5G chipset နဲ့လာပြီး ကျောဘက် လေးလုံးတွဲ Leica ကင်မရာရှေ့ 16MP Wide Lens တွ သုံးထားပါတယ်။ ဒေါ်လာ ၂၇၄၀ နီးပါးဈေးဖြစ်လို့ မြန်မာငွေနဲ့ဆို သိန်း ၅၀ ခန့် တန်တဲ့ ဖုန်းလို့ ဆိုရမှာပါ။

(၃) Xiaomi Mi Mix Fold

xiaomi-mi-mix-fold-2

Photo: digitaltrends

နိုင်ငံတကာဈေးကွက်ထဲ ဝင်ဖို့ အလားအလာအကောင်းဆုံး တရုတ် Foldable ဖုန်းတစ်လုံးက Xiaomi Mi Mix Fold ဖြစ်ပါတယ်။ ဒီနှစ် ဧပြီလကမှ တရုတ်မှာ ကြေညာထားတဲ့ ဖုန်းဖြစ်ပြီး 108MP Main Sensor နဲ့လာပါတယ်။ Screen Size ၈ လက်မရှိပြီး အပြင် Cover Display က ၆.၅၂ လက်မဆိုဒ်ရှိပါတယ်။ Snapdragon 888 5G Chipset သုံးထားပြီး ကျောဘက် ကင်မရာ ၃ လုံး ရှေ့ ဆယ်လ်ဖီ ၁ လုံး ပါရှိပါတယ်။
Xiaomi A.I Algorithm ကြောင့် Mi Mix Fold Display ဟာ ဓါတ်ပုံအရည်အသွေးကို 720p ကနေ 1440p အထိ နှစ်ဆ မြှင့်တင်နိုင်မှာပါ။ ၁၅၄၃ ‌ဒေါ်လာနဲ့ ညီမျှတဲ့ မြန်မာငွေ ၂၇ သိန်းခွဲခန့် ‌ဈေးနဲ့ ရောင်းချသွားမှာပါ။

Featured Photo: GSMArena