Chino နဲ့ ကာကီဘောင်းဘီတွေဟာ စမတ်ကျတယ် ၊ ယဉ်ပြီး သားနားတယ်လို့ နာမည်ကြီးပါတယ်။ ဒါပေမယ့် တစ်ခြား‌ဘောင်းဘီတွေလိုပဲ Chino Pants တွေ ဝတ်မယ်ဆိုရင် ဘယ်လို ပုံစံမျိုးရွေးချယ်သင့်တယ်။ ဘယ်အချက်အလက်တွေကို ကြည့်ပြီး ဝယ်ရမယ်ဆိုတာမျိုး သိထားဖို့ လိုပါတယ်။

(၁) ခါး

Photo: haggar

Chino ဘောင်းဘီခါးဟာ Jeans ဘောင်းဘီခါးနေရာလိုပဲ တင်ပါးဆုံရုံးအလယ်နဲ့ ခါးဆစ်နေရာကျ မှန်ဖို့ လိုပါတယ်။ ခါးနေရာမှန်ခြင်းဟာ ဘောင်းဘီတစ်ထည်ဝတ်ဖို့ အဆင်ပြေခြင်းရဲ့ အဓိက သော့ချက် ဖြစ်ပါတယ်။ ခါးကျ မှန်ဖို့ လိုသလို တင်ပါးနေရာဟာလည်း Fit ဖြစ်နေဖို့ လိုပါတယ်။ နည်းနည်း သက်တောင့်သက်သာရှိဖို့အတွက် မချောင်လွန်းမကျပ်လွန်းအနေအထား ဖြစ်အောင်လည်း ဂရုစိုက်သင့်ပါတယ်။

(၂) ခြေထောက်

Photo: Ashley Wetston

ဘောင်းဘီမှာ ခါးပိုင်းပြီးရင် ခြေထောက်ပိုင်း ဝတ်လို့ ကောင်းမကောင်းကလည်း အရေးတကြီး စဉ်းစားရမယ့် အချက် ဖြစ်ပါတယ်။ ဘောင်းဘီခြေထောက်ပိုင်းဟာ ဝတ်လို့ သက်တောင့်သက်သာ ရှိဖို့ လိုပါတယ်။ ထိုင်လို့ ထလို့ လမ်းလျှောက်သွားလာဖို့ အဆင်ပြေရပါမယ်။ ဒါပေမယ့်လည်း ခြေသလုံးသားနဲ့ ကပ်ပြီး ကျပ်နေတာမျိုး မဖြစ်သင့်ပါဘူး။ အကောင်းဆုံးက ဘောင်းဘီ Thighs ဟာ ခြေထောက်နဲ့ ၁ လက်မခွဲထက်ပို မချောင်သင့်ပါဘူး။

(၃) အရှည်

Photo: hiconsumption

Chino ဝတ်မယ်ဆိုရင် စီးနေကျ ဖိနပ်နဲ့ပါ လိုက်ပြီး စဉ်းစားသင့်ပါတယ်။ ခြေအိတ်မပါဘဲ Sock-less စီးတယ်ဆိုရင် နည်းနည်းလေး ဖနောင့်ဖုံးတဲ့ အရှည်က အဆင်ပြေပါတယ်။ ပုံမှန်အတိုင်းဆိုရင်တော့ ခြေမျက်စိဖုံးသာရုံက အကောင်းဆုံးပါပဲ။ ဘောင်းဘီရှည်လို့ အောက်အနားတွေ ခေါက်ထားရတာမျိုးက အဆင်မပြေပါဘူး။
ဒီအချက်တွေကတော့ Chino Pant ဝယ်မယ်ဆိုရင် စဉ်းစားအသင့်ဆုံး အခြေခံအချက်တွေအကြောင်း ဖြစ်ပါတယ်။ Chino ကာလာတွေဟာ ကာကီရောင် ဖြစ်ဖြစ် အသားရောင် ဒါမှမဟုတ် မီးခိုးရောင်တွေလိုမျိုး အရောင်ငြိမ်တာတွေ ဖြစ်သင့်ပါတယ်။ ပွဲသွားပွဲလာပဲ ဖြစ်ဖြစ် ကိုယ့်ဘာသာ သပ်သပ်ရပ်ရပ် ဝတ်တာမျိုး ကြိုက်ရင်ပဲ ဖြစ်ဖြစ် Chino Pant တွေဟာ အသက်အရွယ်မရွေး အလိုက်ဖက်ဆုံး ဘောင်းဘီလို့ ဆိုရမှာပါ။