Chinos ဘောင်းဘီတွေက အမျိုးသားတိုင်း ပိုင်ဆိုင်ထားသင့်တဲ့ ဂန္ထဝင် Menswear Item တစ်ခုပါ။ အချိန်နေရာမရွေး ၊ ဖက်ရှင်တော်တော်များများနဲ့ တွဲဖက်ဝတ်ဆင်နိုင်တဲ့ ဘက်စုံသုံး ဘောင်းဘီအမျိုးအစားတစ်ခုဆိုလည်း မမှားပါဘူး။ Chinos ဘောင်းဘီ တွေ ဝတ်မယ်ဆိုရင်တော့ လိုက်ဖက်တဲ့ Shoes တွေကိုလည်း အတွဲအစပ်မိမိ‌ ရွေးချယ်ဝတ်ဆင်တက်ဖို့ လိုပါတယ်။ ရုံးတက်ဖက်ရှင်အနေနဲ့ ဝတ်မှာလား ၊ စမတ်ကျကျ ပွဲတက်မှာလား ၊ ပေါ့ပေါ့ပါးပါး လူငယ်ဆန်တဲ့ စတိုင်မျိုး ဝတ်မှာလား စသည်ဖြင့် ကိုယ်ဝတ်မယ့် ဖက်ရှင်နဲ့ အညီ Shoes တွေကို ပြောင်းလဲ ဝတ်ဆင်ရမှာ ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့အတွက် Chinos ဘောင်းဘီ နဲ့ ဝတ်ဖို့ အလိုက်ဖက်ဆုံး Shoes ၅ ရံ ကိုပြောပြပေးချင်ပါတယ်။

(၁) Boots

Photo : The Trend Spotter

Chinos ဘောင်းဘီ နဲ့ အံ့ဩစရာကောင်းလောက်အောင် အတွဲအစပ်ညီတာကတော့ Boots တွေပါပဲ။ Suede ၊ Leather Chukka နဲ့ Chelsea Boots တွေအထိ ကိုယ့်ရဲ့ အသွင်အပြင်နဲ့ အကိုက်ညီဆုံး ဖိနပ်စတိုင်ကို ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။ Chukka Boots တွေက Smart Casual ဝတ်စုံတွေ ၊ Semi-Formal ဖက်ရှင် စတိုင်တွေနဲ့ အလိုက်ဖက်ဆုံးပါ။ Chelsea Boots တွေကတော့ ပိုပြီး Casual ဖြစ်တဲ့ စတိုင်တွေနဲ့ လိုက်ဖက်ပါတယ်။

(၂) Loafers

Photo : The Trend Spotter

တစ်ခါတစ်လေ ဘာဝတ်ရမလဲ ခေါင်းစားနေရတဲ့ အချိန်တွေမှာ ကွီးတို့အတွက် ပြီးပြည့်စုံတဲ့ ဖက်ရှင်ကို ပေးစွမ်းနိုင်တဲ့ အကောင်းဆုံးရွေးချယ်မှုတစ်ခုကတော့ Chinos ဘောင်းဘီ နဲ့ Loafers ဖိနပ်တွေပဲ ဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါး စမတ်ကျတဲ့ ဖက်ရှင်အနေနဲ့ပဲ ဝတ်မလား ၊ ရုံးတက် ပွဲတက် ဖက်ရှင်အနေနဲ့ပဲ တွဲဖက်ဝတ်ဆင်မလား အဆင်ပြေပါတယ်။ Chinos နဲ့ Loafers တွေဝတ်တဲ့အခါ ခြေအိတ်မပါပဲ ဝတ်ဆင်တာက ပိုပြီး ခေတ်မှီစတိုင်ကျတဲ့ အသွင်အပြင်ကို ပေးစွမ်းပါလိမ့်မယ်။

(၃) Sneakers

Photo : The Trend Spotter

အားလပ်ရက်မှာ Casual Weekend စတိုင် တစ်ခုအနေနဲ့ အထာကျကျ ရှိုးထုတ်ချင်တယ်ဆိုရင်တော့ Chinos ဘောင်းဘီ ကို Sneakers တွေနဲ့သာ တွဲဖက်ဝတ်ဆင်လိုက်ပါတယ်။ Sneakers ရဲ့အရောင်ကို အဖြူရောင် ဒါမှမဟုတ် အနက်ရောင်ကို ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။ အပေါ်ကတော့ T-shirt တစ်ထည် သို့မဟုတ် နှစ်သက်ရာ Jacket / Jumper တစ်ထည်နဲ့ တွဲဝတ်လိုက်ပါ။ ဒါဆိုရင်တော့ တကယ်ကိုပဲ ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဆန်တဲ့ ဖက်ရှင်အသွင်အပြင်ကို ရစေမှာပဲ ဖြစ်ပါတယ်။ ညနေခင်းပါတီပွဲ တက်ရောက်မယ်ဆိုရင်တော့ T-shirt နဲ့ Jacket နေရာမှာ Shirt နဲ့ Blazer ကုတ်ကိုပြောင်းလဲပြီး Smart Casual စတိုင် ဝတ်ဆင်နိုင်ပါတယ်။

(၄) Boat Shoes

Photo : The Trend Spotter

Boat Shoes တွေက Loafers လိုပဲ စွယ်စုံရတဲ့ ဖိနပ်အမျိုးအစားတစ်ခု ဖြစ်ပြီး Chinos ဘောင်းဘီနဲ့ တွဲဝတ်လိုက်မယ်ဆိုရင်တော့ တကယ်ကိုပဲ ကွဲပြားခြားနားတဲ့ အသွင်အပြင်ကို ပေးစွမ်းနိုင်ပါတယ်။ များသောအားဖြင့် Chinos နဲ့ Boat Shoes အတွဲအစပ်က Semi-Formal စတိုင်မျိုးပေါက်ပေမယ့် ပေါ့ပေါ့ပါးပါးနဲ့ စမတ်ကျတဲ့ ဖက်ရှင်တစ်ခုအနေနဲ့လည်း ဝတ်ဆင်လို့ ရပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ စမတ်ကျတဲ့ ဖက်ရှင်မျိုးဝတ်ချင်ရင်တော့ Boat Shoes ကို အဖြူရောင် Chinos ဘောင်းဘီ တွေနဲ့ တွဲဝတ်ကြည့်ပါ။ အပေါ်က Blazer ကုတ် ၊ အစင်းပါတဲ့ Shirt တွေနဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

(၅) Lace-Up Shoes

Photo : The Trend Spotter

Lace-Up Shoes နဲ့ Chinos ကတော့ Formal ဆန်တဲ့ ဖက်ရှင်တွေအတွက် အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။ တကယ်လို့ Semi Formal စတိုင်အသွင်အပြင်မျိုး ဝတ်ချင်ရင်တော့ Leather Oxfords Shoes တွေနဲ့ တွဲဝတ်နိုင်ပါတယ်။ Cocktail Dress Codes အတွက်ဆို Leather နဲ့ Suede Derby Shoes တွေက အကောင်းဆုံး ဖြစ်ပါတယ်။ အလားတူ Suede Derby Shoes ၊ Brogues Shoes တွေက ဆန်းသစ်တဲ့ ဖက်ရှင်အသွင်အပြင်နဲ့ ပေါ့ပါးပြီး စမတ်ကျမှုကို ပေးစွမ်းပါတယ်။ Formal ပဲဖြစ်ဖြစ် Informal Outfit တွေအတွက်ပဲ ဖြစ်ဖြစ် အရောင် ရွေးချယ်မှုအပိုင်းက အရေးကြီးဆုံးပါပဲ။ ဥပမာအားဖြင့် အနက်ရောင် Shoes တွေနဲ့ အရောင်အနုဘက်သွားတဲ့ ဘောင်းဘီ ဖက်ရှင်အတွဲအစပ်က ကာကီရောင်ဘောင်းဘီနဲ့ အညိုရောင် Shoes ဖက်ရှင်အတွဲအစပ်ထက် ပိုပြီး ဆွဲဆောင်မှုရှိပါတယ်။

Featured Photo : The Trend Spotter