ဂျင်းဘောင်းဘီပြီးရင် ဒုတိယလူကြိုက်အများဆုံး ဘောင်းဘီအမျိုးအစားကတော့ ချီနိုဘောင်းဘီများပဲဖြစ်ပါတယ်။ ချီနိုဘောင်းဘီ စတင်ပေါ်ပေါက်လာတဲ့ သမိုင်းကြောင်းကတော့ ၁၈၄၀ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပါတယ်။

ထိုအချိန်တုန်းက ဗြိတိသျှနယ်ချဲ့ စစ်သားများသည် အိန္ဒိယနိုင်ငံကိုဖြတ်ပြီး သွားလာရတဲ့အခါ သူတို့ရဲ့စစ်ယူနီဖောင်းကို ကာကီရောင်အဖြစ် ပြောင်းလဲခဲ့ကြတာဖြစ်ပါတယ်။ ၁၀ စုနှစ် တစ်ခုကြာပြီးနောက် စပိန် အမေရိကန်စစ်ပွဲအတွင်းမှာ ထိုယူနီဖောင်းကို ပေါ့ပါးတဲ့ ချည်သားဘောင်းဘီအဖြစ် အစားထိုးခဲ့ကြတာဖြစ်ပါတယ်။ ထိုဘောင်းဘီကို တရုတ်နိုင်ငံက အဓိကထား ထုတ်လုပ်ပေးတာဖြစ်ပါတယ်။

ဒါ့ကြောင့် စပိန်လူမျိုးတွေက တရုတ် (China) ကို ချီနို (Chino) ဆိုပြီး ဗန်းစကားအဖြစ် ခေါ်ဝေါ်ရာမှာ အစပြုခဲ့တဲ့နာမည်ဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ ချီနိုလို့ခေါ်တဲ့ ချည်သားနဲ့ ပြုလုပ်ထားတဲ့ ဘောင်းဘီများကို စစ်သားများသာမက သာမန်အရပ်သားများလည်း ဖက်ရှင်တစ်ခုအဖြစ် ဝတ်ဆင်လာကြပါတယ်။

ချီနိုဘောင်းဘီများသည် အရောင်အသွေးမျိုးစုံဖြင့် လာပြီး ရှပ်အင်္ကျီနဲ့ တွဲဖက်ဝတ်ဆင်ပါက လွတ်လပ်ပေါ့ပါးတဲ့ ဖက်ရှင်အသွင်ကို ဖန်တီးနိုင်ပါတယ်။ ချီနိုဘောင်းဘီကို စတိုင်လ်ကျလှပအောင် ရှပ်အင်္ကျီများနဲ့ ဘယ်လိုတွဲဖက်ဝတ်ဆင်သင့်သလဲဆိုတော့ …

အစိမ်းရောင်ချီနိုနှင့် အစင်းကျားရှပ်အင်္ကျီ

Chinos and Shirt Combinations for men

Denim ရှပ်အင်္ကျီနဲ အဖြူရောင်ချီနိုဘောင်းဘီ

Chinos and Shirt Combinations for menChinos and Shirt Combinations for men

မီးခိုးရောင် ချီနိုနှင့် နေဗီပြာရောင် လက်တိုရှပ်အင်္ကျီ

Chinos and Shirt Combinations for men

စမတ်ကျစေမယ့် ဖက်ရှင်

Chinos and Shirt Combinations for men

နေဗီပြာရောင် ဘောင်းဘီနှင့် အပြာနုရောင် ရှပ်အင်္ကျီအတွဲအစပ်

Chinos and Shirt Combinations for men

Formal ဆန်ဆန် ဝတ်ဆင်ချင်တဲ့အခါ အပေါ်ကနေ ကုတ်တစ်ထပ် ဝတ်ဆင်လိုက်ပါ

Chinos and Shirt Combinations for men

အသားရောင်ချီနိုနှင့် အနက်ရောင်ရှပ်အင်္ကျီကတော့ လူငယ်ဆန်တဲ့အသွင်ကို ပေးစွမ်းနိုင်မှာပါ

Chinos and Shirt Combinations for menChinos and Shirt Combinations for men

ရောင်စုံရှပ်အင်္ကျီကတော့ နောက်ဆုံးပေါ်ဖက်ရှင်တစ်ခုလိုပါပဲ

Chinos and Shirt Combinations for men

ထသွားထလာ ဖက်ရှင်

Chinos and Shirt Combinations for men

ဆန့်ကျင်ဘက်အရောင်နှစ်ခုဖြစ်တဲ့ အဖြူနဲ့အနက်ဖက်ရှင်

Chinos and Shirt Combinations for men

အဖြူရောင်တီရှပ်နှင့် သံလွင်စိမ်းရောင်ဘောင်းဘီအတွဲအစပ်

Chinos and Shirt Combinations for men

ပိုမိခေတ်ဆန်ချင်တယ်ဆိုရင်တော့ Suspenders ကြိုးနဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်

Chinos and Shirt Combinations for men

တွေ့ရခဲတဲ့ ကြက်သွေးပုတ်ရောင်ရှပ်အင်္ကျီ

Chinos and Shirt Combinations for menChinos and Shirt Combinations for men

ပန်းရောင်ချီနိုဘောင်းဘီကလည်း သင့်ကို ငယ်ရွယ်နုပျိုစေမှာပါ

Chinos and Shirt Combinations for men

အညိုရောင်ချီနိုဘောင်းဘီနှင့် အပြာရောင်ရှပ်အင်္ကျီအတွဲအစပ်

chinos and shirts fashionchinos and shirts fashion

အပြာရောင် အစင်းကျားရှပ်အင်္ကျီကတော့ သင့်ကို ပိန်ပိန်ပါးပါးအသွင် ဖော်ဆောင်ပေးမှာပါ

chinos and shirts fashion

အရောင်တောက်တောက်လေး ဝတ်ဆင်ချင်တယ်ဆိုရင်တော့ အပြာတောက်တောက်လေး ရွေးချယ်ပါ

chinos and shirts fashion

အစိမ်းရောင်နဲ့ တွဲဖက်ဝတ်ဆင်ဖို့ဆို အသားရောင်ချီနိုဘောင်းဘီ ရွေးချယ်ပါ

chinos and shirts fashion

အစိမ်းရောင်ချီနိုဘောင်းဘီကိုတော့ အနက်ရောင်ရှပ်အင်္ကျီနဲ့ တွဲဖက်ဝတ်ဆင်ပါ

chinos and shirts fashion

ဖက်ရှင်ချစ်သူဘော်ဒါတို့လည်း ချီနိုဘောင်းဘီနဲ့ ရှပ်အင်္ကျီဖက်ရှင်ကို စတိုင်လ်ကျကျဝတ်ဆင်ကာ ဆွဲဆောင်အားပြင်းတဲ့ပုံရိပ်မျိုးကို ဖန်တီးနိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Source: Fashionhombre.com

Featured Image Source: Hotdrops.com