Red Magic ကတော့ ပြီးခဲ့တဲ့ နှစ်ထဲက ထွက်ရှိခဲ့တဲ့ Red Magic Gaming တက်ဘလက်ထက် ပိုကြမ်းပိုလန်းတဲ့ တက်ဘလက် အသစ်တစ်လုံးကို ကြေညာသွားခဲ့ပါပြီ။ Red Magic Nova လို့ နာမည်ပေးထားတဲ့ ဒီ တက်ဘလက် မှာ လက်ရှိဈေးကွက်ထဲက စွမ်းဆောင်ရည် အမြင့်ဆုံး Snapdragon 8 Gen 3 Chipset ကို ထည့်သွင်းပေးထားပြီး 12 GB / 256 GB ၊ 16 GB / 512 GB နဲ့ 24 GB / 1 TB RAM / Storage အတွဲအစပ် ၃ မျိုးနဲ့ လာပါတယ်။

Red Magic Nova

Photo : GSMArena.com

မျက်နှာပြင်ကတော့ ၁၀.၉ လက်မ LCD ကို တပ်ဆင်ပေးထားပြီး 16:10 Aspect Ratio မှာ 2,880 x 1,800px Resolution နဲ့ 144 Hz Refresh Rate ထောက်ပံ့ပေးထားပါတယ်။ Red Magic Nova Gaming တက်ဘလက်မှာ ရုပ်ထွက်ပိုင်း အထူးကြည်လင် ပြတ်သားမှုရှိစေဖို့အတွက် Super-Resolution နည်းပညာကိုလည်း အသုံးပြုပေးထားပါတယ်။

Red Magic Nova

Photo : GSMArena.com

ဘက်ထရီအနေနဲ့ ၁၀.၉ လက်မအရွယ် တက်ဘလက်တစ်လုံးအတွက် လုံးဝကိုက်ညီမှုရှိတဲ့ 120W Charging စနစ်ထောက်ပံ့ပေးထားတဲ့ 10,100 mAh ဘက်ထရီကို တပ်ဆင်ပေးထားပြီး ဘက်ထရီ ၅၀ ရာခိုင်နှုန်းပြည့်ဖို့ အချိန် ၁၅ မိနစ်သာလိုကာ ၁၀၀ ရာခိုင်နှုန်းအားအပြည့်သွင်းဖို့ ၄၅ မိနစ်ဝန်းကျင်ခန့်ပဲ ကြာမြင့်မှာ ဖြစ်ပါတယ်။

ကင်မရာတပ်ဆင်မှုပိုင်းမှာတော့ 20 MP အရှေ့ကင်မရာနဲ့ ကျောဘက်မှာ 50 MP ကင်မရာတို့ ပါဝင်ပါတယ်။ နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တွေကတော့ Red Magic Nova မှာ 4-array Speaker System နဲ့ Large X-axis Linear Vibration Motor တို့ကို ထည့်သွင်းပေးထားတဲ့အတွက် ပိုလန်းပိုမိုက်တဲ့ Gaming Experience ကို ရရှိမှာ ဖြစ်ပါတယ်။ Peace Elite ၊ Asphalt 9 ၊ PUBG Mobile နဲ့ Knives Out တို့လို ဂိမ်းတွေ ကစားမယ်ဆိုရင်တော့ လုံးဝရှယ်ကြီး ဖြစ်နေမှာပါ။

Red Magic Nova

Photo : GSMArena.com

Powerful Hardware ပိုင်း Running လုပ်ချိန်မှာ ပိုမို Smooth ဖြစ်စေဖို့အတွက်လည်း 9-Layer Passive Cooling Solution ကို အထူးဒီဇိုင်းထုတ်ထားပြီး 20,000 RPM မှာ Cooling Fan အလုပ်လုပ်စေမှာ ဖြစ်ပါတယ်။ နောက်တစ်ထပ်တစ်ချက်ကတော့ Iconic ဖြစ်တဲ့ Semi-Transparent Design ကိုလည်း Red Magic Nova Gaming တက်ဘလက်မှာ ထည့်သွင်းပေးထားပါတယ်။ Device မှာ အထာကျတဲ့ Aluminum ၊ Glass နဲ့ RGB Lighting တွေလည်း ပါဝင်ပါတယ်။ Colorways အနေနဲ့ကတော့ Cyclone နဲ့ Snowfall တို့ ရမှာပါ။

Red Magic Nova

Photo : GSMArena.com

လက်ရှိမှာတော့ Red Magic Nova Gaming တက်ဘလက် ကို တရုတ်နိုင်ငံမှာ စတင်ရောင်းချနေပြီး မကြာမီအချိန်အတွင်း နိုင်ငံတကာဈေးကွက်ထဲမှာ ရနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ 12 GB/256 GB ဗားရှင်းအတွက် ယွမ် ၃,၉၉၉ (ဒေါ်လာ ၅၆၅) ၊ 16 GB/512 GB ဗားရှင်းအတွက် ယွမ် ၄,၄၉၉ (ဒေါ်လာ ၆၃၅) နဲ့ 24 GB/1 TB မော်ဒယ်အတွက်ကိုတော့ ယွမ် ၅,၅၉၉ (ဒေါ်လာ ၇၉၀) ခန့် ဈေးနှုန်းအသီးသီး သတ်မှတ်ထားပါတယ်။

Source : GSMArena.com

Featured Photo : GSMArena.com