အသက်မွေးမှုအတွက် လမ်းကြောင်းရွေးရတာဟာ အဆင်ပြေခဲပါတယ်။ လူအတော်များများဟာ အလုပ်အကိုင်မျိုးစုံကို ဖြတ်သန်းပြီးမှ သူတို့စရိုက် ၊ Skills နဲ့ ထိုက်တန်တဲ့ နေရာမှန်ကို ရောက်တာ များပါတယ်။ လူငယ်တစ်ယောက်အတွက် အဖိုးတန်လှတဲ့ ကိုယ့်အချိန်တွေကို အလုပ်လမ်းကြောင်းမှန်အောင် ရှာရင်းနဲ့ အချိန်မကုန်စေဖို့ အဖိုးတန်တဲ့ အကြံပြုချက်တချို့ကို လက်ဆင့်ကမ်းလိုက်ပါတယ်။

(၁) ကိုယ့် Skills ကို သိ ၊ အစီအစဉ်ရှိပါစေ

man-talking-camera-recording-himself-vlog-working-from-home-young-content-creator

Photo: Freepik

နယ်ပယ်တစ်ခုခုမှာ ဝင်ရောက်တော့မယ်ဆိုရင် အရေးကြီးတဲ့ အခြေအနေနှစ်ရပ်ကို အရင်ဆုံး ဖြည့်ဆည်းရပါတယ်။ ပထမတစ်ခုက အဲ့ဒီနယ်ပယ်နဲ့ ကိုယ့်ရဲ့ လက်ရှိ Skills ၊ ပညာရေးနောက်ခံတွေက အံဝင်ရဲ့လားဆိုတဲ့အချက် ဖြစ်ပြီး နောက်တစ်ချက်က ကြုံလာမယ့် စိန်ခေါ်မှုတွေနဲ့ ရလာမယ့် အခွင့်အလမ်းတွေ ၊ ကျွမ်းကျင်မှုသစ်တွေက ဘာတွေလဲဆိုတာ သိဖို့ ဖြစ်ပါတယ်။
ဒီတော့ အရေးကြီးတဲ့အချက်က ကိုယ့် Talent ကို အရင်သိအောင် လုပ်ပါ။ ပြီးရင် ကိုယ်မွေ့လျော်ပျော်ပိုက်တဲ့ နယ်ပယ်ကို ရှာဖွေပါ။ ကိုယ့် Skills ကို အစီအစဉ်တကျ နေရာမှန် ထားတတ်သူဟာ အသက်မွေးဝမ်းကြောင်း အလုပ်ရွေးမှန် မှာ ဖြစ်ပါတယ်။

(၂) ကိုယ့်တန်ဖိုးကို သိပါစေ

businessman-hand-holding-wooden-cube-block-with-skill-business-word-ability-learn-knowledge-technical-professional-experience-concepts

Photo: Freepik

အကောင်းဆုံး လုပ်ငန်းရှင်ဆိုတာ ကိုယ့်တန်ဖိုးကို ရှင်းရှင်းလင်းလင်း သိထားတဲ့ အလုပ်လျှောက်သူကို တန်ဖိုးထားပါတယ်။ ဒီနားမှာ ကိုယ့်ကိုယ်ကိုယ် အရှိအတိုင်း သိထားဖို့တော့ လိုပါတယ်။ တကယ်လို့ ကိုယ်ဟာ လုပ်ငန်းခွင်နယ်ပယ်တစ်ခုမှာ ထိုက်တန်တဲ့ အတွေ့အကြုံလည်း ရှိထားတယ်။ အကောင်းဆုံး စွမ်းဆောင်မှုတွေလည်း လုပ်ခဲ့တယ်။ ဒါဆိုရင် ကိုယ့်လုပ်အားတန်ဖိုးက အတက်မှာ ရှိပါတယ်။ ကိုယ်လက်လှမ်းမီရာ လစာစစ်တမ်းတွေ လုပ်ပါ။ ပရော်ဖက်ရှင်နယ်တွေကို မေးမြန်းအကြံတောင်းခံပါ။

(၃) CV ဖောင်ကို ပုံမှန် Update လုပ်ပါ

businesswoman-reading-resume-man-document-during-interview

Photo: Freepik

အလုပ်အကိုင်ကောင်းကောင်း ရဖို့အတွက် ကိုယ်တတ်ကျွမ်းထားတဲ့ ပညာရေးဆိုင်ရာအောင်မြင်မှုတွေနဲ့ ပရော်ဖက်ရှင်နယ်လုပ်ဆောင်ချက်တွေ အားလုံးကို CV ထဲမှာ မှတ်တမ်းတင်ထားရပါတယ်။ နှစ်တိုင်းမှာ CV ကို အသစ်ပြင်ပါ။ အလုပ်အကိုင်နယ်ပယ်မှာ တစ်ခုခု ထူးခြားတဲ့ လုပ်ဆောင်ချက်တွေ ရှိလာတိုင်း CV မှာ ထည့်ပြင်ပါ။ CV ကို ပုံမှန် Update လုပ်ပေးတာဟာ ကိုယ့်ရဲ့လက်ရှိ ကျွမ်းကျင်မှုကို အကောင်းဆုံးပုံစံနဲ့ ခင်းကျင်းပြသနေတာပဲ ဖြစ်ပါတယ်။

(၄) အလုပ်အကိုင်ဈေးကွက် လေ့လာပါ

business-job-interview-concept

Photo: Freepik

Career Options ရွေးဖို့ စပြီး ရှာဖွေတော့မယ်ဆိုရင် အရင်ဆုံး လက်ရှိ အလုပ်အကိုင်ဈေးကွက်အနေအထားကို သိအောင် လုပ်ဖို့ လိုပါတယ်။ ကိုယ်လို ပညာအရည်အချင်း ၊ ကိုယ်နဲ့ နယ်ပယ်တူအလုပ်အကိုင် ၊ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံအား ရှိသူတွေရဲ့ လစာအခြေအနေ ၊ အလုပ်ခေါ်ယူမှုအနေအထားကို အလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက်တွေပေါ်မှာလည်း တက်ပြီး လေ့လာကြည့်လို့ ရပါတယ်။

(၅) အလျင်စလို မဆုံးဖြတ်နဲ့

portrait-talented-skillful-young-male-job-applicant-having-appointment-with-female-recruiter-while-applying-position-designer-large-company-finger-counting-listing-his-strength

Photo:Freepik

အလုပ်သစ်ရွေးတော့မယ်ဆိုရင် သေချာစဉ်းစားလေ့လာပြီးမှ လျှောက်ပါ။ ရွေးပါ။ ဆုံးဖြတ်ချက်တစ်ခုကို အလျင်စလို ချက်ချင်းဆုံးဖြတ်မယ့်အစား သေချာစဉ်းစားပါ။ အချက်အလက်တွေနဲ့ သွားပါ။ Career ရွေးပြီးလို့ ဝင်တော့မယ်ဆိုရင်လည်း ဘာကိုမှ နောင်တမရဘဲ ကိုယ့်ပန်းတိုင်ကို သွားဖို့ အာရုံစိုက်ပါ။ အလုပ်အကိုင်တစ်လျှောက် ကြုံလာမယ့် Challenge တွေကို လက်ခံဖို့လည်း အသင့်ပြင်ထားပါ။