အာတိတ် ရေခဲပြင်ကြီးတွေ မြန်မြန် အရည်ပျော်လာတာနဲ့အမျှ လူတော်တော်များများက ပတ်ဝန်းကျင်အခြေအနေတွေကို သတိပြုမိလာနေကြပါပြီ။ လေထုညစ်ညမ်းလာတာ၊ ကမ္ဘာကြီးပူနွေးလာတာ စတဲ့အရာတွေကို လူတွေကို ပြောင်းလဲမူတွေလုပ်ဖို့ သတိပေးခေါင်းလောင်းထိုးနေပါပြီ။

ဆေးလိပ်ငွေ့ထက် ကမ္ဘာ့လေထု ညစ်ညမ်းမူကြောင့် လူတွေပိုသေနေတယ်လို့ ပညာရှင်တွေက ပြောနေကြပါတယ်။ ဒါကြောင့် တစ်ချို့နိူင်ငံတွေက သဘာဝပတ်ဝန်းကျင် ပျက်စီးမူကို ကာကွယ်ဖို့အတွက် တတ်အားသမျှလုပ်ဆောင်နေကြပါပြီ။ ဒီနေ့ kwee ကနေဘယ်မြို့တွေက ကမ္ဘာကြီးအတွက် ဘယ်လိုတွေ ပြောင်းလဲမူပြုလုပ်နေကြလဲဆိုတာ ပြောပြပေးသွားမှာပါ။

အော်စ်လို၊ နော်ဝေး

Source: UCEAP-University of California

အော်စ်လိုမြို့ထဲမှာ ကားပါကင်နေရာတွေကို စက်ဘီးလမ်းနဲ့စက်ဘီးထားဖို့နေရာ၊ နားနေဖို့ထိုင်ခုံတွေ၊ ပန်းခြံအသေးလေးတွေနဲ့ အစားထိုးပြောင်းလဲလိုက်ပါတယ်။ ၂၀၁၉ ခုနှစ်အစပိုင်းလောက် ကတည်းက ကားပါင် (၇၀၀) ကျော်ကို ဖျတ်သိမ်းလိုက်ပြီး မြို့ထဲကားမောင်းခြင်းကို လျှော့ချပစ်ခဲ့ပါတယ်။

မြို့တာဝန်ရှိသူတွေဟာ လမ်းဘေးမှာ လျှပ်စစ်ကားတွေအတွက် လျှစ်စစ်အားသွင်းဖို့ နေရာတွေလည်း ပိုမိုစိုက်ထူလာခဲ့ကြပါတယ်။ နော်ဝေးနိူင်ငံဟာ ကမ္ဘာကြီးပူနွေးလာမူကို လျှော့ချဖို့အတွက် ကြိုးစားနေတာလည်းဖြစ်ပါတယ်။

လန်ဒန်

Source: London.gov.uk

၂၀၀၃ ခုနှစ်တွင် အစိုးရက အလုပ်သွားအလုပ်ဆင်းချိန် မြို့လယ်ခေါင်အတွင်း ဝင်ရောက်လာတဲ့ ကားတွေကို ပိုက်ဆံကောက်တဲ့စနစ်စတင်ခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်တွင် တာဝန်ရှိသူတွေက ပထမဆုံး စက်ဘီးစီးသူတွေအတွက် အမြန်လမ်းကို ဖောက်လုပ်ပေးခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ သယ်ယူပို့ဆောင်ရေးအတွက် စနစ်သစ် ရေးဆွဲပြီးစီးခဲ့ပါတယ်။ ဆူညံသံတွေ လျှော့ချကာ ဓာတ်ငွေ့ထုတ်လုပ်မူ မရှိတဲ့ ကားတွေ အသုံးပြုခြင်းဖြင့် လေထုအရည်အသွေးကို ပိုမိုကောင်းမွန်လာစေဖို့ လုပ်ဆောင်ခဲ့ပါတယ်။

အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးတွေက တစ်နာရီကို ၁၅ မိုင်သာသွားခွင့်ရှိပြီး လန်ဒန်မြို့ရဲ့ လမ်းတစ်ဝက်လောက်ကိုလည်း ကားတွေရှင်းလင်းနိူင်အောင် လုပ်ဆောင်ခဲ့ပါတယ်။ ပြီးတော့ မြို့ထဲမှာလည်း စက်ဘီးစီးသူတွေအတွက် အန္တာရာယ်ကင်းအောင် ကာကွယ်မူတွေလည်း လုပ်ဆောင်ခဲ့ပါသေးတယ်။

ဆိုးလ်

Source: FT Property Listings

၂၀၁၇ ခုနှစ်တွင် ဆိုးလ်မြို့မှာ ကားလမ်းတွေကို လူလျှောက်လမ်းတွေအဖြစ် ပြောင်းလဲတည်ဆောက်ပြီးစီးခဲ့ပါတယ်။ နယူးယောက်မြို့မှာဆိုရင် ကားလမ်းတွေအစား ဒီလိုလူသွားလမ်းတွေကို လူပေါင်း (၁၀) သန်းကျော် အသုံးပြုလျက်ရှိနေပါတယ်။

၂၀၂၅ ခုနှစ်အရောက်မှာ လျှပ်စစ်ဘက်စ်ကား ၃၀၀၀ အသုံးပြုဖို့အတွက် ဆိုးလ်မြို့တာဝန်ရှိသူတွေက စီစဉ်နေပြီး ကိုယ်ပိုင်ကားတွေအစား အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးကို ပိုမိုအသုံးပြုလာဖို့ မြို့နေလူထုကို တိုက်တွန်းနေကြပါယ်။

ဘေဂျင်း

Source: China Daily

ဘေဂျင်းမြို့ထဲမှာ ကားမောင်းခွင့်ကို ပိတ်ပင်ထားခြင်းမရှိပေမဲ့ လှိုင်စင်နံပက်နှင့်ကားနံပက်အပေါ်မူတည်ပြီး ကားမောင်းခွင့်ကို ကန့်သတ်ထားပါတယ်။ကားနံပက် အဆုံးဂဏန်းအပေါ်မူတည်ပြီး တစ်ပက်ကို ရက်အကန့်အသတ်နဲ့သာ မောင်းခွင့်ရှိပါတယ်။

တစ်ချို့နေရာတွေမှာဆိုရင် ကိုယ်ပိုင်ကားစီးနှင်းခွင့်ကို အာဏာပိုင်တွေက ပိတ်ပင်ထားပြီး လျှပ်စစ်ကားတွေကိုသာ စီးနှင်းခွင့်ပြုထားပါတယ်။