နှစ်တိုင်းပြုလုပ်နေကြဖြစ်တဲ့ City FM ဆုပေးပွဲကြီးကို ဖေဖော်ဝါရီလ ၁ရက် နေ့တွင် MCC ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ယခုနှစ်ကျင်းပတဲ့ ပွဲကတော့ City FM ရဲ့ ၁၈ ကြိမ်မြောက်ကျင်းပတာဖြစ်ပြီး ဆုပေါင်း ၈ ဆုကိုရွေးချယ်ပေးအပ်ခဲ့ပါတယ်။ ဆုရရှိတဲ့ ဂီတပညာရှင်တွေဟာ ရွှေ ၁ ကျပ်သားစီလည်း လက်ခံရရှိခဲ့ကြပါတယ်။

၁၈ ကြိမ်မြောက် City FM ဆုပေးပွဲမှာ ဆုရခဲ့ကြသူများစာရင်း kwee page ကနေဖော်ပြပေးလိုက်ပါတယ်။

ရောင်းအား အကောင်းဆုံး မြန်မာသံတေးသီချင်း ထုတ်လုပ်သူ ဆု – KMA ထုတ်လုပ်ရေး

Source: Duwun

ရောင်းအားအကောင်းဆုံး မြန်မာသံတေးသီချင်းသီဆိုသူဆု – စိုးစန္ဒာထွန်း

Source: Youtube

ရေပန်းအစားဆုံး အမျိုးသားအဆိုဆု – G Fatt

Source: G Fatt

ရောင်းအားအကောင်းဆုံး စတူဒီယိုတေးထုတ်လုပ်သူဆု – ဇဏ်ခီ

Source: YouTube

ရောင်းအားအကောင်းဆုံး စတူဒီယိုတေးသံရှင်အမျိုးသမီးဆု – ဂျူဝယ်လ်

Source: Youtube

ရောင်းအား အကောင်းဆုံး စတူဒီယို တေးသံရှင် အမျိုးသားဆု – ဝေလ

Source: YouTube

ရေပန်းအစားဆုံး မျက်နှာသစ်အဆိုရှင်ဆု – Eternal Gosh

Source: YouTube

ရေပန်းအစားဆုံး အမျိုးသမီးအဆိုဆု – ဝိုင်းစုခိုင်သိန်း

Source: YouTube