အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ Kwee ချန်နယ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ အစားအသောက်ကောင်းတွေ ကြိုက်နှစ်သက်တဲ့  Kwee ပရိသတ်တွေအတွက် ဒီတစ်ခေါက် ရသာဆန်းထူး ကွီး Review အစီအစဉ်ကနေ မြို့ပြ ရဲ့ မွန်းကြပ်မှုတွေနဲ့ဝေးရာ စိမ်းစိုတဲ့ အပင်လေးတွေ ဝန်းရံထားတဲ့ ရန်ကုန်မြို့တွင်းက သဘာဝဆန်ဆန် တောအုပ် ငယ်လေးတစ်ခုဆီ ခေါ်သွားချင်ပါတယ်။

ClassicGarden_Outdoor

ဒီဆိုင်လေးကတော့ အမှတ် (၇၉) ဗဟိုလမ်းမကြီးပေါ် ၊ အလုံလမ်းနဲ့ ရှင်စောပုလမ်းကြား ၊ အလုံမြို့နယ်မှာ ရှိတဲ့ Classic Garden ဆိုတဲ့ ဆိုင်လေးပဲ ဖြစ်ပါတယ်ဗျ။ ပထမဆုံး ဒီဆိုင်လေးက Classic Garden ဆိုတဲ့အတိုင်း ကျယ်ဝန်းတဲ့ ခြံအကျယ်ကြီးထဲမှာ စိမ်းစိုတဲ့ အပင်လေး တွေနဲ့ ခမ်းနားတဲ့ ပန်းဥယျာဉ်ကြီး တစ်ခုထဲကို ရောက်သွားသလို ခံစားရစေတယ်။ ရန်ကုန်မြို့ထဲမှာပဲ ဆိုပေမယ့်  Outdoor မှာ လေကောင်းလေသန့်ရတဲ့ ကျယ်ဝန်းတဲ့ ခြံအကျယ်ကြီးရယ် ၊  ရောင်စုံပန်းပင်လေးတွေရယ်နဲ့  တက ယ်ကို သဘာဝဆန်တဲ့ တောအုပ်လေးတစ်ခုထဲကို ရောက်သွားသလို အေးချမ်းတဲ့ ခံစားမှု ရစေတဲ့ Private area လေး။

Classic_Garden_Outdoor

နောက်ပြီး ခြံအကျယ်ကြီးထဲမှာဆိုတော့ ကားပါကင်အတွက်လည်း စိတ်ပူစရာမလိုဘူး။ ဆိုတော့ ဒီဆိုင်လေးက အားလပ်ရက်တွေမှာ မိသားစုနဲ့  အပန်းဖြေချင်လို့ပဲ ဖြစ်ဖြစ် ၊ ချစ်သူကောင်မလေးနဲ့ အေးအေးချမ်းချမ်း Date  ချင်လို့ပဲ ဖြစ်ဖြစ် ၊ သူငယ်ချင်းတွေဆုံပြီး သောက်ကြစားကြရင်း Relax လုပ်ချင်လို့ပဲ ဖြစ်ဖြစ် တကယ့်ကို အဆင် ပြေတဲ့ အနားယူအပန်းဖြေစရာ နေရာလေးတစ်ခုပဲဗျ။

classic_indoor

ပြီးတော့ Pet Lovers တွေအတွက်လည်း သတင်းကောင်းတစ်ခု ရှိသေးတယ်။ အဲ့ဒါက ခြံထဲကို အချစ်တော် ပါပီလေးတွေ ခေါ်လာလို့ရတယ်ဆိုတော့ အချစ်တော်လေးတွေနဲ့ အေးဆေးအနားလာယူလို့လည်း ရတာပေါ့။ နောက်ပြီး ဒီဆိုင်ရဲ့ အထင်ကရ လို့ပြောရမယ့် အချိန်ပိုင်းနဲ့ သီးသန့်ငှားလို့ရတဲ့ Tree House ကြီးလည်း ရှိတယ်။ စိမ်းစိမ်းစိုစို အပင်လေးတွေရယ် ၊  ခမ်းနားတဲ့ Tree House ကြီးရယ် ၊ ချစ်သူစုံတွဲတွေအတွက် ရိုမန်တစ်ဆန်တဲ့ ပန်းဥယျာဉ်တွေကြားထဲက ချစ်သူလမ်းကြားလေးရယ်နဲ့ ဓာတ်ပုံလှလှလေးတွေ ရိုက်ချင်သူတွေ အတွက်တော့  လုံးဝကွက်တိပါပဲဗျ။

ClassicGarden_Treehouse

အပတ်စဉ် ဗုဒ္ဓဟူးနေ့ ကနေ တနင်္ဂနွေ နေ့ ညနေခင်းတွေမှာ Unplugged အစီအစဉ်လေးတွေလည်း ရှိသေးတာဆိုတော့ သီချင်းလေးတွေနဲ့ အေးဆေး Relax  လုပ်ရင်း Chill လို့ ရတာပေါ့။

ClassicGarden_Unplugged

အစားအသောက်ပိုင်းမှာလည်း အရသာရှိတဲ့ အစားအသောက် Menu တွေ တော်တော်လေးကို စုံစုံလင်လင် ရတယ်။ ချဉ်ငံစပ် Thai အစားအစာတွေ ၊ ပင်လယ်စာအစုံထောင်း ၊ ကချင်ဆိတ်သားထောင်း ၊ အာလူးထောင်း ၊ အပ်မှိုထောင်း နဲ့  ရှူးရှူးရှဲရှဲ အထောင်းတွေ ၊  European အစားအစာ တွေ ၊ Spaghetti နဲ့ ဘီယာနဲ့ အလိုက်ဖက်ဆုံး ကြက်ကင် ၊ ညနေခင်းတွေမှာဆိုရင် အရသာရှိပြီး ရေခဲခင်းထားပေးတဲ့အတွက် လတ်လတ်ဆတ်ဆတ်စိတ်ကြိုက်ရွေးချယ်နိုင်တဲ့အပြင် ဈေးသင့်တဲ့ BBQ အကင်တွေ အစုံရတယ်။

အကြော် ၊ အလှော် ၊ အကင် ၊ အထောင်းနဲ့ တခြားအရသာရှိတဲ့ အစားအစာတွေ ရွေးချယ်စရာ အစုံရှိတယ်၊ သောက်စရာတွေထဲမှာဆိုရင် ဘီယာ Brand အစုံ ၊ ပြည်တွင်းဖြစ် ၊ နိုင်ငံခြားဖြစ် အရက် Bottle အစုံနဲ့ မိန်းကလေးတွေအကြိုက် အရသာဆန်းတဲ့ Cocktail တွေ အစုံရတယ်။

နောက်ပြီး Coffee ၊ Fresh Juice နဲ့ တခြား  Drinks Menu တွေလည်း အစုံအလင် ရတာဆိုတော့ အစားအသောက်ချစ်သူတွေအတွက်ကတော့ လုံးဝ အကြိုက်တွေ့စေမှာ အသေအချာပါပဲဗျ။

ကဲဒါဆို  ကျွန်တော်တို့ Classic Garden ရဲ့ အရသာအရှိဆုံး Signature Menu တွေ Try ကြည့်လိုက်မယ်ဗျာ။

ClassicGarden_RiceNoodle

ဒီထိုင်းစတိုင်လ် ကြက်သား ဆန်ပြားကြော်လေးက နူးအိနေတဲ့ ဆန်ပြားလေးပေါ်မှာ အရသာရှိတဲ့ကြက်သားဟင်းအနှစ်တွေနဲ့ အလွန်လိုက်ဖက်ပြီး စားကောင်းတယ်ဗျ။

classicgarden_kailanoystersauce

အသီးအရွက်ကြိုက်သူတွေအတွက် ဒီကိုက်လန်ခရုဆီဟင်းပွဲလေးက ခံတွင်းတွေ့စေမှာ အသေအချာပါပဲ။

အနောက်တိုင်းအစားအစာထဲက Seafood Spaghetti Aglio Olio Mariana ဟာဆိုရင် ပင်လယ်စာအစုံအလင်ပေါ်ချိစ်တွေဖြူးထားပြီး မြန်မာခံတွင်းနဲ့လိုက်ဖက်အောင် အာရှစတိုင် အမွှေးအကြိုင်နဲ့ ငရုတ်သီးတွေ ပေါင်းစပ်ထားလို့ အီစိမ့်မနေဘဲ စားလို့တစ်မျိုးကောင်းနေပြန်တယ်။

ClassicGarden_SteamPorkBelly

နောက်ထပ်ဟင်းပွဲလေးကတော့ ဝက်သုံးထပ်သားပေါင်း။ နူးညံ့ပြီး လျှာပေါ်တင်လိုက်တာနဲ့ ပျော်ဝင်သွားတဲ့ ဝက်သားတုံးလေးတွေရဲ့ အရသာက တကယ့် နတ်သုဒ္ဓါပါပဲဗျာ။ဝက်သားကြိုက်တတ်တဲ့ ကွီးတို့ တကယ်ကို မဖြစ်မနေ မှာစားသင့်တဲ့ ဟင်းပွဲလေးပါ။

ClassicGarden_ChickenTomYum

ကြက်သားတုံယမ်းလေးကတော့ ခံတွင်းရှင်းစေမယ့် ချဥ်စိမ့်အရသာလေးမို့ အအီပြေပြီး ခံတွင်းမြိန်စေမှာပါ။

ClassicGarden_BonlessChickenFriedSalada

အမြည်းအနေနဲ့ သုံးဆောင်ဖို့ အလိုက်ဖက်ဆုံးကတော့ ထိုင်းစတိုင်အရိုးလွတ်ကြက်ကြော်သုပ်လေးပါပဲ။ကြွပ်ကြွပ်ရွရွလေးနဲ့ ငရုတ်သီးနံ့မွှေးမွှေးလေးက စားပြီးရင်းစားချင်ဖြစ်လာအောင် ဆွဲဆောင်နိုင်တယ်။

ClassicGarden_TeaLeaveSalad

နောက်ဆုံးပိတ်လေးကတော့ မြန်မာလူမျိုးတွေအကြိုက် ဆိတ်လက်ဖက်ထောင်းလေးပါပဲ။ အသာလည်းပါလို့ ဆိတ်လက်ဖက်ထောင်းလေးနဲ့ စကားစမြည်ပြောရင်း အမြည်းအနေနဲ့လည်း သုံးဆောင်လို့ရပါတယ်ဗျ။

စားကောင်းကောင်းနဲ့ အစားတွေများလို့ မအီမလည်ဖြစ်နေရင်တော့ ဘားကောင်တာမှာ Boulevardier Cocktail လေးတစ်ခွက် သာ မှာသောက်လိုက်ပါ။ အစာကြေရင်ချောင်ပြီး ခံတွင်းမြိန်အောင် စွမ်းဆောင်ပေးနိုင်ပါတယ်ဗျာ။

ဒါဆို Classic Garden ဆိုင်လေးကို အားလုံးခြုံပြီး ပြောရရင် ရန်ကုန်မြို့တွင်းမှာပဲ  စိမ်းစိုတဲ့ အပင်လေးတွေ ကြားမှာ လေကောင်းလေသန့် ရှုရင်း မြို့ပြရဲ့ မွန်းကြပ်မှုတွေကို အကောင်းဆုံး  Relax လုပ်လို့ရတယ် ၊ ရောင်စုံအပင်လေးနဲ့ ဓာတ်ပုံလှလှလေး ရိုက်မလား ၊ ချစ်သူလေးနဲ့ ရိုမန်တစ်ဆန်ဆန် Date လုပ်မလား အဆင်ပြေတယ် ၊ နောက်ပြီး ခြံကျယ်ကျယ်ဝန်းဝန်းကြီးထဲမှာ လူ ၂၀၀ ကနေ ၃၀၀ လောက်အထိ service ပေးနိုင်တယ်ဆိုတော့ Wedding Event တွေ ၊ Birthday Party ၊ Staff Party နဲ့ Dinner Party တွေလုပ်မယ်ဆိုလည်း လုံးဝအဆင်ပြေတယ်။

ClassicGarden_Party

အပင်ချစ်သူတွေ အတွက်လည်း စိတ်ကြိုက်ရွေးချယ်ဝယ်နိုင်မယ့် The Plant Shop Myanmar ဆိုင်လေးလည်း ရှိတယ်ဆိုတော့ ဘာလိုသေးလဲဗျ။မိသားစုနဲ့ဖြစ်ဖြစ် ၊ ချစ်သူ/ ဘော်ဒါ သူငယ်ချင်းတွေနဲ့ ဖြစ်ဖြစ် ၊ ချစ်ရတဲ့ ပါပီလေးတွေနဲ့ပဲ ဖြစ်ဖြစ် အပြင်ထွက်ပြီး အေးဆေး Relax လုပ်ချင် တယ်ဆိုရင် အစားအသောက်တွေစုံပြီး စိမ်းစိမ်းစိုစို အပင်လေးတွေ ကြားမှာ စိတ်အေးချမ်းလန်းဆန်းမှုကို အပြည့် အဝ ခံစားရစေမယ့် Classic Garden ဆိုင်လေးကို သွားရောက် ကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်ဗျ။