Classic Rock သီချင်း များ အစပြုလာခဲ့ပုံကတော့ ၁၉၈၀ ခုနှစ်တွင် ရေဒီယိုအသံလွှင့်ငှာနများမှတဆင့် ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ ရေဒီယိုအသံလွှင့်ငှာနများသည် ထူးခြားတဲ့အသံဖြင့် အသံလွှင့်ထုတ်လုပ်နိုင်ရန် ကြိုးစားခဲ့ကြပါတယ်။ ထိုအထဲကမှ Cleveland ရှိ M105 အသံလွှင့်ငှာနသည် ရော့ခ်သီချင်းများကို အသံလွှင့်ခဲ့ကြပါတယ်။ တဖြည်းဖြည်းနဲ့ ရော့ခ်သီချင်းစစ်စစ်မျိုး မလွှင့်တော့ဘဲ ပုံသဏ္ဍာန်အနည်းငယ်ပြောင်းလဲကာ ထုတ်လွှင့်ခဲ့ရာမှ Classic Rock တေး သီချင်း များဆိုပြီး အမည်တွင်လာခဲ့တာပဲဖြစ်ပါတယ်။

အချို့ကလည်း Classic Rock တေးဂီတအမျိုးအစားများနှင့် သီချင်းများသည် ၁၉၆၀ ပြည့်နှစ်အစောပိုင်းတွင် The Beatles အဖွဲ့က စတင်မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး သိပ်မကြာခင်မှာလည်း The Rolling Stones လို့အမည်ရတဲ့ အင်္ဂလိပ် Bands က ဆက်လက်လူသိများလာအောင် ပြုလုပ်ပေးခဲ့တာဖြစ်တယ်လို့ ပြောစမှတ်ပြုကြပါတယ်။

Classic Rock သီချင်း

ဘယ်လိုအကြောင်းကြောင့်ပဲ လူသိများလာပါစေ Classic Rock သီချင်း များသည် နားထောင်လို့ကောင်းတာကတော့ အမှန်ပါပဲ။ ဒီလိုသီချင်းကောင်းတွေကို နှစ်သက်တဲ့ သီချင်းချစ်သူများအတွက် Classic Rock သီချင်း ကောင်းများကို စုစည်းကာ ရွေးချယ်တင်ဆက်ပေးလိုက်ရပါတယ်။

Purple Haze – Jimi Hendrix

Source: Jimi Hendrix

ဒီသီချင်းလေးကတော့ ၁၉၆၆ ခုနှစ်မှာ  Jimi ကိုယ်တိုင် ရေးသားခဲ့တာဖြစ်ပါတယ်။ သူသည် သိပ္ပံစိတ်ကူးယဉ်ဝတ္ထုတစ်အုပ်ဖတ်ပြီးနောက် မက်ခဲ့ရတဲ့ အိပ်မက်အကြောင်းကို ပြန်လည်သတိရကာ ရေးသားခဲ့တာဖြစ်ပါတယ်။

Whole Lotta Love – Led Zeppelin

Source: Led Zeppelin

ဒီသီချင်းကတော့ ၁၉၆၉ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့မှာ ထွက်ရှိခဲ့တာဖြစ်ပြီး လူကြိုက်များခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။

Sympathy For The Devil – The Rolling Stones

Source: ABKCOVEVO

The Rolling Stones လို့ပြောလိုက်ရင် မသိတဲ့သူမရှိပါဘူး။ ဆယ်စုနှစ် ခြောက်ခုစာခန့် အနုပညာအလုပ်ကို လုပ်ကိုင်ခဲ့ကြတာကြောင့် ယနေ့ထိတိုင် လူသိများ ကျော်ကြားနေဆဲဖြစ်ပါတယ်။

Under Pressure – Queen

Source: Queen Official

Freddie Mercury ကတော့ လူသာ သေသွားပေမယ့် နာမည် မသေဆုံးတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ Under Pressure ကလည်း သူ့ရဲ့ အကျော်ကြားဆုံး သီချင်းတွေထဲက တစ်ပုဒ်အပါအဝင်ပါပဲ။

Baba O’Riley – The Who

Source: zummie94

ဒီသီချင်းလေးကတော့ ၁၉၇၁ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့က ထွက်ရှိခဲ့တဲ့သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

Comfortably Numb – Pink Floyd

Source: HELLOSEMPA

ဒီသီချင်းကတော့ ၁၉၈၀ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့က စတင်ထွက်ရှိခဲ့တာဖြစ်ပြီး ယနေ့ထိတိုင် လူကြိုက်များနေဆဲ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ Pink Floyd ရဲ့ နာမည်အကြီးဆုံးသီချင်းတစ်ပုဒ်ဆိုလည်း မမှားပါဘူး။

အခုဖော်ပြပေးသွားတဲ့ သီချင်းကောင်းများကို သီချင်းချစ်သူပရိသတ်များအားလုံး သဘောတွေ့ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ နောက်ထပ် နားဆင်ချင်တဲ့ သီချင်းအမျိုးအစားတွေရှိရင်လည်း အကြံပြုကာ တောင်းဆိုသွားနိုင်ပါတယ်။

Source: Timeout

Featured Iamge: Medium