New Year ပါတီမှာပေါ့ပေါ့ပါးပါးနဲ့ Chill ချင်တဲ့ ကွီးတို့အတွက် ဗော့ဒ်ကာကော့တေး လ်တွေက တကယ့်ကို အလိုက်ဖက်ဆုံးဖြစ်ပါတယ်။ ရာသီဥတုနဲ့လည်း ကိုက်ညီမှုရှိပြီး ယောကျာ်းလေးတွေရော မိန်းကလေးတွေအတွက်ပါ သင့်တော်တဲ့အဖျော်ယမကာပဲ ဖြစ်ပါတယ်။ ကဲဒါဆိုရင်တော့ အိမ်မှာပဲ လွယ်လွယ်ကူကူဖျော်စပ်သောက်နိုင်မယ့် ဗော့ဒ်ကာကော့တေးလ် ဖျော်နည်းလေးတွေကို ကြည့်လိုက်ရအောင်ပါ။

(၁) Bloody Mary

Bloody Mary

Photo : The Manual

ပါဝင်ပစ္စည်းများ

  • ဗော့ဒ်ကာ ၂ အောင်စ
  • ခရမ်းချဉ်သီးဆော့စ် ၅ အောင်စ
  • ငရုပ်ဆီ ၁ စက်
  • Worcestershire ဆောစ့် ၂-၃ စက်
  • သံပုရာသီး ၂ စိပ်
  • သံပုရိုသီး ၁ စိပ်
  • Celery salt အနည်းငယ်
  • ငရုပ်ကောင်း အနည်းငယ်
  • တရုတ်နံနံကြီး ၁ ချောင်း

ပြုလုပ်နည်းအဆင့်ဆင့်

အရင်ဆုံး Shaker ထဲမှာ သံပုရာသီး / သံပုရိုသီးတို့ကို ရေခဲနဲ့ရောထည့်ပြီး ရှိတ် ပေးပါ။ ထို့နောက် ကျန်ပါဝင် ပစ္စည်းအားလုံးကို ရောထည့်ပြီး သမအောင်ရှိတ်ပေးရပါမယ်။ ပြီးရင်တော့ ဖန်ခွက်အရှည်တစ်လုံးထဲကို ရေခဲအရင်ထည့်ပြီး ရှိတ်ထားတဲ့ ကော့တေးလ်ကို ဖြေးဖြေးချင်းလောင်းထည့်ပါ။ တရုတ်နံနံကြီးနဲ့ သံပုရာသီးကို အလှဆင်ပြီး အရသာအနည်းငယ် ချဉ်ပြုံးပြုံးနဲ့စပ်ပြင်းပြင်း အမိုက်စား ဗော့ကာကော့တေးလ်ကို သောက်သုံးနိုင်ပြီပဲ ဖြစ်ပါတယ်။

(၂) Vodka Martini

Vodka Martini

Photo : The Manual

ပါဝင်ပစ္စည်းများ

  • ဗော့ဒ်ကာ ၃ အောင်စ
  • Dry vermouth ၁ အောင်စ
  • သံပုရိုသီးအခွံ အနည်းငယ်
  • သံလွင်သီး ဆားရည်စိမ်

ပြုလုပ်နည်းအဆင့်ဆင့်

Vodka Martini လုပ်နည်းကတော့ အရမ်းကိုလွယ်ကိုပါတယ်။ ရေခဲ ၊ ဗော့ဒ်ကာ နဲ့ Dry vermouth တို့ကို Shaker ထဲ သမအောင် ရှိတ်ပေးရမှာ ဖြစ်ပါတယ်။ ထို့နောက် ရေခဲထည့်ထားတဲ့ ဖန်ခွက်ထဲကို ရှိတ်ထားတဲ့ ဗော့ကာကော့တေးလ်ကိုလောင်းထည့်ပြီး သံပုရိုသီးအခွံ / သံလွင်သီးတို့နဲ့ အလှဆင်ပြီး အသင့်သောက်သုံးနိုင်ပြီပဲ ဖြစ်ပါတယ်။

(၃) Moscow Mule

Moscow Mule
Photo : The Manual

ပါဝင်ပစ္စည်းများ

  • ဗော့ဒ်ကာ ၅ အောင်စ
  • Ginger beer ၄ အောင်စ
  • သံပုရာရည် ၂၅ အောင်စ
  • သံပုရာကွင်း ၁ ကွင်း
  • ပူစီနံ

ပြုလုပ်နည်းအဆင့်ဆင့်

Moscow Mule ကော့တေးလ်ရဲ့ ထူးခြားချက်ကတော့ ကြေးနီခွက်ကိုအသုံးပြုရမှာဖြစ်ပါတယ်။ အရင်ဆုံး ကြေးနီခွက်ထဲကို ရေခဲထည့်ပါ။ ထို့နောက် ဗော့ဒ်ကာ ၊ Ginger beer ၊ သံပုရာရည် တို့ကိုရောထည့်ပြီး သမအောင်မွှေပေးရပါမယ်။ ပြီးရင်တော့ အကွင်းလိုက်လှီးဖြတ်ထားတဲ့ သံပုရာကွင်းနဲ့ ပူစီနံရွက်တို့ကိုအလှဆင်ပြီး စတင်သောက်သုံးနိုင်ပြီပဲ ဖြစ်ပါတယ်။

(၄) Vodka Gimlet

Moscow Mule
Photo : The Manual

ပါဝင်ပစ္စည်းများ

  • ဗော့ဒ်ကာ ၂ အောင်စ
  • Rose’s lime juice ၂ ဇွန်း
  • သံပုရာသီး ၁ ခြမ်း
  • ရေခဲ

ပြုလုပ်နည်းအဆင့်ဆင့်

ပါဝင်ပစ္စည်းအားလုံးကို Shaker ထဲ သမအောင် ရှိတ်ပေးရမှာ ဖြစ်ပါတယ်။ ထို့နောက် ရေခဲထည့်ထားတဲ့ ဖန်ခွက်ထဲကို ရှိတ်ထားတဲ့ ကော့တေးလ်လောင်းထည့်ပြီး အသင့်သောက်သုံးလို့ရပြီပဲ ဖြစ်ပါတယ်။

Featured Photo : The Daily Meal