ဝါရင့်ဂိုးသမား ကလက်ဒီယို ဘရာဗိုဟာ မန်စီးတီးအသင်းမှာ (၄) နှစ်ကြာကစားပြီးနောက် အသင်းနှင့်လမ်းခွဲလိုက်ပြီဖြစ်ကြောင်းသိရပါတယ်။
အဆိုပါချီလီဂိုးသမားကို ဂွာဒီယိုလာ မန်စီးတီးအသင်းကို စတင်ကိုင်တွယ်တဲ့အချိန် ဩဂုတ်လ (၂၀၁၆) ခုနှစ်မှာ ပထမဆုံးခေါ်ယူခဲ့တဲ့ကစားသမားဖြစ်တယ်လို့သိရပါတယ်။ ဘရာဗိုဟာ ဘာစီလိုနာအသင်းမှ ပေါင် (၁၅.၄) သန်းဖြင့်ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပါတယ်။

Source: skysport
ဘရာဗိုဟာ မန်စီးတီးအသင်းသို့ ဘရာဇီးဂိုးသမား အီဒါဆင် ရောက်ရှိလာပြီးနောက်ပိုင်း ပွဲထွက်ခွင့်နည်းပါးလာခဲ့ခြင်းဖြစ်ပါတယ်။ (၂၀၁၆-၂၀၁၇) ခုနှစ်တွင် မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ ပွဲ (၃၀) အထိပါဝင်ကစားခါင့်ရရှိခဲ့သော်လည်း နောက်ပိုင်းရာသီတွေမှာ ပွဲထွက်ခွင့်အနည်းသာရရှိခဲ့ကြောင်းသိရပါတယ်။ အသက် (၃၇) နှစ်ရှိပြီဖြစ်တဲ့ အဆိုပါဂိုးသမားဟာ (၂၀၁၈-၂၀၁၉) ဘောလုံးရာသီတွင်လည်း အဓိကပွဲစဉ်များတွင် ကစားခွင့်မရရှိခဲ့သူဖြစ်ပါတယ်။

Source: En24-News
ဘရာဗိုဟာ မန်စီးတီးအသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည့် ဇွန်လတွင်ထွက်ခွာရန်ရည်ရွယ်ခဲ့သောလည်း ကာလတိုစာချုပ်သစ်ချုပ်ဆိုခဲ့တာကြောင့် အသင်းမှာဆက်ရှိနေခဲ့ခြင်းဖြစ်ပါတယ်။

Source: BBC
ဘရာဗိုဟာ မိခင်နိူင်ငံဖြစ်တဲ့ ချီလီအသင်းအတွက် ပွဲပေါင်း (၁၂၃) ပွဲပါဝင်ကစားပေးထားပြီး မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ (၆၁) ပွဲအထိပါဝင်စားပေးထားပါတယ်။ မန်စီးတီးအသင်းနှင့်အတူ (၂၀၁၈-၂၀၁၉ ပရီးမီးယားလိဂ်ဖလား အပြင် အက်အေဖလား (၂၀၁၈-၂၀၁၉) ၊ အီးအက်ဖ်အယ်ဖလား (၂၀၁၇-၂၀၁၈၊ ၂၀၁၈-၂၀၁၉၊ ၂၀၁၉-၂၀၂၀) ခုနှစ်တို့တွင် ဆွတ်ခူးရရှိခဲ့ကြောင်းသိရပါတယ်။ ကွန်မြူနတီဒိုင်းကိုလည်း (၂၀၁၈၊ ၂၀၁၉) ခုနှစ်တွေမှာ ရရှိခဲ့ပါတယ်။
