သင့်ရဲ့ဖုန်းက အရမ်းလုံခြုံပါတယ်လို့ ထင်ရင်မှားသွားပါလိမ့်မယ်။ ဟက်လို့မရတဲ့ ဖုန်းဆိုတာ မရှိသလောက်ရှားပါတယ်။ ဒီနေ့ kwee page က သင့်ရဲ့ဖုန်းကို တခြားလူတွေ ဘယ်လိုဟက်ကြတာလဲ။ ဟက်ခံရတာကို ဘယ်လိုသိနိုင်မလဲ။ ဖုန်းကို ဟက်ခံရမယ့် ရန်ကနေ အကောင်းဆုံးဘယ်လို ကာကွယ်ရမလဲဆိုတာတွေကို ပြောပြပေးသွားမှာပါ။

သင့်ရဲ့ဖုန်းကို တခြားလူတွေက ဘယ်လိုဟက်ကြသလဲ

Source: Bright Side

  • အလွယ်ဆုံးနည်းလမ်းကတော့ သင့်ရဲ့ဖုန်းကို hacker တွေခဏယူသုံးလိုက်ခြင်းပါပဲ။ ပြီးတော့ စပိုင် app တွေဖြစ်တဲ့ Spy Phone App, Spyzie, (သို့) Spyera တွေကိုသွင်းထားလိုက်ရင် သင့်ဖုန်းကို ဟက်ပြီးသားဖြစ်သွားပါပြီ။
  • လုံခြုံမှုမရှိတဲ့ Wi-Fi တွေ ဥပမာ ကော်ဖီဆိုင် (သို့) လေဆိပ် က Wi-Fi တွေကို ချိတ်ဆက်အသုံးပြုခြင်းကလည်း သင့်ဖုန်းအဟတ်ခံရနိုင်ပါတယ်။
  • သင့်ရဲ့ဖုန်းအားသွင်းကြိုးမဟုတ်တဲ့ ဥပမာ ကားပေါ်က အားသွင်းကြိုး (သို့) လေယာဉ်ပေါ်က USB အားသွင်းကြိုးတွေကို အသုံးပြုခြင်းကလည်း သင့်ဖုန်းထဲက ဒေတာတွေကို တခြားလူတွေ ခိုးယူသွားနိုင်ပါတယ်။
  • ဖုန်းမက်ဆေ့ကနေတဆင့် သင့်ရဲ့ဒေတာ အချက်အလတ်တွေကို ခိုးယူနိူင်ပါသေးတယ်။ ဘယ်လိုလဲဆိုတော့ သင့်ရဲ့ဖုန်းထဲကို ဟက်ကာတွေက မက်ဆေ့ပို့ပါလိမ့်မယ်။ မက်ဆေ့တွေက ဘဏ်လုပ်ဆောင်ချက်အတုတွေ၊ ပိုက်ဆံအလွှဲအပြောင်းအတုတွေ (သို့) ပုံတွေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သင်က သူတို့ပို့တာတွေကို နှိပ်ပြီး ဖိုင်တွေကို ဒေါင်းလော့ ဆွဲလိုက်မယ်ဆိုရင် အဟက်ခံရဖို့ ရာခိုင်နှုန်းများသွားပါပြီ။
  • ဟက်ကာတွေက ဖုန်းကနေတဆင့် သင့်ရဲ့ လုပ်ဆောင်ချက်တွေ ဥပမာ မက်ဆေ့ပိုတာတွေ ဖုန်းပြောတာတွေကို စောင့်ကြည့်နားထောင်နိုင်ကြပါတယ်။ ဒါပေမယ့် သင်က နာမည်ကြီးကျော်ကြားတဲ့ လူတစ်ယောက်မဟုတ်ဘူးဆိုရင်တော့ စိုးရိမ်စရာသိပ်မရှိပါဘူး။

ဖုန်းဟတ်ခံရပြီဆိုတာသိနိုင်မည့် အချက်များ

Source: Bright Side

  • သင့်ရဲ့ ဖုန်းဘက်ထရီက ရုတ်တရက် အကုန်မြန်လာမယ်။ ဒါက ဖုန်းထဲမှာ အမည်မသိ app တွေသွင်းထားလို့လည်း ဖြစ်နိုင်ပါတယ်။
  • ဖုန်းကို အသုံးပြုခြင်းမရှိပေမယ့် ပူလာမယ်။ ဒါဟာ သင့်ရဲ့ဖုန်းထဲမှာ အမည်မသိ app တွေရှိနေပြီဆိုတဲ့ အချက်ပါပဲ။
  • သင့်ရဲ့ဖုန်းက ပါဝါပိတ်သွားမယ်။ ပြန်ပွင့်လာမယ်။ ပြီးတော့ ဖုန်းနံပက်တွေ အော်တိုခေါ်နေမယ်။ app တွေ အလိုအလျောက် ပွင့်လာမယ်။ အကယ်၍ ဒါတွေက စက်ပစ္စည်းကြောင့် မဟုတ်ဘူးဆိုရင်တော့ ဟက်ခံရတာ သေချာပါပြီ။
  • ဖုန်းပြောနေစဉ် ဆူညံသံတွေ (သို့) ပဲ့တင်သံတွေ ကြားရမယ်။
  • အမည်မသိ ဖုန်းတွေကို ခေါ်ထားတာတွေ တွေ့နေရမယ်။

သင့်ရဲ့ဖုန်းကို အဟက်ခံရမယ့်ရန်ကနေ အကောင်းဆုံးကာကွယ်နည်းများ

Source: Phone Spector

  • သင်ဖုန်းထဲကို link ပါတဲ့မက်ဆေ့တွေဝင်လာရင် URL ကိုအဆုံးထိ ဖတ်မရဘူးဆိုရင် သွားမဖွင့်လိုက်ပါနဲ့။
  • အကယ်၍ သင့်ဖုန်းကို တခြားလူတွေရဲ့ လက်တော့ပ် (သို့) ကွန်ပြူတာတွေနဲ့ အားသွင်းရမယ်ဆိုရင် “Only charging” ကိုသာ ရွေးချယ်ပါ။
  • Remember passwords ဆိုတဲ့ လုပ်ဆောင်ချက်ကို အသုံးမပြုပါနဲ့။
  • အများသုံး Wi-Fi တွေကို အလိုအလျောက် ချိတ်ဆက်ခြင်းကို ရှောင်ကျဉ်ပါ။
  • ပြီးတော့ Wi-Fi အသုံးပြုရာမှာ မယုံကြည်ရတဲ့ Wi-Fi တွေ ဥပမာ Free Internet (သို့) wifiFree စတဲ့ လုံခြုံမှုမရှိတဲ့ Wi-Fi တွေကိုအသုံးပြုခြင်းမှ ရှောင်ကြဉ်ပါ။
  • Android ဖုန်းတွေ အသုံးပြုနေတယ်ဆိုရင် ယုံကြည်အားကိုးရတဲ့ anti-virus တွေကို အသုံးပြုဖို့ အကြံပေးပါရစေ။
  • နောက်တခုကတော့ သင့်ဖုန်းကို စကားဝှက် အသုံးပြုထားပါ။