နာရီပုံတက်တူးများသည် စိတ်ဝင်စားဖွယ်ကောင်းပြီး တက်တူးချစ်သူယောကျာ်းများအတွက် အဓိပ္ပာယ်အမျိုးမျိုးဖွင့်ဆိုနိုင်သည်အထိ ထူးခြားဆန်းပြားတဲ့တက်တူးတစ်ခုပဲဖြစ်ပါတယ်။ နာရီပုံတက်တူးများသည် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကိုလည်း ကိုယ်စားပြုပါတယ်။

ဒါ့အပြင် နှင်းဆီပုံ၊ အရိုးခေါင်းပုံတက်တူးများနဲ့ တွဲဖက်ပြီးလည်း မိမိကြိုက်နှစ်သက်ရာဒီဇိုင်းအမျိုးမျိုးကို ဖန်တီးနိုင်ပါသေးတယ်။

အရိုးခေါင်းနှင့် နာရီပုံတက်တူး

clock tattoos and their meanings for men

ဒီတက်တူးနှစ်ခု ပေါင်းစပ်လိုက်ခြင်းရဲ့အဓိပ္ပာယ်ကတော့ သေဆုံးခြင်းကို ကိုယ်စားပြုပါတယ်။ လူသားများသည် ကိုယ့်ရဲ့နေ့ရက်တိုင်းမှာ အကောင်းဆုံးကျော်ဖြတ်ပြီး ပျော်ရွှင်မှုကို မိုင်ကုန်ခံစားနိုင်ဖို့အတွက်လည်း သတိပေးရာရောက်ပါသေးတယ်။ ဒါမှမဟုတ် ကိုယ် ချစ်ရသူတစ်ယောက်ကို သတိရတဲ့အမှတ်တရအဖြစ်လည်း ရေးထိုးနိုင်ပါသေးတယ်။

နာရီဂီယာပုံတက်တူးများ

clock tattoos and their meanings for men

ရှေးဟောင်းနာရီများရဲ့တည်ဆောက်ပုံသည် အင်မတန်ရှုပ်ထွေးပြီး ဂီယာအများအပြားလည်း လိုအပ်ပါတယ်။ ဂီယာများအားလုံး အတူတကွ အလုပ်လုပ်နိုင်မှသာ နာရီအချိန်သည်လည်း မှန်ကန်မှာဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီတက်တူးရဲ့ဆိုလိုရင်းကတော့ အလုပ်တစ်ခုလုပ်ဆောင်တဲ့အခါ အဖွဲ့အစည်းစိတ်ဓာတ်သည် အရေးအကြီးဆုံးဖြစ်ပြီး အဖွဲ့အစည်းစိတ်ဓာတ် ကောင်းမွန်မှသာလျှင် အောင်မြင်မှာဖြစ်ပါတယ်။

ဒစ်ဂျစ်တယ်နာရီတက်တူး

clock tattoos and their meanings for men

သင့်ဘဝအတွက် အမှတ်တရဖြစ်မယ့်အချိန်တစ်ခုကို မှတ်တမ်းတင်ထားချင်တယ်ဆိုရင်တော့ ဒီတက်တူးက အကောင်းဆုံးပါပဲ။ တက်တူးဒီဇိုင်းသည်လည်း တမူထူးခြားပြီး မိမိုက်နေတဲ့အတွက်ကြောင့် တက်တူးချစ်သူများလည်း ကြိုက်နှစ်သက်ကြပါတယ်။

မျက်လုံးနာရီပုံတက်တူး

clock tattoos and their meanings for men

မျက်လုံးနဲ့ နာရီနဲ့ ပေါင်းစပ်လိုက်တဲ့ တက်တူးကတော့ အနည်းငယ်ထူးဆန်းသယောင်ဖြစ်စေပါတယ်။ ဒါပေမဲ့ မျက်လုံးတက်တူးရဲ့အဓိပ္ပာယ်ကတော့ သင်သည် နတ်ကောင်းနတ်မြတ်များ (သို့) သင့်ကို ချစ်ခင်တဲ့ ဆုံးပါးသွားသူတစ်ယောက်ယောက်က အမြဲတမ်းကြည့်ရှုစောင့်ရှောက်နေတယ်လို့ ယူဆနိုင်ပါတယ်။ နှစ်ခုပေါင်းစပ်လိုက်တဲ့အခါမှာတော့ သင်သည် အချိန်တိုင်းမှာ ဘေးအန္တရာယ် ကင်းရှင်းနေမှာဖြစ်ကြောင်း ဖော်ညွှန်းနေပါတယ်။

သဲနာရီပုံတက်တူး

clock tattoos and their meanings for men

သဲနာရီရှိသဲများ အောက်သို့ အကုန်မကျဖို့ရန်အတွက် အချိန်ဘယ်လောက်ကျန်နေသေးသလဲဆိုတာကို ဖော်ပြနေပါတယ်။ လူသားများရဲ့သေဆုံးခြင်းနှင့် ရှင်သန်ခြင်းကို ကိုယ်စားပြုဖို့ရန်အတွက် အသင့်တော်ဆုံးတက်တူးတစ်ခုပါပဲ။

ဇီးကွက်နှင့် နာရီပုံတက်တူး

clock tattoos and their meanings for men

ဇီးကွက်များသည် ဉာဏ်ရည်ထက်မြက်ခြင်းနှင့် ပညာဉာဏ်ကြီးမားခြင်းကို ကိုယ်စားပြုပါတယ်။ ကံကောင်းခြင်း၊ ထူးခြားဆန်းကြယ်ခြင်းတို့ကိုလည်း ကိုယ်စားပြုပါတယ်။ နာရီတက်တူးနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ကြီးကျယ်မြင့်မြတ်သော အဓိပ္ပာယ်ကို ဖော်ဆောင်နိုင်ပါတယ်။

Source: Thetrendspotter.net

Featured Image Source: Improb.com