အဝတ်အစားအရောင်များကို မှန်မှန်ကန်ကန်ဝတ်စားဆင်ယင်ခြင်းသည် သင့်ရဲ့ဖက်ရှင်ကို ပိုမိုစတိုင်လ်ကျပြီး ဆွဲဆောင်မှုတိုးလာအောင် ကူညီပေးနိုင်ပါတယ်။ အဝတ်အစားအရောင် ရွေးချယ်မှု မှားယွင်းသွားပါက သင့်ရဲ့ဖက်ရှင်က ကြောင်ကြောင်ကျားကျားနှင့် ကြည့်ရဆိုးစေမှာ အမှန်ပါပဲ။

ဒါဆိုရင် ဘယ်အရောင်နဲ့ ဘယ်အရောင်က လိုက်ဖက်သလဲ၊ တွဲဖက်ဝတ်ဆင်သင့်သလဲဆိုတာကို အတူတူလေ့လာကြည့်လိုက်ရအောင်။

မိုးပြာရောင်နှင့် လိုက်ဖက်သောအရောင်များ

color combination for men

မိုးပြာရောင်ကို သူနှင့် အရောင်အသွေးတူတဲ့ အပြာရောင်နှင့် ရွေးချယ်ဝတ်ဆင်နိုင်သလို နို့နှစ်ရောင် (သို့) အနီရောင်နှင့်လည်း တွဲဖက်ဝတ်ဆင်နိုင်ပါသေးတယ်။

ဝိုင်နီရောင်နှင့် လိုက်ဖက်သောအရောင်များ

color combination for men

ဝိုင်နီရောင်ကတော့ အဖြူရောင်၊ အနက်ရောင်တို့လိုမဟုတ်ဘဲ အရောင်ရွေးပါတယ်။ ဒါပေမဲ့ သူ့ကို လိုက်ဖက်စွာ ဝတ်ဆင်မယ်ဆိုရင်တော့ သင်သည် ကမ္ဘာ့စမတ်အကျဆုံးလူဖြစ်လာမှာပါ။ ဝိုင်နီရောင်နဲ့ လိုက်ဖက်တဲ့အရောင်များကတော့ မီးခိုးရောင်၊ အညိုရောင်၊ အနက်ရောင်နှင့် အဖြူရောင်တို့ပဲဖြစ်ပါတယ်။

အစိမ်းရောင်နှင့် လိုက်ဖက်သော အရောင်များ

color combination for men

သင့်ရဲ့အဝတ်အစားဘီဒိုထဲမှာ အစိမ်းရောင်သည်လည်း မရှိမဖြစ် ထားသင့်တဲ့အရောင်တစ်မျိုးပဲဖြစ်ပါတယ်။ အစိမ်းရောင်နဲ့ တွဲဖက်ဝတ်ဖို့အတွက်ဆိုရင် အညိုရောင်၊ ဝိုင်နီရောင်၊ နေဗီပြာရောင်၊ အဖြူရောင်နှင့် အမဲရောင်တို့ကို ရွေးချယ်သင့်ပါတယ်။

အသားအရောင်နှင့် လိုက်ဖက်သောအရောင်များ

color combination for men

အသားရောင်နှင့် အလိုက်ဆုံးအရောင်ကတော့ အရောင်နုလေးတွေပဲဖြစ်ပါတယ်။ ဒုတိယအလိုက်ဖက်ဆုံးအရောင်များကတော့ အဖြူရောင်နှင့် အပြာရောင်တို့ပဲဖြစ်ပါတယ်။ တတိယအလိုက်ဆုံးအရာင်ကတော့ အဝါရောင်၊ အပြာရောင်နှင့် အညိုရောင်တို့ပဲဖြစ်ပါတယ်။

အနီရောင်နှင့် လိုက်ဖက်သောအရောင်များ

color combination for men

အနီရောင်သည် တောက်သောအရောင်ဖြစ်သည့်အားလျော်စွာ သဘာဝဆန်သောအရောင်များနှင့် ပိုမိုလိုက်ဖက်ပါတယ်။ သင့်အနေနဲ့ တောက်ပတဲ့ဖက်ရှင်ကို လိုချင်တယ်ဆိုရင်တော့ အနီရောင်ကို အဖြူရောင်နှင့် တွဲဖက်ဝတ်ဆင်သင့်ပြီး အရောင်မှိုင်းမှိုင်းလေး ဖန်တီးချင်တယ်ဆိုရင်တော့ အမဲရောင်နှင့် တွဲဖက်ဝတ်ဆင်သင့်ပါတယ်။ နန်းဆန်တဲ့ဖက်ရှင်ဖန်တီးချင်တယ်ဆိုရင်တော့ အပြာရောင်နှင့် တွဲဖက်ဝတ်ဆင်လိုက်ပါ။

အနက်ရောင်နှင့် လိုက်ဖက်သော အရောင်များ

color combination for men

အနက်ရောင်သည် မည်သည့်အရောင်နှင့်မဆို လိုက်ဖက်သောကြောင့် ဘယ်အရောင်နှင့် တွဲဖက်ဝတ်ဆင်ရမလဲဆိုတာ ခေါင်းစားစရာမလိုပါဘူး။ ဒါ့ကြောင့်လည်း လူကြိုက်များနေရခြင်းဖြစ်ပါတယ်။ အဖြူနှင့် အနက်သည် ဘယ်တော့မှ ရိုးမသွားတဲ့အရောင်ဖြစ်ပါတယ်။ ပန်းရောင် (သို့) အပြာနုရောင်၊ အနီရောင်နှင့်လည်း တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

အဖြူရောင်နှင့် လိုက်ဖက်သော အရောင်များ

color combination for men

အဖြူရောင်နှင့် အလိုက်ဖက်ဆုံးအရောင်များကတော့ အမဲရောင်၊ နေဗီပြာရောင်နှင့် အပြာနုရောင်တို့ပဲဖြစ်ပါတယ်။ ဒုတိယရွေးချယ်သင့်တဲ့အရောင်များကတော့ အသားရောင်နှင့် အညိုဖျော့ရောင်တို့ပဲဖြစ်ပါတယ်။

မီးခိုးရောင်နှင့် လိုက်ဖက်သော အရောင်များ

color combination for men

အဖြူရောင်၊ အပြာနုရောင်နှင့် ပန်းနုရောင်များသည် မီးခိုးရောင်နှင့် အလိုက်ဖက်ဆုံးအရောင်များဖြစ်ပါတယ်။ အနက်ရောင်နှင့် ဝိုင်နီရောင်သည်လည်း ဒုတိယရွေးချယ်သင့်တဲ့စာရင်းထဲမှာ ပါဝင်ပါတယ်။

အညိုရောင်နှင့် လိုက်ဖက်သော အရောင်များ

color combination for men

အညိုရောင်နှင့် လိုက်ဖက်တဲ့အရောင်များကတော့ အဖြူရောင်၊ အနက်ရောင်၊ ဝိုင်နီရောင်၊ နေဗီပြာရောင် (သို့) အစိမ်းရင့်ရောင်တို့ပဲဖြစ်ပါတယ်။

ပန်းရောင်နှင့် လိုက်ဖက်သော အရောင်များ

color combination for men

မီးခိုးရောင်၊ အပြာရောင်၊ အဖြူရောင်၊ အသားအရောင်၊ နေဗီပြာရောင်၊ အနက်ရောင်၊ မီးခိုးစိမ်းရောင်တို့သည် ပန်းရောင်နှင့် လိုက်ဖက်တဲ့အရောင်များပဲဖြစ်ပါတယ်။

Source: Thetrendspotter.net