ယနေ့ခေတ်မှာ ကုမ္ပဏီတော်တော်များများက Cloud Service တွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပါတယ်။ Cloud Service ကို အသုံး ပြု လာကြတဲ့အခါ ရွေးချယ်စရာ သုံးမျိုး ရှိတယ်ဆိုတာရော ကွီးတို့ သိပြီးပါပြီလား။

အများသုံး Cloud Service ၊ ကိုယ်ပိုင် Cloud Service နဲ့ ထိုနှစ်ခုကို ပေါင်းစပ်ထားတဲ့ Hybrid Cloud Service တို့ပဲဖြစ်ပါတယ်။ ကိုယ့် လုပ်ငန်း၊ ကိုယ့် စီးပွားရေး၊ ကိုယ့် ကုမ္ပဏိအတွက် သင့်တော်မယ့် Cloud Service တစ်ခုကို ရှာရတာသည်လည်း ခေါင်းစားစရာပါပဲ။

ဒါ့ကြောင့် ကွီးတို့ ခေါင်းစားရတာ သက်သာအောင်လို့ ဘာတွေ သိထားသင့်သလဲဆိုတာကို ဝေမျှပေးလိုက်ရပါတယ်။

ရီဗျူးတွေ ကောင်းရဲ့လား၊ အစစ်အမှန်ရော ဟုတ်ရဲ့လား

man

ကိုယ် ရွေးချယ်မယ့်အရာက စံနှုန်းတွေနဲ့ ညီရဲ့လား။ အစိုးရက ထုတ်ပြန်ထားတဲ့ ဥပဒေတွေနဲ့ရော ညီရဲ့လား စတာတွေကို အရင် စစ်ဆေးဖို့ လိုအပ်ပါလိမ့်မယ်။ တကယ်လို့ ကွီးတို့ ရွေးချယ်လိုက်တဲ့ Service Provider တွေသည် ဥပဒေတွေနဲ့ မညီဘူးဆိုရင် တရားစွဲခံရတဲ့အခါ ကွီးတို့ ကုမ္ပဏီကသာ တရားစွဲခံရမှာဖြစ်ပါတယ်။ HIPPA ၊ ISO နဲ့ GDPR တို့ကတော့ အကောင်းဆုံးလို့ သတ်မှတ်ခံထားရတဲ့ Cloud Service တွေပဲဖြစ်ပါတယ်။

Features ပိုင်းအတွက် ထည့်စဥ်းစားပါ

Cloud Service အသုံး

နည်းပညာ အဆင့်မြင့်တာကတော့ ဟုတ်ပါပြီ။ ဒါပေမဲ့ User-Friendly ဆိုတဲ့ ကာစတန်မာတွေနဲ့ ရင်းနှီးကျွမ်းဝင်မှု ရှိတဲ့ အမျိုးအစားမျိုး ဟုတ်ရဲ့လား။ ကာစတန်မာတွေ လက်လှမ်းမှီစွာ အသုံးပြုနိုင်တာမျိုး ဟုတ်ရဲ့လား။ စတာတွေကို ထည့်သွင်းစဥ်းစားဖို့ လိုအပ်ပါတယ်။ ကွီးတို့ ကုမ္ပဏီ၊ လုပ်ငန်း (သို့) စီးပွားရေးနဲ့ သင့်တော်မယ့် အမျိုးအစားမျိုးကို ရွေးချယ်သင့်ပါတယ်။​

ဈေးနှုန်းပိုင်း

Cloud Service အသုံး

ကွီးတို့ ရွေးချယ်မယ့် Cloud Service ရဲ့ ဈေးနှုန်းပိုင်းကိုလည်း တွက်ချက်သင့်ပါတယ်။ ကွီးတို့ လိုတာထက် ပို မပေးမိစေဖို့လည်း လိုအပ်ပါတယ်။ ဈေးအသက်သာဆုံးကိုလည်း လိုက် ရွေးချယ် နေလို့ မရသလို ဈေးအကြီးဆုံးတွေကလည်း အကောင်းဆုံးလို့ မဆိုလိုပါဘူး။

ကောင်းကျိုးနဲ့ ဆိုးကျိုးများ

Cloud Service အသုံး

ကောင်းကျိုးနဲ့ ဆိုးကျိုးကတော့ အမြဲဆိုသလို ဒွန်တွဲနေတာပါပဲ။ Cloud Service အသုံးပြုခြင်းကြောင့် ရရှိမယ့် အကျိုးကျေးဇူးများအနေနဲ့ကတော့ ကွီးတို့ရဲ့ ဒေတာများ ပျက်စီး ဆုံးရှုံးသွားတဲ့အခါ Backup လုပ်ထားမယ်ဆိုရင် အလွယ်တကူ ပြန်ရယူနိုင်ခြင်း၊ ဘယ်နေရာပဲ ရောက်နေပါစေ ကွီးတို့ရဲ့ ဒေတာများကို အသုံးပြုနိုင်ခြင်း အစရှိတဲ့ အကျိုးကျေးဇူးများပဲဖြစ်ပါတယ်။

ဆိုးကျိုးအနေနဲ့ကတော့ ကွီးတို့ စိတ်တိုင်းကျ ထိန်းချုပ်လို့ မရခြင်း၊ အသုံးပြုဖို့ရန်အတွက် အင်တာနက် လိုအပ်ခြင်း၊ တစ်နေရာကနေ တစ်နေရာ ပြောင်းရွေ့တဲ့အခါ ဖိုင်ဆိုဒ်ပေါ် မူတည်ပြီး အချိန်ကြာခြင်း၊ ကွီးတို့ရဲ့ ကိုယ်ပိုင် ဒေတာများကို Third Party Company တစ်ခုက မြင်တွေ့နိုင်ခြင်း အစရှိတဲ့ ဆိုးကျိုးများပဲဖြစ်ပါတယ်။

ကွီးတို့ရော လက်ရှိမှာ ဘယ် Cloud Service ကို ရွေးချယ် အသုံး ပြုနေပါသလဲ။

Source: Aurosign.com

Featured Image: Securuscomms.co.uk