Clover Club ကော့တေး ဆိုတာကတော့ Bartender တိုင်းရဲ့ အနှစ်သက်ဆုံး ကော့တေးဖျော်ရည်တစ်ခုပဲ ဖြစ်ပါတယ်။ ဂျင်နှင့် ရက်ပ်ဘယ်ရီ Syrup တို့ရဲ့ ချိုမြမှုတို့ ပေါင်းစပ်သွားတဲ့အခါမှာတော့ မူးယစ်သွားစေမယ့် ကော့တေးဖျော်ရည်တစ်ခွက် ရရှိသွားတာပဲဖြစ်ပါတယ်။
ဒီကော့တေးဖျော်ရည်လေး စတင်ပေါ်ပေါက်ခဲ့တဲ့ အချိန်ကတော့ ၁၈၀၀ ပြည့်နှစ်နှောင်းပိုင်းပဲ ဖြစ်ပါတယ်။ စတင်ပေါ်ပေါက်ခဲ့တဲ့နေရာကတော့ Philadelphia ရှိ Bellevue-Stratford ဘားကနေ စတင်ခဲ့တာပဲဖြစ်ပါတယ်။
ယနေ့ခေတ်မှာတော့ Raspberry Syrup အစား Grenadine လို့ခေါ်တဲ့ ဖျော်ရည်တစ်မျိုးကိုလည်း အစားထိုး အသုံးပြုလာကြပါတယ်။ ထို Grenadine သည် Raspberry Syrup နှင့် အရောင်ဆင်တူတဲ့အတွက်ကြောင့် အစားထိုးအသုံးပြုနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ကော့တေးအပေါ်လွှာမှာ အမြှုပ်လေး ပါချင်သေးတဲ့အတွက်ကြောင့် ကြက်ဥအကာကို ထပ်ပေါင်းထည့်ကာ အသုံးပြုရမှာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ကွီးတို့အားလုံး ကြိုက်နှစ်သက်ကြမယ့် Clover Club ကော့တေး တစ်ခွက် ရရှိသွားနိုင်ပါပြီ။
ကွီးတို့လည်း မိမိအိမ်မှာ ကိုယ်တိုင်ကိုယ်ကျ ဖျော်သောက်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် Recipe လေးကို လေ့လာနိုင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဂျင် စားပွဲတင်ဇွန်း ၄ ဇွန်း
- သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
- Raspberry Syrup စားပွဲတင်ဇွန်း တစ်ဝက်
- ကြက်ဥအကာ ၁ လုံး
- သကြား (သကြားအချော) လက်ဖက်ရည်ဇွန်း ၁ ဇွန်း

- အလှဆင်ဖို့ရန်အတွက် ရက်စ်ဘယ်ရီသီး အနည်းငယ်
စသည်တို့ လိုအပ်ပါလိမ့်မယ်။
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ပါဝင်ပစ္စည်းများအားလုံးကို အဆင်သင့်ပြင်ထားလိုက်ပါ။
၂။ ကြက်ဥအကာ ကို သပ်သပ်စီ ဖယ်ထားလိုက်ပါ။

၃။ Cocktail Shaker ထဲတွင် ရေခဲတုံးများ ထည့်ပါ။ ဂျင် ထည့်ပါ။ သံပုယိုရည်၊ Raspberry Syrup ထည့်ပါ။ ထို့နောက် ကြက်ဥအကာနှင့် သကြားတို့ထည့်ကာ Cocktail Shaker ရဲ့ အဖုံးပိတ်ပြီး ခပ်ပြင်းပြင်းလေး လှုပ်ခါပေးလိုက်ပါ။
ပုံမှန်ထက်ပိုပြီး ခပ်ပြင်းပြင်းလေး လှုပ်ခါပေးဖို့လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သကြားများ ပျော်ဝင်သွားဖို့အတွက်လည်း လိုအပ်ပြီး ကြက်ဥအကာလည်း သမသွားဖို့ လိုအပ်လို့ပါပဲ။

၄။ စိတ်တိုင်းကျ မွှေပြီးတဲ့နောက်မှာတော့ Cocktail Shaker ထဲကနေ ဖန်ခွက်ရှည်တစ်ခွက်ထဲသို့ အရင် ပြောင်းထည့်လိုက်ပါ။

၅။ ထို့နောက် ရေခဲတုံးများ မပါစေဖို့ရန်အတွက် သေချာစစ်ယူပြီးနောက် ကော့တေးဖန်ခွက်ထဲ ပြန်ပြောင်းထည့်ပေးရမှာ ဖြစ်ပါတယ်။
၆။ ထို့နောက် အလှဆင်ဖို့ရန်အတွက် ရက်စ်ဘယ်ရီသီး သုံးလုံးခန့်ကို သံချောင်းလေးထဲ ထိုးစိုက်ထားလိုက်ပါ။ ထို့နောက် ကော့တေးပုလင်းပေါ် တင်ကာ အလှဆင်ပေးထားလိုက်ပါ။

ဒါဆိုရင်တော့ ၁၈၀၀ ပြည့်နှစ်နှောင်းပိုင်းကတည်းက ယနေ့အချိန်အထိ လူကြိုက်များတဲ့ Clover Club ကော့တေး ဖျော်ရည်တစ်ခွက် ရရှိသွားပြီပဲဖြစ်ပါတယ်။ ၁၈၀၀ နှောင်းပိုင်းမှာ လူကြိုက်များလာတယ်ဆိုပေမယ့် သူ့ရဲ့ တရားဝင် Recipe ဖျော်နည်းကိုတော့ ၁၉၀၁ ခုနှစ်တွင် New York Press မှတဆင့် စတင်ထုတ်လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။
ပါဝင်ပစ္စည်း (၅) မျိုးတည်းနဲ့ ဖျော်စပ်နိုင်တဲ့ လွယ်ကူရိုးရှင်းတဲ့ ကော့တေးတစ်ခွက်ဖြစ်တဲ့အတွက်ကြောင့် ကွီးတို့အားလုံးလည်း ဘဝင်တွေ့ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ကိုယ်တိုင် မြည်းစမ်းဖော်စပ်ကြည့်ပြီးတဲ့နောက်မှာတော့ ဘယ်လိုအရသာ ရှိသလဲဆိုတာကို အခြားသော ကော့တေးချစ်သူများအတွက် ဝေမျှပေးခဲ့နိုင်ပါတယ်။
Source: Thespruceeats
Featured Image: Savoredsips
