ကွီးတို့ရေ Lifestyle ပြောင်းလဲလာတဲ့ ယခုခေတ်မှာ ပါတီ တွေ၊ Club တွေကို သွားကြ ပျော်ကြပါတယ်။ Club တို့ Bars တို့ဆိုတာ ဖျော်ဖြေရေးတွေဘဲ ဖြစ်ပါတယ်။ Dance, Live Music, Night Club, Comedy Club မျိုးစုံ ရှိပါတယ်။ ကွီးတို့ နှစ်သက်တဲ့ Club မှာ မိတ်ဟောင်း မိတ်သစ်တွေနဲ့ ယမကာကို သုံးဆောင်ရင်း ဖျော်ဖြေမှုနှင့်အတူ Nightlife ကို ခံစားနိုင်ပါတယ်။ Club တက်ရာတွင် ကွီးတို့အနေနဲ့ သိထားသင့်သော အချက်တွေ ရှိပါတယ်။ Clubbing အကြံပြုချက်တွေဟာ ပထမဆုံး Club တက်သူတွေ အတွက် မဖြစ်မနေ သိထားသင့်ပါတယ်။

Photo : Events Rentals by Hicks
Club တက်ရာတွင် ကွီးတို့ သိထားသင့်သော အချက် တွေကတော့ ……
(၁) ပထမဆုံးအနေနဲ့ ဒီအချက်ဟာ ကွီးတို့အတွက် ပထမဆုံးအကြိမ် Club သွားတာဆိုရင်တော့ အရေးကြီးတဲ့အချက်ပါ။ ဒါကတော့ ကွီးတို့ တစ်ယောက်တည်းသွားတာမျိုးမလုပ်ပဲ သူငယ်ချင်း သို့မဟုတ် သူငယ်ချင်း အုပ်စုလိုက်နဲ့သွားပါ။ တစ်ဦးနဲ့တစ်ဦး စောင့်ကြည့်ပြီး အကူအညီဖြစ်စေပါတယ်။ ဒါပေမဲ့ ကွီးတို့ ကိုယ်တိုင် အထူး သတိရှိရပါမယ်။
(၂) အဝတ်အစားကို သေချာ ဝတ်စားသွားပါ။ ဖက်ရှင်ကျကျ ဝတ်ထားရင် ကွီးတို့ကို အများစုက အသိအမှတ်ပြုမှာပါ။ တချို့ Club တွေမှာ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီး သတ်မှတ်ချက်တွေ ရှိပါတယ်။ ဒါဆိုရင်တော့ ထိုသတ်မှတ်ချက်တွေ အတိုင်း ဝတ်စားဆင်ယင်ဖို့ လိုပါတယ်။ ကွီးတို့ ကခုန်မှာ ဖြစ်တဲ့ အတွက် ချွေးထွက်နိုင်တာကြောင့် အဝတ်အစားကို သေချာရွေးချယ်ပါ။
(၃) ကွီးတို့ သွားမဲ့ Club ကို ကြိုတင် Booking ယူလို့ရရင် ယူပါ။ အထူးအခွင့်အရေးများ ရနိုင်ပါတယ်။ လျှော့ဈေး၊ အခမဲ့ အဖျော်ယမကာများ ရနိုင်ပါတယ်။ အလန်းစား အဖျော်ယမကာများကိုလည်း သောက်ဖို့မမေ့ပါနဲ့။

Photo : My Bartender
(၄) ကွီးတို့အနေနဲ့ ပိုက်ဆံ မှတ်ပုံတင်၊ နိုင်ငံကူးလက်မှတ်၊ ခရက်ဒစ်ကဒ် အပါအဝင် ပစ္စည်းများ ယူသွားရင် ထားသိုရန် ရမရ သိထားရန် လိုပါတယ်။ ကြီးတဲ့ လက်ဆွဲအိတ် တွေကို ယူမသွားပါနဲ့။ သေးငယ်ပြီး လုံခြုံတဲ့ ပိုက်ဆံအိတ် ကိုသာ ယူဆောင်သွားပါ။ ကိုယ်နဲ့ မကွာ ရှိပါစေ။
(၅) Club တွေမှာ လူတွေများပြီး ဂီတသံတွေနဲ့ ဆူညံနေလေ့ရှိပါတယ်။ ဘယ်သူကိုမှ ဂရုစိုက်မနေပါနဲ့။ ပေါ့ပေါ့ပါးပါး နေပါ။
(၆) လူတွေအများကြီးထဲမှာ ကွီးတို့ ကနေတာကို ဘယ်သူမှ မကြည့်ပါဘူး။ ကိုယ်ကတတ်သလို ကနိုင်ပါတယ်။ ဒါပေမဲ့ မျက်စိ နောက်အောင် ဆိုးတဲ့ ပုံစံမျိုးတော့ မလုပ်ပါနဲ့။

Photo : The Sun
(၇) Club တက်ရာတွင် ကွီးတို့ သိထားသင့်သော နောက်အချက် တစ်ချက်ကတော့ ကလပ်မှာ ကခုန်နေချိန် လိုအပ်လာတဲ့အခါ အကူအညီ တောင်းခံဖို့ အချက်ပြစနစ် လုပ်ထားသင့်ပါတယ်။ ကွီးတို့ သူငယ်ချင်း အချင်းချင်းလည်း ကြိုတင်တိုင်ပင် ပြင်ဆင်ထားပါ။ သတိထားတယ်ဆိုတာ ပိုတယ်မရှိပါဘူး။
(၈) ကလပ် ခန်းမထဲမှာ တစ်နေရာထဲမှာဘဲ မနေပါနဲ့။ အခြားနေရာတွေကိုလည်း သွားပါ။ မိတ်ဆွေအသစ်တွေနဲ့ လည်းတွေ့ပါ။ ဒါပေမဲ့ ကွီးတို့ ရဲ့ Personal Information အမြောက်အများကို မပေးမိဖို့ သတိထားပါ။
(၉) ကွီးတို့ရဲ့ အမူအကျင့်တွေကို သတိထားပါ။ တစ်ခါတစ်ရံ အမျိုးသမီးများနဲ့ ပတ်သက်ပြီး ရိုင်းပြတဲ့ အပြုအမူမျိုး လုပ်မိနိုင်ပါတယ်။ တစ်ခါတစ်ရံ ကွီးတို့ ခြေထောက်ပေါ် တက်နင်းမိတာ၊ အရက်လောင်းချမိတာတွေ ဖြစ်နိုင်ပါတယ်။ ဒါက မတော်တဆ ဖြစ်စဉ်ပါ။ ရန်မဖြစ်ပါနဲ့။ ညနက်လာတဲ့အမျှ သန့်စင်ခန်းတွေမှာ ညစ်ပတ်လာပါတယ်။ သတိထားပြီးသွားပါ။

Photo : BBC
(၁၀) ကွီးတို့အနေနဲ့ အုပ်စုလိုက် ဖြစ်ရင် ကလပ်မှ ပြန်ထွက်ချိန်၊ ပြန်ဆုံမဲ့ နေရာတွေကို ကြိုတင် တိုင်ပင်ထား သင့်ပါတယ်။
(၁၁) ကွီး တို့အားလုံး Club မှာ အရက်သောက်မယ်ဆိုရင် ကားမောင်းဖို့အတွက် တစ်ယောက်ယောက်ကို တာဝန်ပေးထားပါ။ သို့မဟုတ် Taxi ကြို တင်စီစဉ်ထားပါ။ Club က အပြန် လုံးဝလုံးဝ ကားမမောင်းပါနဲ့။
(၁၂) ကွီးတို့ အနေနဲ့ club မှာ ကခုန်ရင်းလှုပ်ရှားနေတဲ့အတွက် သောက်ထားပေမဲ့ အိန္ဒြေမပျက် နေကောင်းနေနိုင်မှာပါ။ ဒါပေမဲ့ နောက်တစ်ရက် မနက်မှာတော့ အရက်နာကျတတ်ပါတယ်။ ပြန်လာရင် ခေါင်းကိုက်တတ်ပါတယ်။ အိပ်ရာမဝင်ခင် ရေ များများသောက်ပါ။ အိပ်ရာကနိုးလာရင် အားဖြည့်ဓါတ်ပါတဲ့အရည်တွေ သောက်သင့်ပါတယ်။

Photo : The Times
ကဲ ကွီးတို့ရေ အခုဖော်ပြပေးလိုက်တဲ့ အချက်တွေကတော့ Club တတ်ရာတွင် သတိထားသင့်သော အချက်များပဲ ဖြစ်ပါတယ်။ ဒီ အချက်များဟာ ပျော်ပျော်ရွှင်ရွှင် နဲ့ ကလပ်တက်ဖို့ အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။
Source : Ezine Article
Featured Photo : Notizie
