မနက်ဖြန်ဆိုရင်၂၀၂၀ ကုန်လွန်ပြီး ၂၀၂၁ နှစ်သစ်ကို ကြိုဆိုရမယ့် New Year ညကိုရောက်ရှိတော့မှာပါ။ ဒီနှစ်တော့ ကိုဗစ်ကာလဖြစ်တာနဲ့အညီ အပြင်မထွက်ပဲ အိမ်မှာမိသားစုဝင်တွေနဲ့ ပျော်ပျော်ပါးပါး စားကြသောက်ကြရင်း နှစ်သစ်ကိုပျော်ရွှင်စွာကြိုကြဆိုဖို့ တိုက်တွန်းချင်ပါတယ်။ ဆိုတော့ New Year ညမှာသောက်ကြစားကြရင်း နှစ်သစ်ကိုကြိုဆိုကြမယ့်ဘော်ဒါတွေအတွက် ယောကျာ်းလေးတွေရော မိန်းကလေးပါသောက်လို့ အဆင်ပြေစေမယ့် ကော့တေးဖျော်နည်းလေးတွေကို ပြောပြပေးချင်ပါတယ်။ အိမ်မှာလွယ်လွယ်ကူကူနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်မယ့် အရသာရှိတဲ့ ကော့တေးဖျော်စပ်နည်းလေးတွေဖြစ်တာကြောင့် ဆက်ဖတ်ကြည့်လိုက်ပါအုန်းနော်။
(၁) Pink Lady
နာမည်နဲ့လိုက်အောင် အရောင်လေးလှပြီး သောက်ချင်စရာကောင်းတဲ့ Pink Lady ကော့တေးဖျော်စပ်ဖို့အတွက် ပါဝင်ပစ္စည်းတွေကတော့ ဂျင် 100 ml ၊ grenadine ( ကော့တေး ဖျော်စပ်ရာမှာအရောင်လှဖို့သုံးတဲ့ သကာရည်) စားပွဲတင်ဇွန်း ၄ ဇွန်း ၊ ကြက်ဥအကာ ၁ လုံး ၊ ချယ်ရီသီးအနည်းငယ် ၊ သံပုရာသီး ၁ လုံး ၊ ရေခဲတို့ပဲဖြစ်ပါတယ်။ အရင်ဆုံး Shaker ထဲ ဂျင် ၊ grenadine နဲ့ ရေခဲအနည်းငယ်ထည့်ပြီး ခလောက်ပေးပါ။ ပြီးရင် ရေခဲတုံးကို ဖယ်ပြီး ကြက်ဥအကာကို Shaker ထဲထည့်ကာ ထပ်မံခလောက်ပေးပါ။ ရလာတဲ့ကော့တေးဖျော်ရည်ကို အအေးခံထားတဲ့ခွက်ထဲထည့်ပြီး ချယ်ရီသီး နဲ့ ခပ်ပါးပါးလှီထားတဲ့ သံပုရာသီးအခွံတို့ကို အလှဆင်ပြီး သောက်သုံးနိုင်ပါပြီ။
(၂) Mojito
Mojito ဖျော်စပ်ဖို့အတွက် ပါဝင်ပစ္စည်းတွေကတော့ အဖြူရောင်ရမ် 60 ml ၊ သံပရာသီး ၁ လုံး ၊ သကြားရည် 30 ml ၊ ပူစီနံရွက် ၁၀ ရွက် ၊ ဆိုဒါ ၊ ရေခဲတို့ပဲဖြစ်ပါတယ်။ အရင်ဆုံး ဖန်ခွက်တစ်ခုထဲကို သကြားရည် ၊ ပူစီနံရွက် နဲ့ သံပရာရည် တို့ကိုရောထည့်ပြီး ပူစီနံရွက်များ အနည်းငယ်ကြေသွားတဲ့အထိ ကြိတ်ချေပေးပါ။ ပြီးရင်တော့ အဆိုပါရောကြိတ်ထားတဲ့ ဖန်ခွက်ထဲကို ရမ်ရောထည့်ပြီး ဇွန်းနဲ့ သမအောင်မွေပေးပါ။ နောက်ဆုံးအနေနဲ့ ဆိုဒါအနည်းငယ်ထပ်မံရောထည့်ပြီး ဖန်ခွက်မျက်နှာပြင်မှာ ပူစီနံရွက် ၃ ရွက်လောက်ကို အလှဆင်ကာ သောက်သုံးနိုင်ပြီပဲဖြစ်ပါတယ်။
(၃) Long Island Iced Tea
အရသာပြင်းပြင်းလေးမှဆိုတဲ့ ကွီးတွေအကြိုက်တွေ့စေမယ့် Long Island Iced Tea ဖျော်စပ်ဖို့အတွက် vanilla ဗော့ဒ်ကာ 50 ml ၊ ဂျင် 50 ml ၊ တက်ကီလာ 50 ml ၊ ရမ် 50 ml ၊ လိမ္မော်ရည် 50 ml ၊ သံပရာသီး ၃ လုံး ၊ ကိုလာ 50 ml ၊ ရေခဲ တို့ပဲဖြစ်ပါတယ်။ ခရားတစ်ခုထဲ ဗော့ဒ်ကာ ၊ ဂျင် ၊ တက်ကီလာ ၊ ရမ် ၊ လိမ္မော်ရည်နဲ့ သံပရာသီး ၃ လုံးကိုအရည်ညှစ်ထည့်ပြီး သမအောင် မွှေပေးပါ။ ထို့နောက် ကော့တေးဖျော်ရည်ထည့်ထားတဲ့ခရားထဲကို ရေခဲတစ်ဝက်ခန့်ထည့်ပါ။ ပြီးရင် အဆိုပါကရားထဲကိုပဲ ကိုလာရောထည့် ၊ နောက် ပါးပါးလှီးထားတဲ့ သံပရာသီးကွင်းလေးတွေထည့်ပြီးအလှကာ နှစ်သက်ရာဖန်ခွက်ထဲပြန်ငှဲ့ပြီး သောက်သုံးနိုင်ပါပြီ။
(၄) Sex On The Beach
ကော့တေးတို့ရဲ့ဇာတ်လိုက်ကျော် Sex On The Beach ဖျော်စပ်ဖို့အတွက် ပါဝင်ပစ္စည်းတွေကတော့ ဗော့ဒ်ကာ 50 ml ၊ peach schnapps 25ml ၊ လိမ္မော်သီး ၂ လုံး ၊ ဘယ်ရီသီးဖျော်ရည် ၊ 50 ml ၊ အလှဆင်ဖို့ ဘယ်ရီသီး ၂ လုံး တို့ပဲဖြစ်ပါတယ်။ အရင်ဆုံး ခရားတစ်ထဲကို ဗော့ဒ်ကာ ၊ peach schnapps ၊ ဘယ်ရီသီးဖျော်ရည် နဲ့ လိမ္မော်သီးကို အရည်ညှစ်ထည့်ပြီး သမအာင်မွှေပေးပါ။ ပြီးနောက် ရေခဲထည့်ထားတဲ့ ဖန်ခွက်ရှည်တစ်လုံးထဲကို မွှေထားတဲ့ ကော့တေးဖျော်ရည်ကို ဖြည်းညှင်းစွာလောင်းထည့်ပေးပါ။ နောက်ဆုံးအနေနဲ့ ကော့တေးခွက်ကို ခပ်ပါးပါးလှီးထားတဲ့ လိမ္မော်သီးအကွင်းလေးတွေနဲ့ ဘယ်ရီသီးလေးတွေအလှဆင်ပြီး အရသာရှိရှိသောက်သုံးနိုင်ပြီဖြစ်ပါတယ်။
(၅) Buck’s fizz
Buck’s fizz ကော့တေးလေးကတော့ အရမ်းကိုလွယ်ကူရိုးရှင်းပြီး ပါဝင်ပစ္စည်းကလည်း (၂) မျိုးတည်းဖြစ်ပါတယ်။ လိမ္မော်ရည် 100 ml နဲ့ ပြင်သစ် sparkling wine ဖြစ်တဲ့ Champagne တို့ကိုရောစပ်သောက်ရုံပါပဲ။ ဆိုတော့ အရင်ဆုံး ခရားတစ်ခုထဲကို လိမ္မော်ရည် 100 ml ထည့်ပါ။ ပြီးရင် အဆိုပါခရားထဲကို Champagne 200 ml ကိုဖြည်းညှင်းစွာ ရောထည့်ပေးပါ။ ထိုရောစပ်ထားတဲ့ Buck’s fizz ကော့တေးကို ရှန်ပိန်ခွက်လှလှလေးတွေထဲထည့် အပေါ်က လှီးဖြတ်ထားတဲ့လိမ္မော်သီးလေးတွေအလှဆင်ပြီး သောက်သုံးနိုင်ပြီဖြစ်ပါတယ်။