ကော့လ်တေးချစ်သူတွေအတွက် ဒီတစ်ခါမှာတော့ ကမ္ဘာပေါ်က အလွယ်ကူဆုံး Cognac ကော့လ်တေး ဖျော်စပ်နည်းလေးတစ်ခု မျှဝေပေးချင်ပါတယ်။ ကော့လ်တေး နာမည်လေးကတော့ French Connection လို့ ခေါ်ပါတယ်။ ပါဝင်ပစ္စည်း ၂ မျိုးတည်းနဲ့ အချိန် ၁ မိနစ်အတွင်းမှာတင် အလွယ်ကူဆုံး ပြင်ဆင်ဖျော်စပ်နိုင်မှာ ဖြစ်ပါတယ်။

Photo : A Couple Cooks
French Connection ကော့လ်တေး ကို ၁၉၇၀ ခုနှစ်တွေမှာ စတင်တီထွင်ခဲ့တာဖြစ်ပြီး ၁၉၇၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ နာမည်တူ The French Connection ရုပ်ရှင်ဇာတ်ကားမှာ ထည့်သွင်းအသုံးပြုခဲ့ပါတယ်။ Cognac နဲ့ Almond အရသာ အီတလီ Liqueur တစ်မျိုးဖြစ်တဲ့ Amaretto ကို အချိုးကျကျ ပေါင်းစပ်ဖျော်ရပါတယ်။ ရိုးရှင်းပေမယ့်လည်း အရသာကတော့ တကယ်ပဲ ဆွဲဆောင်မှုရှိတဲ့ ကော့လ်တေးတစ်ခွက် ဖြစ်ပါတယ်။ ကဲဒါဆို ကမ္ဘာပေါ်က အလွယ်ကူဆုံး Cognac ကော့လ်တေးလို့ ပြောရမယ့် French Connection ကော့လ်တေးဖျော်စပ်နည်း အဆင့်ဆင့်ကို ကြည့်လိုက်ရအောင်ပါ။
Photo : A Couple Cooks
French Connection ကော့လ်တေး ဖျော်စပ်ဖို့ Lowball ဖန်ခွက် ဒါမှမဟုတ် Old Fashioned Glass တစ်လုံး လိုပါတယ်။ ဖန်ခွက်ထဲကို ရေခဲ လက်တစ်ဆုပ်စာလောက်ဖြည့်ပြီး အပေါ်ကနေ Cognac ၁ အောင်စခွဲ ၊ Amaretto Liqueur ၁ အောင်စခွဲတို့ကို ဆတူလောင်းထည့်ပြီး ဖြည်းဖြည်းချင်း မွှေပေးပါ။ ဒါဆိုရင်တော့ တကယ့်ကိုပဲ လွယ်ကူရိုးရှင်းပြီး အရသာဆန်းသစ်တဲ့ Cognac ကော့လ်တေးတစ်ခွက် အသင့်သောက်သုံးနိုင်ပြီ ဖြစ်ပါတယ်။
Featured Photo : The Nosey Chef

