ကောင်မလေးများရဲ့စိတ်ဝင်စားခြင်းကို ခံရဖို့အတွက်ဆို သင်သည် ဟာသဉာဏ်ရွှင်တဲ့ လူတစ်ယောက်ဖြစ်ဖို့လိုတဲ့အပြင် သင့်ရဲ့အဝတ်အစားဖက်ရှင်သည်လည်း လိုက်ဖက်ညီမှုရှိဖို့လိုအပ်ပါတယ်။

ကိုယ်ပိုင်ဖက်ရှင်ဖန်တီးချင်သူတစ်ယောက်သည် အရောင်အတွဲအစပ်ကိုလည်း သေချာလေ့လာထားဖို့လိုပါလိမ့်မယ်။ အရောင်များသည် ဟာမိုနီဖြစ်နေမှသာ သင့်ရဲ့ဖက်ရှင်သည်လည်း မျက်စိပသာဒဖြစ်မှာဖြစ်ပြီး လူအများ ကြိုက်နှစ်သက်ကြမှာပါ။

ဒါဆိုရင် ဖက်ရှင်ချစ်သူများအတွက် သိထားသင့်တဲ့အရောင်အတွဲအစပ်များကို ဖော်ပြပေးလိုက်ရပါတယ်။

သဘာဝအရောင်များကို များများဝတ်ဆင်ပါ

colour combination for men

အရောင်အတွဲအစပ်များကို သေချာလိုက်ဖက်စွာတွဲစပ်ဖို့ဆိုရင် အခြေခံကျတဲ့သဘာဝအရောင်များကို သိထားဖို့လိုအပ်ပါလိမ့်မယ်။ ထိုအရောင်များကတော့ အဖြူရောင်၊ မီးခိုးရောင်၊ အမဲရောင်၊ အညိုရောင်၊ အပြာဖျော့၊ ကာကီရောင်၊ သံလွင်စိမ်းရောင်နှင့် နေဗီပြာရောင်တို့ပါပဲ။

အဖြူရောင်ကို အရင်ဆုံးလေ့လာကြည့်လိုက်ရအောင်

colour combination for men

အဖြူရောင်နဲ့ လိုက်ဖက်တဲ့အရောင်များကတော့ အညိုရောင်၊ မီးခိုးရောင်၊ အနက်ရောင်၊ အပြာရောင်နှင့် အပြာရောင် အရောင်ကွဲများ စသည်တို့ပါပဲ။ အဖြူရောင် ဝတ်တဲ့အခါ သတိထားရမှာကတော့ ကြပ်ထုပ်လွန်းသော အဖြူရောင်တီရှပ်ဝတ်ဆင်ခြင်း၊ ညစ်ပတ်သော အဖြူရောင်ရှပ်များ ဝတ်ဆင်ခြင်းတို့ကို ရှောင်ကြဉ်ရပါမယ်။

အနက်ရောင်

colour combination for men colour combination for men

အနက်ရောင် ဝတ်ဆင်သော ယောကျာ်းများသည် ဆွဲဆောင်မှုရှိပြီး မိမိုက်နေတတ်ကြပါတယ်။ ဒါပေမဲ့ အနက်ရောင်ကို အပြာရောင်နဲ့ တွဲပြီး မဝတ်ဆင်ပါနဲ့။ ထိုအရောင်နှစ်မျိုးသည် ဆင်တူဖြစ်နေလို့ပါ။ ဒါပေမဲ့ သင့်အပြာရောင်သည် အပြာရောင်တောက်တောက်ဆိုရင်တော့ ပြဿနာမရှိပါဘူး။

မီးခိုးရင့်ရောင်

colour combination for men

မီးခိုးရင့်ရောင်နဲ့ လိုက်ဖက်တဲ့အရောင်တွေကတော့ အပြာရောင်၊ အနီရောင်၊ အညိုရောင်နဲ့ အနက်ရောင်တို့ပဲဖြစ်ပါတယ်။ မီးခိုးရင့်ရောင်ကို ဖိနပ်အဖြစ်ရွေးချယ်ဝတ်ဆင်မယ်ဆိုရင်တော့ ဂျင်းဘောင်းဘီနဲ့ ပိုမိုလိုက်ဖက်ပါတယ်။

အညိုဖျော့ရောင်

colour combination for men

အညိုဖျော့ရောင်နဲ့ လိုက်ဖက်တဲ့အရောင်တွေကတော့ အညိုရင့်ရောင်၊ အပြာရောင်နဲ့ အနီရောင်တို့ပဲဖြစ်ပါတယ်။ အညိုရောင်ဂျက်ကတ်နဲ့ အလိုက်ဖက်ဆုံးကးတော့ အပြာရောင်ဂျင်းဘောင်းဘီပါပဲ။

အပြာရင့်ရောင်

colour combination for men

အပြာရင့်ရောင်ကိုတော့ မီးခိုးဖျော့ရောင်၊ ခရင်မ်အရောင်၊ အဖြူရောင်၊ အစိမ်းရောင်တို့ပါပဲ။ အရောင်တောက်တောက်ဖန်တီးချင်တယ်ဆိုရင်တော့ ရွှေရောင်၊ အဝါရောင်၊ လိမ္မော်ရောင်တို့နဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

Source: Alexrighetto.it

Featured Image Source: Tekno-temps.com