Comfort Zone သည် သက်သောင့်သက်သာရှိပြီး ပျော်ရွှင်ဖွယ်ကောင်းသော နေရာတစ်ခုဖြစ်ပေမယ့် အနေကြာ သွားတဲ့အခါ ဘာဖြစ်သွားတတ်သလဲ ဆိုတာကို ကွီးတို့ သိပြီးကြပါပြီလား။

Comfort Zone ထဲမှာ ဘဝကြီးသည် အေးအေးဆေးဆေးဖြင့် ဖြတ်သန်းနိုင်ပြီး စိတ်ဖိစီးမှုများ၊ စိတ်ညစ်စရာများ မရှိတဲ့နေရတစ်ခုဖြစ်ပါတယ်။ သက်သောင့်သက်သာရှိတဲ့ ထိုနေရာထဲမှာပဲ နေချင်တာကတော့ လူသားတိုင်းလိုလိုပါပဲ။ ဘဝကြီးက သက်သောင့်သက်သာဖြစ်နေချိန်မှာ ဘာကြောင့် အရာအားလုံးကို ပြောင်းလဲပစ်ချင်နေတာလဲ လို့ တွေးနေမိကြမှာပဲ မဟုတ်လား။

ထိုသက်သောင့်သက်သာဖြစ်တဲ့ နေရာမှ နေရတာ ပျော်ရွှင်ဖွယ်ကောင်းပေမယ့် အချိန်အကြာကြီး မနေသင့်ပါဘူး။ တကယ်လို့ ကွီးတို့အနေနဲ့ Comfort Zone ထဲက ရုန်းမထွက်နိုင်ဘဲ အနေကြာ သွားမယ်ဆိုရင်တော့ အခုဖော်ပြမယ့် ဆိုးကျိုးများ ခံစားရနိုင်ပါတယ်။

သင့်ရဲ့အရည်အချင်းများ တိုးတက်လာမှာမဟုတ်ဘူး

Comfort Zone အနေကြာ

အောင်မြင်တဲ့ အဆိုတော်ဖြစ်ချင်ပြီး သီချင်းဆိုလည်း ကောင်းတဲ့ လူတစ်ယောက်သည် သီချင်းပြိုင်ပွဲများကို ဝင်မပြိုင်ဘဲ အိမ်မှာပဲ တစ်ယောက်တည်း သီချင်းဆိုနေမယ်ဆိုရင်တော့ သူ့ရဲ့ဘဝမှာ ဘာမှ ပြောင်းလဲမှုရှိမှာမဟုတ်ပါဘူး။ ကိုယ့်ဘဝအတွက် တိုးတက်ဖို့ရန်နှင့် အောင်မြင်ဖို့ရန်အတွက် ကိုယ်ကိုယ်တိုင်ပဲ ပြောင်းလဲပစ်ရမှာဖြစ်ပါတယ်။ ထိုကဲ့သို့ ပြောင်းလဲဖို့ရန်အတွက်ဆိုရင် Comfort Zone ထဲမှာ အနေကြာ နေလို့မရပါဘူး။ ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးကာ ထိုနေရာကနေ ရုန်းထွက်ရပါမယ်။ ဒါမှ ကိုယ့်ရဲ့အိပ်မက်များ အကောင်အ ထည်ဖော်သွားမှာဖြစ်ပါတယ်။

နို့မဟုတ်ရင်တော့ သင့်ရဲ့အရည်အချင်းများသည်လည်း နေရာတစ်နေရာမှာပဲ ရပ်တန့်နေပြီး ဘယ်တော့မှ တိုးတက်လာမှာမဟုတ်တော့ပါဘူး။

ကိုယ့်ရဲ့ မြှုပ်နေတဲ့ ပါရမီများကို ရှာတွေ့နိုင်မှာမဟုတ်ဘူး

Comfort Zone အနေကြာ

လူတိုင်းမှာ တိမ်မြှုပ်နေတဲ့ ပါရမီ (သို့) ကိုယ်ပိုင်အရည်အချင်းတစ်ခုစီ ရှိတတ်ကြပါတယ်။ ထိုအရည်အချင်းကို ဘယ်အချိန်မှာ တွေ့နိုင်မလဲဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်မှုတွေ ပြုလုပ်မှ တွေ့နိုင်မှာဖြစ်ပါတယ်။ သက်သောင့်သက်သာရှိတဲ့နေရာမှာပဲ ထိုင်နေမယ်ဆိုရင်တော့ သင့်ရဲ့ပါရမီတွေကို တွေ့မြင်နိုင်မှာမဟုတ်ပါဘူး။ စိန်ခေါ်မှုတိုင်းအတွက် အမြဲတမ်းအဆင်သင့်ပြင်ထားသင့်ပြီး ကိုယ့်ရဲ့အရည်အချင်းသစ်များကို ရှာဖွေသင့်ပါတယ်။

စိန်ခေါ်မှုများကို ကြောက်ရွံ့ပြီး ထိုအရာကို ငြင်းပယ်နေမယ်ဆိုရင်တော့ သင့်အတွက် ဘယ်အခွင့်အလမ်းမှ ရောက်ရှိလာမှာမဟုတ်ပါဘူး။

ဘဝကြီးက ပျင်းရိငြီးငွေ့ဖွယ်ကောင်းလာလိမ့်မယ်

Comfort Zone အနေကြာ

Photo: Fabiomeloni

ဘဝကြီးက စိန်ခေါ်မှုတွေ၊ ကျော်ဖြတ်ရမယ့် အတားအဆီးတွေ ဘာဆိုဘာမှ မရှိဘူးလို့ မြင်ယောင်ကြည့်လိုက်ပါ။ ခဏတဖြုတ်တော့ ပျော်ရွှင်ဖွယ်အတိဖြစ်နေပါလိမ့်မယ်။ သို့သော် တူညီတဲ့အချိန်စက်ဝန်းတစ်ခုတည်းမှာပဲ ပိတ်မိနေပြီး တူညီသောအလုပ်တာဝန်များကိုသာ ပြောင်းလဲခြင်းမရှိဘဲ ထပ်တလဲလဲ လုပ်ဆောင်နေရတယ်လို့ စိတ်ကူးယဉ်ကြည့်လိုက်ပါ။

ဒီအလုပ်ပြီးသွားရင် ဘာဆက်လုပ်ရမယ်၊ ဘာဆက်ဖြစ်မယ်ဆိုတာကို သင့်စိတ်ထဲက အလိုလိုသိနေမှာဖြစ်ပြီး ဘာစိတ်လှုပ်ရှားစရာမှမရှိတဲ့အခါ ဘဝကြီးက ပျင်းရိငြီးငွေ့ဖွယ်ကောင်းလာပါလိမ့်မယ်။

စိတ်လှုပ်ရှားဖွယ်ရာကောင်းစရာတွေ မရှိတော့တဲ့အခါ အတင်းအဖျင်းတွေကို ပြောဆိုနားထောင်မိဖို့ အာရုံပြောင်းမိမှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ သင့်ဘဝကြီးသည် အဆိုးဘက်သို့သာ ပြောင်းလဲနေသွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် Comfort Zone ထဲမှာ အချိန်အကြာကြီး အနေကြာ လို့မရဘဲ ရုန်းထွက်သင့်သမျှ စောစောစီးစီး ရုန်းထွက်သင့်ပါတယ်။

စိတ်ဓာတ် တက်ကြွမှုမရှိတော့ဘူး

Comfort Zone အနေကြာ

တူညီတဲ့အရာတွေကို နေ့စဉ်ထပ်တလဲလဲ လုပ်ဆောင်နေရတဲ့အခါ ရိုးအီလာပါလိမ့်မယ်။ ကြာလာတဲ့အခါ ရှင်သန်ရတဲ့ ဘဝအဓိပ္ပာယ်သည် တဖြည်းဖြည်းပျောက်ဆုံးသွားပြီး စိတ်ဓာတ် တက်ကြွမှုလည်း မရှိတော့ပါဘူး။

ဒီလိုအခြေအနေမျိုး ကြုံတွေ့လာရတဲ့အခါ သင့်မှာ ရွေးချယ်စရာရှိကြောင်း သတိရလိမ့်မယ်။

ထိုပျင်းရိဖွယ်ကောင်းတဲ့ အခြေအနေမှာပဲ ဆက်နေနေမှာလား။ ဒါမှမဟုတ် စိတ်လှုပ်ရှားဖွယ်ရာများကို ဆက်လက်ရှာဖွေနေမလား။

သင် မြန်မြန်ဆုံးဖြတ်ဖို့တော့ လိုပါလိမ့်မယ်။ ဘာ့ကြောင့်လဲဆိုတော့ သင့် ဆုံးဖြတ်ချက် နှောင့်နှေးသွားလေ စိတ်လှုပ်ရှားဖွယ်ရာများနှင့် များများလွဲချော်သွားလေပါပဲ။ လေးလံထိုင်းမှိုင်းနေတဲ့ ဘဝကို မနှစ်မြို့ဘူးဆိုရင်တော့ ထိုနေရာကနေ မြန်မြန်ထွက်ခွာဖို့ ဆုံးဖြတ်ရပါလိမ့်မယ်။

သင့်ကို ဘယ်အရာက ထူးခြားစေသလဲဆိုတာ မေ့မေ့ပျောက်ပျောက်ဖြစ်သွားမယ်

sad man

လူသားများသည် သူတို့ရဲ့ထူးခြားမှုကို Comfort Zone ရဲ့ အပြင်ဘက်မှာ ရှာဖွေတွေ့ရှိနိုင်ပါတယ်။ တကယ်လို့ သင်သည် ထိုနေရာကနေ မထွက်ဘူးဆိုရင်တော့ အခြားသောလူသားများအကြား သင်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားပါလိမ့်မယ်။ မိမိကိုယ်ကို ဘာတန်ဖိုးမှမရှိတဲ့လူတစ်ယောက်အဖြစ် ခံစားရလာမှာဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်အားငယ်လာပါလိမ့်မယ်။

အကြောက်တရားကသာ သင့်ဘဝကို ထိန်းချုပ်နေမယ်

try to get out from comfort zone

စက်ဘီးမစီးတတ်တဲ့ လူတစ်ယောက်ကို ဘာ့ကြောင့် စက်ဘီးမစီးတတ်သလဲလို့ မေးကြည့်လိုက်ပါ။ စက်ဘီးပေါ်က ပြုတ်ကျမှာကြောက်လို့၊ စက်ဘီးစီး သင်နေရင်း ပွန်းပဲ့ဒဏ်ရာ ရမှာကြောက်လို့၊ အသားနာမှာကြောက်လို့ စတဲ့ အကြောင်းပြချက်များ ပေးပါလိမ့်မယ်။ ထိုအကြောင်းပြချက်များသည် ရုတ်တရက်ကြည့်လိုက်ရင်တော့ မဆိုစလောက်အကြောင်းပြချက်လေးတွေပါပဲ။ တကယ်တော့ ထိုအကြောင်းပြချက်ကို ထိန်းချုပ်နေတဲ့အရာကတော့ သင့်ရဲ့အကြောက်တရားပဲ ဖြစ်ပါတယ်။

ယာဉ်မတော်တဆမှုဖြစ်မှာစိုးလို့ ကား မမောင်းဘူး။ ခန္ဓာကိုယ်က ထိခိုက်အနာတရဖြစ်မှာစိုးလို့ ဘာအားကစားမှ မလုပ်ဘူး။ ကိုယ် မရင်းနှီးတဲ့နေရာတစ်ခုခုမှာ လမ်းပျောက်မှာစိုးလို့ ခရီးမထွက်ဘူး။ ထိုအကြောက်တရားများကိုပဲ နေရာပေးထားမယ်ဆိုရင်တော့ သင့်ဘဝကြီးက အဓိပ္ပာယ်မဲ့သွားပါလိမ့်မယ်။

ရည်မှန်းချက်ပန်းတိုင်ဆီသို့ လျှောက်လှမ်းရတာ အချိန်ပိုကြာလာမယ်

man holding trophy

သင်သည် တစ်နှစ်အတွင်းမှာ အောင်မြင်တဲ့ လုပ်ငန်းတစ်ခုကို ပိုင်ဆိုင်ထားချင်ပေမယ့် ကိုယ့်ဘက်က သက်သောင့်သက်သာရှိတဲ့နေရာမှာပဲ ထိုင်နေပြီး စိန်ခေါ်မှုတွေနဲ့ ရင်မဆိုင်ရဲတဲ့အခါ သင့်ရဲ့ စိတ်ကူးအိပ်မက်သည် တစ်နှစ်အတွင်း ဖြစ်လာမှာမဟုတ်ပါဘူး။ သင် အချိန်ဆွဲလေ သင့်ရဲ့ ရည်မှန်းချက် ပန်းတိုင်ဆီသို့ အရောက်သွားရမယ့်အချိန်က ပိုကြာလာလေပါပဲ။

နောင်တတရားတွေနဲ့ ပြည့်နှက်နေမယ်

man regrets

အသက်တဖြည်းဖြည်းရလာပြီး အချိန်နှောင်းသွားတဲ့အခါမှာတော့ ငါ ပျင်းရိခဲ့လေခြင်းဆိုတဲ့ နောင်တတရားများနှင့် ပြည့်နှက်သွားပါလိမ့်မယ်။ ထိုနောင်တတရာမျိုးကို မလိုချင်ဘူးဆိုရင်တော့ သက်သောင့်သက်သာဖြစ်တဲ့နေရာကနေ မြန်မြန်ရုန်းထွက်ရမှာပဲဖြစ်ပါတယ်။

Source: Fitzvillafuerte

Featured Image: Entrepreneur