လူအများစုရဲ့တနေ့မှာ မှတ်ဉာဏ်စွမ်းရည်ကို ထိခိုက်ပျက်စီးစေတဲ့အရာတွေလုပ်မိတက်ကြပါတယ်။ တချို့ကလည်းမသိလို့ဖြစ်စေ သိသိရက်နဲ့ မပြင်နိုင်ကြလို့ဖြစ်စေ ဒီလိုလုပ်ရပ်တွေကိုအမြဲတစေ လုပ်နေမိကြပါတယ်။ဒီနေ့မှာတော့ာ မှတ်ဉာဏ်စွမ်းရည်ကိုအဆိုးဆုံးထိခိုက်ပျက်စေတဲ့ လုပ်ရပ်တစ်ချို့ကို သတိထားဆင်ခြင်မိစေဖို့ ပြောပြပေးချင်ပါတယ်။

(၁) အိပ်ချိန်မလုံလောက်ခြင်း

Source : Shutterstock

ကိုဗစ်ကာလမှာလူတွေရဲ့ အိပ်စက်မှုပုံစံတွေက လုံးဝပြောင်းလဲလာပါတယ်။ ညဘက်မှာကောင်းစွာအိပ်စင်ခြင်းမရှိပဲ ဆိုရှယ်မီဒီယာတွေ ဂိမ်းတွေ ပေါ်မှာအချိန်ကုန်လာကြတာဖြစ်ပါတယ်။ အိပ်စက်ချိန်လုံလောက်မှုမရှိခြင်းက ဦးနှောက်ရဲ့စွမ်းဆောင်ရည်တွေကိုလျော့ကျစေရုံသာမက အာရုံစူးစိုက်ရခက်ခဲပြီး စိတ်ကနာမငြိမ်တဲ့ဝေဒနာကိုပါ ခံစားတက်ပါတယ်။

(၂) ဆေးလိပ်အရက်သောက်သုံးခြင်း

Source : Bonobology.com

စာဖတသူဟာဆေးလိပ်အရက် ပုံမှန်သောက်သုံးသူတစ်ယောက်လား။ ဆေးလိပ် အရက်မှာပါဝင်တဲ့ဓာတုပစ္စည်းတွေက မှတ်ဉာဏ်စွမ်းရည်ကို တဖြေးဖြေးပျက်စီးလာစေပါတယ်။ ဒါတင်မကသေးပါဘူး စိတ်ဓာတ်ကျခြင်းကိုယ်ခံအားကျခြင်း အဆုတ် နှလုံးကဲ့သို့ မားမားကျန်းမာရေးပြဿနာတွေပါကြုံတွေ့ရနိုင်ပါတယ်။ဒါကြောင့်ဆေးလိပ်အရက်ကိုတက်နိုင်သလောက်လျော့သောက်ဖို့အကြံပြုချင်ပါတယ်။

(၃) မနက်စာမစားခြင်း

Source : Medical News Today

မနက်စာမစားခြင်းက မှတ်ဉာဏ်နဲ့ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကိုကျဆင်းစေတဲ့အဓိကအကြောင်းအရင်းတစ်ချက်ပါ။ မနက်စာမစားခြင်းကြောင့် မှတ်ဉာဏ်စွမ်းရည်ကျဆင်းစေပြီး အရွှယ်မတိုင်ခင် မေ့လျော့တက်တဲ့ပြဿနာကိုပါ ကြုံတွေ့လာနိုင်ပါတယ်။ဒါကြောင့် ကိုယ့်ရဲ့ မှတ်ဉာဏ်စွမ်းရည်တွေတဖြည်းဖြည်းမပျက်စီးလာစေဖို့ မနက်စာပုံမှန်စားသုံးပေးဖို့အကြုံပြုချင်ပါတယ်။

(၄) စိတ်ဖိစီးမှုများခြင်း

Source : Istock

နေ့စဉ်ဘဝရဲ့ စိတ်ဖိစီးမှုတွေကို လျစ်လျူရှု့မထားသင့်ပါဘူး။ဘာကြောင့်လဲဆိုရင် မှတ်ဉာဏ်စွမ်းရည်ကိုအဆိုးဆုံးထိခိုက်ပျက်စေတဲ့အရာတွေထဲမှာလည်း စိတ်ဖိစီးမှုများခြင်း ကအဓိကအကြောင်းအရင်းတစ်ရပ်ဖြစ်နေလို့ပါ။ ဒါကြောင့် ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ စိတ်ရဲ့ကျန်းမာရေးကိုအထူးဂရုစိုက်ပြီး စိတ်ဖိစီးမှုနည်းအောင် အတက်နိုင်ဆုံးနေထိုင်ဖို့အကြံပြုချင်ပါတယ်။ စိတ်ဖိစီးမှုတွေကိုတားဆီးပေးနိုင်မယ့် ယောဂကစားခြင်း တရားထိုင်ခြင်းကဲ့သို့ အလေ့ကျင့်မျိုးတွေလုပ်ဆောင်ပေးသင့်ပါတယ်။

Featured Photo : Forbes