လူအများစုနေ့စဉ်လုပ်ဆောင်နေတဲ့အရာတွေထဲမှာ မှတ်ဉာဏ်စွမ်းရည်ကိုဆိုးဆိုးရွှားရွှားထိခိုက်ပျက်စီးစေတဲ့ အရာတွေအများကြီးပါပါတယ်။ လက်တလောမှာမသိသာပေမယ့် ရေရှည်ဒီအလေ့အကျင့်ဆိုးတွေကို လုပ်ဆောင်နေမိမယ်ဆိုရင် သင့်ရဲ့ မှတ်ဉာဏ်စွမ်းရည်ကလည်းတစထက်တစ ချို့ယွင်းပျက်စီးလာမှာပါ။ဒါကြောင့် တချို့သောအလေ့အကျင့်ဆိုးတွေကို အချိန်မှီရပ်တန့်နိုင်ဖို့ ရှောင်ကျဉ်သင့်တဲ့အရာတွေကိုပြောပြပေးပါမယ်။
(၁) ဆေးလိပ်သောက်ခြင်း
Source : Shutterstock
လေ့လာမှုတွေအရ ဆေးလိပ်သောက်သူတွေဟာ လူတွေရဲ့ နာမည်တွေနဲ့မျက်နှာတွေကို မှတ်သားရခက်ကြတယ်လို့ဆိုပါတယ်။ဘာကြောင့်လဲဆိုရင်ဆေးလိပ်သောက်ခြင်းကြောင့် ဦးနှောက်ကိုအောက်ဆီဂျင်ပေးပို့မှုလျော့နည်းသွားပြီး မှတ်ဉာဏ်စွမ်းရည်ကိုထိခိုက်လာစေလို့ပါ။ ဆေးလိပ်မှာပါဝင်တဲ့ ဓာတုပစ္စည်းတွေကလည်း မှတ်ဉာဏ်ကိုဆိုးဆိုးရွှားရွှားပျက်စီးစေတာဖြစ်ပါတယ်။
(၂) အိပ်ရေးပျက်ခြင်း
Source : Shutterstock
မှတ်ဉာဏ်စွမ်းရည်ကို ထိခိုက်ပျက်စီးစေတဲ့အရာတွေထဲမှာ အကြီးမားဆုံးကတော့ အိပ်ရေးပျက်တာပါပဲ။ အိပ်ရေးပျက်တဲ့ရက်တွေများလာတဲ့အခါ စိတ်မရွှင်မလန်းဖြစ်လာပြီး ဦးနှောက်နဲ့ မှတ်ဉာဏ်စွမ်းရည်ကိုပါထိုးကျစေပါတယ်။ အိပ်စက်ချိန်နည်းလွန်းခြင်း ညဘက်တွေမကြာခဏလန့်နိုးခြင်း စတဲ့အရာတွေကလည်း ဦးနှောက်နဲ့ မှတ်ဉာဏ်ကိုထိခိုက်စေတာကြောင့် နှစ်ခြိုက်စွာအိပ်ပျော်စေမယ့် အလေ့အကျင့်ကောင်းတွေကိုလုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်။
(၃) စိတ်ပိုင်းဆိုင်ရာခံစားမှုများခြင်း
Source : Shutterstock
စိတ်ခံစားမှုနဲ့ဆိုင်တဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကလည်း မှတ်ဉာဏ်စွမ်းရည်ကိုဆုံးရှုံးစေနိုင်ပါတယ်။ စိတ်ဖိစီးမှုများခြင်း စိတ်ဓာတ်ကျခြင်း စိုးရိမ်စိတ်လွန်ကဲခြင်းစတဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေခံစားနေရရင် အာရုံစူးစိုက်ဖို့လည်းခက်ခဲလာပြီး မှတ်ဉာဏ်ကိုထိခိုက်လာမှာဖြစ်ပါတယ်။ဒါကြောင့် စိတ်ကျန်းမာရေးကိုအထူးဂရုစိုက်ပြီး စိတ်ဖိစီးမှုကင်းစေဖို့ ယောဂကစားခြင်းကဲ့သို့ အလေ့ကျင့်မျိုးတွေလုပ်ဆောင်ပေးသင့်ပါတယ်။
(၄) မနက်စာမစားခြင်း
Source : Shutterstock
နေ့တစ်နေ့ကိုစတင်ချိန်မှာ အာဟာရပြည့်ဝတဲ့မနက်စာကိုမဖြစ်မနေစားသုံးပေးသင့်ပါတယ်။ မနက်စားဟာ ခန္ဓာကိုယ်အတွက်စွမ်းအင်တွေကိုမြှင့်တင်ပေးပြီး စိတ်ကြည်လင်လန်းဆန်းစေကာ တစ်နေ့တာကိုအားအင်အပြည့်နဲ့ ဖြတ်သန်းနိုင်ဖို့ ကူညီပေးပါတယ်။ အကယ်၍မနက်စာမစားဘူးဆိုရင် သင့်ရဲ့ခန္ဓာကိုယ်မှာရှိသင့်တဲ့ စွမ်းအင်တွေလည်းရှိလာနိုင်မှာမဟုတ်သလို ဦးနှောက်နဲ့ မှတ်ဉာဏ်စွမ်းရည်ကို ပျက်စီးလာစေမှာဖြစ်ပါတယ်။