သင်က အိပ်နေရင်းဟောက်တက်တဲ့ အကျင့်ရှိလာ။ တစ်ခုသိထားရမှာက ဒီပြဿနာနဲ့ရင်ဆိုင်နေရတာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ အရွယ်ရောက်ပြီး လူတွေရဲ့တစ်ဝက်ကျော်က ဟောက်ကြလေ့ရှိပါတယ်။ ဒီလို အိပ်နေစဉ်ဟောက်တာက မိမိကိုယ်ကိုသော်လည်းကောင်း သူတပါးကိုသော်လည်းကောင်း အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒီနေ့တော့ ဘာကြောင့် အိပ်နေစဉ်ဟောက်ရတာလဲဆိုတာကို ပြောပြပေးသွားမှာပါ။

(၁) အိပ်နေစဉ် အသက်ရှူလမ်းကြောင်း ပိတ်ဆို့သွားခြင်း (obstructive sleep apnea)

Source: HelpGuide.org

အိပ်နေစဉ် အသက်ရှူလမ်းကြောင်း ပိတ်ခြင်းကြောင့် အိပ်နေတုန်း မကြာခဏအသက်ရှူရပ်သွားတာမျိုးဖြစ်နိုင်ပါတယ်။။ အဲဒီဖြစ်စဉ်ဟာ ညဘယ်အချိန်မှာမဆို ဖြစ်နိုင်ပါတယ်။ အဲဒီ အသက်ရှူလုပ်ငန်းမှာ အနှောင့်အယှက်ဖြစ်တာက ဦးနှောက်ကိုပါ သက်ရောက်မှုရှိနိုင်ပြီး ဦးနှောက်ကြွက်သားတွေကို လျော့ရဲစေနိုင်ပါတယ်။ နောက်ပိုင်းမှာ ဦးနှောက်နဲ့ဆိုင်တဲ့ ရောဂါတွေကိုပါ ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါနဲ့ ဆက်စပ်နေတဲ့ နောက်ထပ်အရာတစ်ခုကတော့ အိပ်နေရင်းဟောက်ခြင်းပါပဲ။

(၂) အဝလွန်ခြင်း

Source: MyMed

အဝလွန်တဲ့ လူတွေမှာ Type 2 ဆီးချိုရောဂါ၊ နှလုံးရောဂါနဲ့ ကင်ဆာရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ အဝလွန်ရောဂါရှိသူတွေဟာ အိပ်နေရင်းဟောက်တတ်ပါတယ်။ ဒါဟာ သူတို့ရဲ့ လည်ပင်းကြွက်သားတွေ ကြီးလာပြီး အသက်ရှူလမ်းကြောင်းနဲ့ လေလမ်းကြောင်းကို သွားပိတ်မိလို့ပဲ ဖြစ်ပါတယ်။

(၃) နှာခေါင်းအမြှေးပါး တိမ်းစောင်းနေခြင်း

Source: The Mirror

နှာခေါင်းနှစ်ဖက်ကြားက ခြားထားတဲ့ အရိုးနုလေးနဲ့ အလွှားပါးလေး တိမ်းစောင်းနေတဲ့ ရောဂါအခြေအနေတစ်မျိုးဖြစ်ပါတယ်။ ဒီရောဂါရှိသူရဲ့ နှာခေါင်းပေါက်တစ်ဖက်ဟာ ကျန်တစ်ဖက်ထက် ပိုကျယ်နေပါလိမ့်မယ်။ အဲဒီလိုလူတွေဟာလည်း အိပ်နေစဉ်ဟောက်ခြင်း၊ ယောင်ရမ်းပြောဆိုခြင်းနဲ့ အိပ်နေရင်း လမ်းထလျှောက်ခြင်း စတဲ့ လက္ခဏာတွေရှိနိုင်ပါတယ်။

(၄) နှာခေါင်းတွင်း အကျိတ်ပေါက်ခြင်း

Source: YouTube

ဒီဖြစ်စဉ်ကတော့ နှာခေါင်းအတွင်းနံရံတွေမှာ အကျိတ်လေးတွေပေါက်ရာကနေ အသက်ရှူလမ်းကြောင်း ပိတ်ဆို့မိတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။ ပန်းနာရင်ကြပ်သမားတွေမှာ ရှိနေနိုင်ပြီး ဓာတ်မတည့်တာကို ရှူမိရင်လည်း ဖြစ်ပွားနိုင်ပါတယ်။ နှာခေါင်းတွင်း အကျိတ်လေးတွေဟာ အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့သည်အထိ ကြီးထွားလာနိုင်ပြီး ဒီရောဂါရှိသူဟာလည်း အမြဲလိုလို နှာစေး၊ နှာပိတ်နေပါလိမ့်မယ်။ နောက်ဆက်တွဲဆိုးကျိုးတစ်ခုကတော့ အိပ်နေရင်းဟောက်ခြင်းပါပဲ။