ဘယ်သူမဆို ချမ်းသာချင်ကြတာပါပဲ။ ကိုယ်က ချမ်းသာတဲ့ အဆင့်မရောက်သေးရင်တော့ ကြွယ်ဝချမ်းသာသူတွေဆီက အတုယူသင့်ပါတယ်။ အထူးသဖြင့် ပိုက်ဆံနဲ့ ပတ်သက်လို့ ချမ်းသာတဲ့ သူတွေ ဘယ်လို သဘောထားကြသလဲဆိုတာ သိအောင် လုပ်သင့်ပါတယ်။

(၁) ချမ်းသာသူတွေက အနာဂါတ်အတွက် ငွေစုဖို့ မမေ့ဘူး

Photo: Freepik

ချမ်းသာကြွယ်ဝသူတွေဟာ ပိုက်ဆံရှိတိုင်း သုံးဖြုန်းနေတာ မဟုတ်ပါဘူး။ သူတို့ဟာ နောင်တစ်ချိန်အတွက် ကြိုစဉ်းစားထားပြီး အနာဂါတ်အတွက် ငွေစုဆောင်းကြပါတယ်။ ငွေစုတတ်တဲ့ အကျင့်ကိုလည်း အားပေးကြပါတယ်။

(၂) ကိုယ့်ကိုယ်ကို ရင်းနှီးမြှပ်နှံကြတယ်

Photo: Freepik

ပိုက်ဆံချမ်းသာလာသူတွေဟာ ငွေကြေးစုဆောင်းမှုအပြင် ရင်းနှီးမြှပ်နှံမှုလည်း လုပ်ဖို့ မမေ့ကြပါဘူး။ တကယ်တော့ ချမ်းသာကြွယ်ဝသူတွေဟာ ငွေတင် ရင်းနှီးမြှပ်နှံတာလားဆိုတော့ မဟုတ်ပါဘူး။ ပညာရေးနဲ့ ကိုယ်ရည်ကိုယ်သွေး တိုးတက်ရေးအတွက်မှာလည်း မြှပ်နှံမှုလုပ်ကြပါတယ်။

(၃) ဈေးပေါတာပဲ မရွေးချယ်ကြဘူး

Photo: Freepik

ချမ်းသာသူတွေဆီက အတူယူဖို့ကောင်းတဲ့ အရည်အသွေးတစ်ခုက ရှေ့ရေးကို ကြည့်ပြီးမှ ပစ္စည်းဝယ်တာပဲ ဖြစ်ပါတယ်။ ရေရှည်သုံးမယ့် အသုံးအဆောင်ပစ္စည်းတစ်ခုခု ဝယ်ရာမှာ ဈေးအနည်းအများထက် အရည်အသွေးနဲ့ အသုံးဝင်မှုကို ကြည့်ပြီး ငွေသုံးစွဲပါတယ်။

(၄) ငွေကို ချင့်ချိန်သုံးစွဲတယ်

Photo: Freepik

ကိုယ့်ဒူးကိုယ်ချွန်နဲ့ ချမ်းသာတယ်ဆိုတဲ့ လူတွေဟာ ငွေကို လက်လွတ်စပယ်မသုံးပါဘူး။ ရံဖန်ရံခါဆိုသလို တစ်ရက်တည်းနဲ့ ငွေသိန်းချီ သုံးပစ်နိုင်ပါတယ်။ ဒါကလည်း သူတို့ရှာနိုင်တဲ့ အနေအထားနဲ့ ချိန်ပြီးမှ သုံးတာ ဖြစ်ပါတယ်။ ငွေရှာဖို့ ကျပ်လာချိန်မှာ ငွေကို စည်းစနစ်နဲ့ သုံးစွဲဖို့လည်း ဘယ်တော့မှ မမေ့ကြပါဘူး။