“ပျော်ရွှင်တဲ့ဘဝ ရဖို့ လိုအပ်တဲ့အရာ တကယ် နည်းပါတယ်။ အားလုံးဟာ သင့်ကိုယ်တွင်းထဲမှာ ရှိပါတယ်။ အဲ့ဒါက သင့်ရဲ့ တွေးခေါ်မှုပုံစံပါပဲ။”လို့ ရောမအင်ပါယာပြည့်ရှင် မားကပ်စ် ဩရယ်လီးယပ်စ်က ပြောဖူးပါတယ်။ အခုခေတ်မှာ လူမှုအသုံးအဆောင်တွေ အကြီးအကျယ်ပေါ်များလာပေမယ့် ပျော်ရွှင်မှုရေချိန်အနေနဲ့ သိသိသာသာ နိမ့်ကျလာနေပါတယ်။ မပျော်ရွှင်နိုင်ခြင်းဟာ ခေတ်သစ်လူ့ဘဝရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုလို့တောင် ဆိုနိုင်ပါတယ်။ လူတစ်ယောက် ပျော်နိုင်သလား/မပျော်ဘူးလားဆိုတာကို ဒီအချက်လေးတွေ ကြည့်ပြီး သိနိုင်ပါတယ်။
(၁) Perfect သိပ်ဖြစ်ချင်တယ်

Photo: Freepik
ပျော်ဖို့အတွက် ပြီးပြည့်စုံဖို့ မလိုပါဘူး။ ကိုယ့်ကိုယ်ကိုယ် အလိုမကျနိုင် ဖြစ်သူဟာ ပျော်ရွှင်ဖို့အတွက် မဖြစ်နိုင်တော့ပါဘူး။ ပျော်ချင်ရင် တချို့ ချို့ယွင်းချက်လေးတွေ လက်ခံပေးဖိူ့ လိုပါတယ်။
(၂) Negative သံတွေအကြား နေထိုင်တယ်

Photo: Freepik
လူအချင်းချင်း ပေါင်းဖက်ကြတယ်ဆိုပေမယ့် ကိုယ့်အပေါင်းအသင်းနဲ့ ပတ်ဝန်းကျင်ကိုလည်း သေချာရွေးချယ်ထားဖို့ လိုပါတယ်။ အဆိုးမြင်တဲ့သူတွေ ၊ တော်ရုံနဲ့ မကျေနပ်နိုင်ဘဲ ဇီဇာကြောင်တဲ့သူတွေနဲ့ ပေါင်းမယ်ဆို ကိုယ်လည်း ပျော်ပျော်ရွှင်ရွှင် နေနိုင်ဖို့ ခက်ပါလိမ့်မယ်။
(၃) အတိတ်နဲ့ အနာဂါတ်မှာပဲ အနေများတယ်

Photo: Freepik
ပျော်ချင်ရင် လက်ရှိအခြေအနေကို ကျေနပ်တတ်ဖို့ လိုပါတယ်။ ပြီးခဲ့တဲ့ အတိတ်ဆိုတာ နာကျင်စရာမှတ်ဉာဏ်တွေနဲ့ ဆုံးရှုံးသွားတဲ့ အခွင့်အရေးတွေ အများဆုံးကျန်ခဲ့တဲ့ နေရာဖြစ်ပါတယ်။ အနာဂါတ်ဆိုတာကတော့ မရေရာမှုတွေနဲ့ ပြည့်နေဆဲ ဖြစ်လို့ သေချာတဲ့ ပစ္စုပ္ပန်အခြေအနေမှာပဲ ပျော်အောင် နေသင့်ပါတယ်။
(၄) တခြားသူတွေနဲ့ နှိုင်းယှဉ်လွန်းတယ်

Photo: Freepik
မပျော်မရွှင်ဖြစ်သူတွေမှာ နောက်ထပ် အတွေ့များတဲ့ အကျင့်တစ်ခုက ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်ခြင်းပဲ ဖြစ်ပါတယ်။ တခြားသူတွေနဲ့ နှိုင်းယှဉ်တာဟာ ဘယ်တော့မှ စိတ်ချမ်းသာဖို့ အကြောင်းမမြင်ပါဘူး။
