ကျန်းမာရေးဆိုတာကတော့ ကျားမ မရွေး/လူကြီးလူငယ်မရွေး ဂရုစိုက်ရမယ့် အရေးကြီးဆုံး အရာတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ယောကျာ်းလေး တော်တော်များများက ကျန်းမာရေးနဲ့ ပတ်သတ်ရင် လျစ်လျူရှု့မိကြတာက များပါတယ်။ ဆေးရုံဆေးခန်းဆိုတာလည်း ဖျားနာချိန်လောက်ပဲ ရောက်ဖြစ်ကြတာပါ။ တကယ်တော့ ကျန်းမာရေးဆိုတာ ကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းကပိုပြီး မှန်ကန်တဲ့နည်းလမ်းတစ်ခုဖြစ်တာကြောင့် ကျန်းမာရေးနဲ့ ပတ်သတ်ပြီး အမြဲစစ်ဆေးမှုတွေ ပြုလုပ်နေဖို့ မဖြစ်မနေလိုအပ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ အသက်အရွယ်မရွေး အဖြစ်များတဲ့ အမျိုးသားတို့ရဲ့ ကျန်းမာရေးဆိုင်ရာ ထိပ်တန်းပြဿနာများကို ကြိုတင်စစ်ဆေး ကာကွယ်နိုင်ဖို့ ပြောပြပေးချင်ပါတယ်။

(၁) နှလုံးရောဂါ

 Heart disease
Photo : Medical News Today

အမျိုးသားတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ ကျန်းမာရေးပြဿနာတစ်ခုက နှလုံးရောဂါပါပဲ။ နှစ်စဉ် အမျိုးသားတွေမှာ တခြားရောဂါနဲ့ သေဆုံးခြင်းထက် နှလုံးရောဂါနဲ့ သေဆုံးမှုက အများဆုံးဖြစ်ပါတယ်။ ဒါကြောင့် နှလုံးကျန်းမာရေးနဲ့ ပတ်သတ်ပြီး ပုံမှန်စစ်ဆေးစမ်းသပ်မှုတွေ ခံယူသင့်ပါတယ်။ နှလုံးကျန်းမာရေးကို ကောင်းမွန်စေဖို့ ကျန်းမာရေးနဲ့အညီ စားသုံးတာ ၊ ဆေးလိပ်ဖြတ်တာ ၊ လေ့ကျင့်ခန်းပုံမှန်လုပ်တာ ၊ စိတ်ဖိစီးမှုလျော့ချတာတွေလည်း လုပ်ဆောင်သင့်ပါတယ်။

(၂) ကင်ဆာ

Male doctor and testicular cancer patient are discussing about testicular cancer test report. Testicular cancer and prostate cancer concept.

Photo : iStock

CDC ရဲ့အဆိုအရတော့ အမျိုးသားတွေမှာ ဒုတိယသေဆုံးမှုအများဆုံး ရောဂါပြဿနာက ကင်ဆာလို့ ဆိုပါတယ်။ အမျိုးသားတွေမှာ အဖြစ်များတဲ့ ကင်ဆာရောဂါတွေကတော့ အရေပြား၊ ဆီးကျိတ်၊ အူမကြီးနဲ့ အဆုတ်ကင်ဆာတို့ ဖြစ်ပါတယ်။ ကင်ဆာရောဂါကို ကာကွယ်နိုင်ဖို့ဆိုရင်တော့ ကျန်းမာတဲ့လူနေမှုပုံစံကိုမွေးမြူပြီး ကင်ဆာဆိုင်ရာ ကျန်းမာရေးစစ်ဆေးမှုတွေ ပုံမှန်လုပ်ပေးရမှာ ဖြစ်ပါတယ်။ ကင်ဆာအားပေးတဲ့ ပြုပြင်ထားတဲ့အသားများ ၊ အနီရောင်အသားများ ၊ ဆေးလိပ် ၊ အရက်တွေကိုလည်း တက်နိုင်သလောက်လျော့ချဖို့ အကြံပြုချင်ပါတယ်။

(၃) လိင်ပိုင်းဆိုင်ရာကျန်းမာရေး

Erectile dysfunction
Photo : Dr. Richard Natale

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေဟာလည်း အမျိုးသားတစ်ယောက်အတွက် အင်မတန်အရေးကြီးပါတယ်။ ၇၅ ရာခိုင်နှုန်းသော အမျိုးသားတွေဟာ လိင်အင်္ဂါနဲ့ သက်ဆိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို ကြုံတွေ့နေရပြီး အများစုကတော့ သုက်လွှတ်မြန်ခြင်း ၊ လိင်တံမထောင်မတ်နိုင်ခြင်း ၊ လိင်စိတ်နည်းပါးခြင်း စတဲ့ပြဿနာတွေ အဖြစ်များကြပါတယ်။ အမျိုးသားတွေအနေနဲ့ လိင်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတွေကို နားလည်တက်ကျွမ်းတဲ့ ပညာရှင်တွေနဲ့ သေချာစမ်းသပ်ကုသမှုခံယူဖို့လိုပြီး အိပ်ချိန် ၊ အစားအသောက် ၊ လေ့ကျင့်ခန်း ၊ စိတ်ဖိစီးမှု စတာတွေကို ဂရုစိုက်မယ်ဆိုရင် ပြီးပြည့်စုံတဲ့ လိင်မှုဘဝရနိုင်မှာ ဖြစ်ပါတယ်။

(၄) စိတ်ကျရောဂါ

Young depressed man sitting on floor

Photo : iStock

အမျိုးသားတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုလည်း အထူးဂရုစိုက်ဖို့လိုပါတယ်။ စိတ်ကျရောဂါရဲ့ နောက်ဆက်တွဲကတော့ အသက်အန္တရာယ်ကိုပါ စိုးရိမ်ရတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့ရနိုင်တာပဲ ဖြစ်ပါတယ်။ သုတေသနပြုချက်တွေအရလည်း အမျိုးသားတွေဟာ စိတ်ကျရောဂါကြောင့် ကိုယ့်ကိုယ်ကို သတ်သေမှုတွေ အများဆုံးလုပ်မိတက်ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို အမြဲစစ်ဆေးသင့်ပြီး စိတ်ကျရောဂါခံစားနေရတယ်လို့ သံသယရှိပါက ဆရာဝန်နဲ့ ဆွေးနွေးစကားပြောတာ ကုသမှုခံယူတာတွေ ပထမအဆင့်လုပ်သင့်ပါတယ်။ ဆေးလိပ် ၊ အရက် ၊ မူးယစ်ဆေးတွေနဲ့ ကင်းအောင်နေပြီး ကျန်းမာတဲ့ လူနေမှုပုံစံပြောင်းလဲခြင်း ၊ အားကစားပုံမှန်လုပ်ခြင်း ၊ အိပ်ချိန်ပြည့်အောင် ဂရုစိုက်ခြင်း စတဲ့အချက်တွေကိုလည်း လိုက်နာဖို့ အကြံပြုချင်ပါတယ်။

Featured Photo : Medical News Today