ခြေအိတ်တွေက သင့်ခြေထောက်တွေကို နွေးထွေးစေရုံတင်မကပါဘူး။ သင့်ရဲ့ ဖက်ရှင် Level ကိုပါ မြှင့်တင်ပေးနိုင်ပါတယ်။ ဒါပေမယ့်လည်း အမျိုးသားတွေ ခြေအိတ်ဝတ်တော့မယ်ဆိုရင် ရှောင်ကြဉ်သင့်တဲ့အချက်လေးတွေ သိထားဖို့ လိုပါတယ်။ ဘယ်လိုအချက်တွေလဲဆိုတာတော့ အောက်မှာ ဖော်ပြလိုက်ပါတယ်။

(၁) ခြေအိတ်အဖြူကို နေရာမှားဝတ်တာ

man with white sock

Photo: Mporter

ခြေအိတ်အရောင်တွေထဲမှာ အဖြူရောင်ဗြောင် Plain Socks တွေ ဝတ်မယ်ဆိုရင် သတိထားဖို့ လိုပါတယ်။ အထူးသဖြင့် Gym ကစားတာ ၊ ကိုယ်လက်လှုပ်ရှား ကျန်းမာရေးလုပ်တာလိုမျိုး Casual Look မှ မဟုတ်ရင် မဝတ်တာ ကောင်းပါတယ်။

(၂) Dress Shoes နဲ့ တွေ့ရာခြေအိတ်ဝတ်တာ

Picking-Mens-Dress-Socks

Photo: thecoolist

ပွဲတက် Dress Shoes တွေဟာ Dress Socks လို့ခေါ်တဲ့ ပွဲတက်ခြေအိတ်မျိုးနဲ့ပဲ ဝတ်ရမှာပါ။ အားကစားသုံး Sports Socks တွေ ၊ တခြား Casual ဆန်တဲ့ ခြေအိတ်တွေမျိုးက ပွဲတက်ဖိနပ်တွေ ၊ Dress Socks တွေနဲ့ လိုက်ဖက်ခြင်း မရှိပါဘူး။

(၃) ကာလာအတွဲအစပ် မှားဝတ်တာ

shoe with sock

Photo: themanual

ခြေအိတ်အရောင်ရွေးမယ်ဆိုရင် အောက်က ဘောင်းဘီနဲ့ အရောင်ချင်းဟပ်မိဖို့ လိုပါတယ်။ ဘောင်းဘီနဲ့ ခြေအိတ်အရောင်ချင်းနီးစပ်ဖို့ Solid Colour ထဲက ရွေးထားသင့်ပါတယ်။ ရိုးရိုး Casual Wear ဆိုရင် ပြဿနာမရှိပေမယ့် ဒီနှစ်ခု အရောင်ချင်းကွာနေရင် လူကို အရပ်ပုသွားတယ်လို့ ထင်စေနိုင်ပါတယ်။

(၄) ခြေအိတ်လိပ်/ခေါက်တာ

folding socks on foot

Photo: prevention

နောက်ထပ် ရှောင်ကြဉ်ရမယ့်အမှားတစ်ခုက ခြေအိတ်တွေကို မလိုအပ်ဘဲ ခြေကျင်းဝတ်နားရောက်အောင် ခေါက်ထားတာမျိုး မလုပ်ဖို့ပါပဲ။ ခြေကျင်းဝတ်နားမှာ ခြေအိတ်အနားတွေ ခေါက်ထားခြင်းဟာ Slim-Fit ကျတဲ့ ဘောင်းဘီနဲ့ မလိုက်ဘဲ ကြည့်ရဆိုးနေတတ်ပါတယ်။

(၅) ဘောင်းဘီတိုနဲ့ ခြေအိတ်ရှည် ဝတ်တာ

how-to-wear-socks-with-shorts

Photo: threadcurve

ဘောင်းဘီတို Shorts တွေ ဝတ်မယ်ဆိုရင် ခြေအိတ်အတိုပဲ ရွေးဝတ်ဖို့ အကြံပေးချင်ပါတယ်။ ခြေအိတ်မပေါ်တဲ့ No-Show Socks တွေဆို ပိုကောင်းပါတယ်။ ဥပမာ- Loafer Socks လိုမျိုး ဖြစ်ပါတယ်။ နွေရာသီလိုမျိုး ဘောင်းဘီတိုနဲ့ ပေါ့ပေါ့ပါးပါး Sneaker စီးသွားချိန်မှာ ခြေအိတ်ဝတ်ချင်ရင် ခြေအိတ်ပျောက် Invisible စတိုင်မျိုး ရွေးပါလို့ အကြံပေးလိုက်ရပါတယ်။

Featured Photo: threadcurve