မိန်းကလေးတွေနဲ့ယောက်ျားလေးအများစုက စိတ်နေစိတ်ထားတွေ တော်တော်များများ ကွဲလွဲကြပါတယ်။ တစ်ချို့အရာတွေက ယောကျာ်းလေးတွေအတွက် သာမာန်ပဲလို့ တွေထားပေမယ့် မိန်းကလေးတွေအတွက် serious ဖြစ်နေတက်တာမျိုးပါ။ဒီနေ့မှာတော့ relationship တစ်ခုတည်ဆောက်ထားတဲ့ ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ချစ်သူမိန်းကလေး စိတ်ပျက်မသွားစေဖို့ ရှောင်ရှားသင့်တဲ့အချက်တွေပြောပြပေးချင်ပါတယ်။

(၁) အချိန်မတိကျခြင်း

Source : Shutterstock

မိန်းကလေးအများစုဟာ အချိန်တိကျမှုနဲ့ ပတ်သတ်ပြီး တော်တော်လေးအလေးထားကြပါတယ်။ချိန်းထားရင်ယောကျာ်းလေးဘက်က အရင်ရောက်နေတာမျိုးကိုလိုလားကြတာပါ။ဒီလိုမှမဟုတ်ဘဲ ချိန်းလိုက်တိုင်း သူမဘက်ကပဲစောင့်ဆိုင်းနေရမယ်ဆိုရင် ကြာလာတဲ့အမျှစိတ်ပျက်လာပြီး လမ်းခွဲတဲ့အထိ အခြေအနေဆိုးသွားနိုင်ပါတယ်။

(၂) ကြိုတင်စီစဉ်မှုမရှိခြင်း

Source : Shutterstock

ဘယ်နေရာမှာဒိတ်မယ် ဘာလုပ်မယ် ဘာစားမယ်ဆိုတာကို မိန်းကလေးတွေအနေနဲ့ စဉ်းစားပေးရတာအတော်လေးမုန်းကြပါတယ်။တစ်ချို့သောယောကျာ်းလေးတွေက ကိုယ့်ချစ်သူသဘောအတိုင်းလုပ်ပေးချင်တာဖြစ်တဲ့အတွက် ဘားမှကြိုတင်စီစဉ်လေ့မရှိကြပါဘူး။တကယ်တော့ မိန်းကလေးတွေကသူတို့သဘောထက် သူတို့အကြိုက်ကိုသိပြီး ကြိုတင်စီစဉ်ထားတာမျိုးလိုလားကြတာပါ။

(၃) အချစ်တွေထုတ်မပြခြင်း

Source : Shutterstock

ယောကျာ်းလေးအများစုက ချစ်တာကိုထုတ်မပြတက်ကြပါဘူး။ကြီးကြီးမားမားလက်ဆောင်တွေ တန်ဖိုးကြီးရတနာပစ္စည်းတွေပေးမှ အချစ်တွေထုတ်ပြလို့ရတာမဟုတ်ပါဘူး။ စကားလုံးလေးတွေနဲ့ဖြစ်စေ အမူအရာနဲ့ဖြစ်စေ ကိုယ့်ရဲ့အချစ်တွေကိုထုတ်ပြတာမျိုး မိန်းကလေးတွေက လိုချင်ကြတာဖြစ်ပါတယ်။နောက်ဆုံး လွမ်းတယ် သတိရတယ်ဆိုတဲ့ Sms လေးတစ်စောင်ကလည်းမိန်းကလေးတွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ရတနာတစ်ခုဖြစ်နိုင်ပါတယ်။

(၄) ရိုးသားမှုမရှိခြင်း

Source : Shutterstock

လိမ်ညာခြင်းတွေက မိန်းကလေးအတွက် အမုန်းဆုံးအရာတွေလို့ပြောရင်မမှားနိုင်ပါဘူး။သူတို့ပိုင်ဆိုင်ထားတဲ့ အချစ်ရေးကို လိမ်ညာမှုကင်းကင်းနဲ့ ယုံကြည်စိတ်ချရတာမျိုးပဲလိုချင်ကြတာပါ။အသေးအမွှားလေးကအစ ရိုးသားမှုမရှိရင် ဒီ relationship တစ်ခုကို ရှေ့ဆက်ဖို့ လက်တွန့်လာပါလိမ့်မယ်။ဒါကြောင့် ဘာပဲဖြစ်ဖြစ်ရိုးသားဖို့လိုအပ်ပါတယ်။

(၅) ကတိမတည်ခြင်း

Source : Shutterstock

မိန်းကလေးတွေအတွက် ကတိကဝတ်တွေကလည်း အင်မတန်အရေးပါပါတယ်။ကတိမပေးနိုင်တာပြဿနာမဟုတ်ပေမယ့် ကတိပေးပြီးလို့ ပေးထားတဲ့ ကတိကိုမတည်နိုင်ရင်တော့ ပြဿနာအကြီးကြီးရှိလာနိုင်ပါတယ်။ဒါကြောင့်ဘာကိစ္စပဲဖြစ်ဖြစ်လွယ်လွယ်ကတိပေးဖို့မသင့်သလို ကတိပေးပြီးရင်လည်း တည်ဖို့ ကြိုးစားရပါမယ်။